ပဲခူးတိုင်း နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတမ်းကို Bamar Revolution Armyမှ ထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းမှာ နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်ရဲစခန်းအား တော်လှန်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ၄ နာရီကြာဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်သားအများအပြား သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံးခဲ့ရပြီး ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဗျူဟာ၂၂ ကွပ်ကဲမှုအောက်ရှိ ဗျူဟာရုံးအဖွဲ့၊ တပ်ရင်း၃၈၀၁ တပ်ရင်းရုံးအဖွဲ့၊ တပ်ခွဲ၂၊တပ်ခွဲ၃၊ တပ်ခွဲ၄ B.R.A၊ တပ်ခွဲ ၆၊ ဒရုန်းတပ်ဖွဲ့၊ တပ်ရင်း၃၇၀၁ တပ်ခွဲ ၂၊ ရန်ကုန်ပကဖ၊ပူးပေါင်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-Bamar Revolution Army
0 Shares:
You May Also Like
Read More

ရွှေဘို ဇီးကုန်းလေးပျူရွာအဝင် ဘန်ကာကို တော်လှန်ရေးတပ်များ စီးနင်းမီးရှို့၊ စစ်သားနှင့်ပျူ ၂ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာအဝင်ရှိ ဘန်ကာကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၂ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

လွတ်မြောက်နယ်မြေတစ်ခုမှာ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့ (SSTF) အပတ်စဉ် (၃) သင်တန်းဆင်းပွဲ ပြုလုပ် (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ လက်အောက်ခံတပ်ဖွဲ့ဖြစ်တဲ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့  (SSTF) အပတ်စဉ် (၃) သင်တန်းဆင်းပွဲကို မတ်လ ၃၁ ရက်က လွတ်မြောက်နယ်မြေတစ်ခုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကပစ ၂၁ က ထွက်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ယာဉ် ၁ စီး ပျက်စီးပြီး ဗိုလ် ၁ ယောက်အပါအဝင် ၄ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ဆော-ဆိပ်ဖြူလမ်းပိုင်းတစ်နေရာမှာ ဇန်နဝါရီ ၈ ရက်က ကပစ ၂၁ က ထွက်လာတဲ့ စစ်ယာဉ်တန်းကို ပဒေသာမိုင်း ၇ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း တပ်ခွဲ (၁)ထံက သိရပါတယ်။
Read More

နတ်မောက်မြို့တွင် ဆည်ကျိုးပေါက်ပြီး မိသားစု ၇ ဦး ရေထဲမျောပါကာ ၆ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး အောင်ပန်းကျွန်းဆည်ကျိုးပေါက်မှု ကြောင့် မိသားစု ၇ ယောက် ရေထဲမျောပါသွားကာ ၆ ယောက်သေဆုံးခဲ့တယ်လို့ နတ်မောက်ဒေသခံ တွေထံက သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်မှာ လူထောင်ချီပူးပေါင်းပါဝင်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ပွဲ ပြုလုပ် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်‌ရေး လူထုလမ်းလျှောက်ချီတက်ပွဲပြုလုပ်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ထံက သိရပါတယ်။