ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဝင်ရောက်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကနေ ၂လကျော်အတွင်း စစ်သား ၁၄ ယောက်အလင်းဝင်ရောက်လာခဲ့ပြီး၊ ၁၂ယောက်ကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိထားတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းကစလို့ ချင်းပြည်နယ်၊ ဖလမ်းမြို့အနောက်မြောက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ ချင်းကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီလို စစ်ကြောင်းထိုးနေချိန်မှာ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) တပ်ထံကို အလင်းဝင်ဘက်ပြောင်းခိုလှုံလာသူတွေအပြင် တိုက်ပွဲထဲ သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားသူတွေ ရှိခဲ့တာဖြစ်တယ်လို့လည်း ဆလိုင်းတင်မီထွဋ်က ပြောခဲ့တာပါ။

“အလင်းဝင်တာမျိုးမဟုတ်ပဲ သူတို့ဘာသာ ထွက်ပြေးတာမျိုးတွေ၊ ကျနော်တို့မဟုတ်ပဲ အခြားအဖွဲ့တွေဆီ ရောက်သွားတာတွေလည်းရှိပါတယ်။ ကျနော်တို့ကတော့ တိုက်ပွဲဖြစ်နေတုန်း ဖမ်းမိရင် စစ်သုံ့ပန်းပါပဲ။ သုံ့ပန်းဥပဒေအတိုင်းပဲ လုပ်တယ်။ အလင်းဝင်လာသူတွေကိုတော့ စောင့်ကြည့်တယ်။ ယုံကြည်ရတဲ့အခြေအနေရှိရင် မိသားစုဆီပို့ပေးတာ၊ လုံခြုံတဲ့နေရာပို့ပေးတာမျိုးတွေ ရှိပါတယ်” လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က မောင်းကိုဆက်ပြောခဲ့ပါတယ်။
စစ်အုပ်စုအနေနဲ့ ဖလမ်းမြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်ကိုင်းတိုင်း၊ ကလေးမြောက်ပိုင်းနဲ့ ကလေးတောင်ပိုင်းကနေတဆင့် ဝင်ရောက်နေတာလို့လည်း သိရပါတယ်။
ဒီအတွက် ဖလမ်းမြို့အနောက်ဘက်မှာ ချင်းကာကွယ်ရေးတပ်တွေနဲ့ စစ်အုပ်စုကြား ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်အုပ်စုရဲ့ စခန်းကုန်း ၂ခုနဲ့ လက်နက်ခဲယမ်းအများအပြားကို သိမ်းပိုက်ရရှိထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ဖလမ်းမြို့နဲ့ နယ်မြေချင်းထိစပ် တီးတိန်မြို့နယ်အတွင်းက ကနေဒီတောင်သိမ်းတိုက်ပွဲမှာလည်း လက်နက်ခဲယမ်း ၃၀ ကျော်နဲ့အတူ အကြမ်းဖက်စစ်တပ်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူအပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀နီးပါးကို PDF -Zoland နဲ့ CDF -CDM Siyin တပ်တွေက ဖမ်းဆီးရရှိခဲ့ပါသေးတယ်။
ပုံစာ- ဖလမ်းတိုက်ပွဲများအတွင်း ဖမ်းဆီးရရှိထားသည့် စစ်သုံ့ပန်းများ

0 Shares:
You May Also Like
Read More

လူ့အခွင့်အရေး ချိုးဖောက်‌နေသည့် အကျဉ်းဦးစီးဝန်ထမ်း‌များကို အရေးယူနိုင်ရန် တော်လှန်ရေးအဖွဲ့တွေထံ ကိုယ်ရေးအချက်အလက်များ ဖြန်ဝေသွားမည်ဟု PPNM ထုတ်ပြန်

"ကျွန် တော်တို့က လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ အဖွဲ့အစည်းဖြစ်တာ ကြောင့် လူ့အခွင့်အရေးနဲ့အညီ အရေးယူသွားမှာပါ" လို့ PPNM က ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
Read More

ညောင်လေးပင်- မဒေါက်-ရွှေကျင်လမ်းပိုင်းမှာ ကင်းပတ်သည့် အကြမ်းဖက်စစ်သားများကို စနိုက်ဘာဖြင့်ပစ်ခတ်ရာ ၁ ဦးသေဆုံး…

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်- မဒေါက်-ရွှေကျင်လမ်း​ပိုင်းမှာ ကင်းပတ်သွားလာနေတဲ့ အကြမ်းဖက်စစ်သားတွေ စနိုက်ဘာနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်အုပ်စုဘက်က လက်နက်ကြီးပြန်လည်ပစ်ခတ်တာမျိုးတွေရှိခဲ့တယ်လို့ Fire Dragon PDF တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကျောက်ကြီးမှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးကျောင်း (၁) ကျောင်းနဲ့ နေအိမ် (၁)လုံး ထိခိုက်ပျက်စီး၊ ရဟန်း (၁)ပါး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၂၇) လုံးနဲ့ လေယာဉ် (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း (၁)လုံးနဲ့ နေအိမ် (၁) လုံး ပျက်စီးခဲ့ပြီး ရဟန်း (၁)ပါး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ပါတယ်။
Read More

လွိုင်ကော်တိုက်ပွဲတွင် KNDF အမှတ် (၁၄) တပ်ရင်းမှ တပ်စုမှူး ကျဆုံး

ကရင်နီပြည်၊ လွိုင်ကော်တိုက်ပွဲမှာ KNDF အမှတ် (၁၄) တပ်ရင်းက တပ်စုမှူးတစ်ယောက် ကျဆုံးသွားတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အမှတ် (၁၄) တပ်ရင်းမှာ တပ်စုမှူးအဖြစ် စစ်မှုထမ်းဆောင်နေတဲ့ ခူးလောရယ်ဟာ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ရင်း နိုဝင်ဘာ ၃၀ ရက်နေ့ ရှေ့တန်းစစ်မျက်နှာမှာ ကျဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
Read More

ထားဝယ်၊ လောင်းလုံးနဲ့ သရက်ချောင်းတို့မှာ စစ်ကောင်စီတပ်စွဲရာနေရာတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် တပ်စွဲရာနေရာတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုမြို့နယ်မှာ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာသင်တန်း ပြုလုပ်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အမျိုးသမီးနဲ့ ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာသင်တန်းကို လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ က ဦးဆောင်ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပါအဝင် ဒေသခံ ရပ်ရွာလူထုကို သင်တန်း ပို့ချခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က ဒီနေ့ ထုတ်ပြန်ပါတယ်။