ချင်းပြည်နယ် တီးတိန်မြို့နယ်ထဲက ကနေဒီတောင်စခန်းကို ချင်းညီနောင်တပ်ဖွဲ့တွေက ဇန်နဝါရီ ၄ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ဗိုလ်မှူး ၁ ယောက်အပါအဝင် ၂၀ ကျော်ကို ဖမ်းဆီးမိခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိသွားတဲ့ ကနေဒီတောင်စခန်းကို ZOLAND PDF ရဲဘော် Amos Pau က လူမှုကွန်ရက်က တဆင့်  မျှဝေခဲ့ ပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်သား ၁၀ ယောက်ကျော် သေဆုံးပြီး လက်နက် ၃၀ ကျော်သိမ်း ဆည်းရရှိကာ တော်လှန်ရေးရဲဘော် ၂ ယောက်လည်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။ 

Video – Amos Pau

0 Shares:
You May Also Like
Read More

”ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး. မဲမပေးနဲ့ သပိတ်မှောက်”

''ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး. မဲမပေးနဲ့ သပိတ်မှောက်" ‘ရွေးကောက်ပွဲအတု လုပ်လည်း တော်လှန်ရေးက ဆက်ချမယ်’ ''သင့်မဲဖြင့် တရားဝင်လူသတ်ခွင့် မပေးနဲ့''
Read More

နတ်တလင်းတွင် စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သား ၁ ဦး သေပြီး ဆိုင်ကယ် ၄ စီးနှင့် စကားပြောစက် ၁ လုံး သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်ထဲရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Ayeyar NyiNaung စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲအပေါ် လူထုအမြင် (ရုပ်/သံ)

ဒီဇင်ဘာလအတွင်း ပြုလုပ်မယ်လို့ ကြေညာထားတဲ့ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတုအပေါ် မြန်မာပြည်သူလူထုရဲ့ သဘောထားအမြင်ကို Yangon Revolution Force - YRF က ထုတ်ပြန်ထားပါတယ်။
Read More

အမ်းမြို့သိမ်းတိုက်ပွဲပြန် အောင်ပွဲရ စလင်း ပကဖ ရဲဘော်‌တွေကို ပြည်သူများ ကြိုဆို (ရုပ်/သံ)

အမ်းမြို့သိမ်းတိုက်ပွဲပြန် အောင်ပွဲရ စလင်း ပကဖ ရဲဘော်‌တွေကို ပြည်သူများက အောင်သပြေပန်းနဲ့ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
Read More

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်တဲ့ မြန်မာ ၈ ယောက် ဖမ်းဆီးခံရ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ မဲဆောက်မြို့ ဘက်ခြမ်းသို့ ဖြတ်သန်းလာတဲ့ ကုန်တင်ယာဉ်ရဲ့ အောက်ပိုင်းမှာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မယ့် မြန်မာနိုင်ငံသား ၈ ယောက်ကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိပြီး ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ဟိန်းမင်းထက်၏ ပြောကြားချက် (ရုပ်/သံ)

''ကျနော်တို့ နေ့စဉ်လုပ်နေရတဲ့အလုပ်တွေ၊ နေ့စဉ်နားထောင်နေရတဲ့ဟာတွေ တာဝန်တွေက အဓိပ္ပာယ်မရှိဘူးထင်လို့ အလင်းလာဝင်တာ။ စကစဝါဒဖြန့်ထားတဲ့ဟာက အမှားကြီးပေါ့။ သူတို့က အောက်‌ရောက်ရင် သတ်ပစ်တယ်ပြောတယ်။ အဲလိုမဟုတ်ပါဘူး။ အောက်ရောက်လို့ရှိရင် ကြိုဆိုမယ့်သူတွေက အများကြီးပါ။ လက်ဆွဲနှုတ်ဆက်မယ့်သူက အများကြီးပါ။ လာမယ်ဆို လာလို့ရပါတယ်''