ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်မြို့က စစ်အုပ်စုတပ်စွဲထားတဲ့ မျက်နီကွင်းကျေးရွာကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့အနေနဲ့ ပါဝင်ခဲ့ကြောင်း ကျားသစ်နက်မြို့ပြပြောက်ကျား Black Leopard UG တာဝန်ရှိသူကမောင်းကိုပြောပါတယ်။

ဇန်နဝါရီလ၉ရက်၊ မနေ့က မနက်အစောပိုင်းမှာ ညောင်ခြေထောက်မြို့၊ မျက်နီကွင်းကျေးရွာမှာ အင်အား ၁၀၀နီးပါးနဲ့ တပ်စွဲထားတဲ့ စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၃) ကွပ်ကဲမှုနဲ့အတူ ကျားသစ်နက်မြို့ပြပျောက်ကျားတပ်ဖွဲ့ (Black Leopard UG)၊ NSA 31၊ တောင်ငူခရိုင်ပကဖ၊ ထလရ အဖွဲ့၊ BR21အဖွဲ့နဲ့ တပ်ရင်း ၃၅၀၂ တို့လုပ်ဆောင်ခဲ့ကြတယ်လို့ သိရတာပါ။

ဒါဟာ ဇန်နဝါရီလ ၉ရက်နေ့မနက်ပိုင်း တစ်ချိန်တည်းမှာပဲ ဗျူဟာ၂၃လက်အောက်ခံတပ်ရင်းတွေ လုပ်ဆောင်နေတဲ့ ပဲခူးတိုင်း အောင်မြင်စစ်ဆင်ရေးထဲက တစ်ခုဖြစ်ပြီး စခန်းကိုလည်း စီးနင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ- ပဲခူးတိုင်းစစ်ဌာနထုတ်ပြန်ထားသည့် အောင်မြင်စစ်ဆင်ရေး သိမ်းပိုက်ရရှိမှုတစ်ခု

စခန်းသိမ်းတိုက်ပွဲအတွင်း မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့ရဲ့ လုပ်နိုင်စွမ်းကိုလည်းပြနိုင်ခဲ့တယ်လို့ ကျားသစ်နက်မြို့ပြပြောက်ကျား Black Leopard UG တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့အနေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တယ်။ နောက်ပြီး လိုအပ်တဲ့အခြားနေရာတွေမှာလည်း ဝင်ကူပေးခဲ့တယ်ပေါ့။ ကျနော်တို့ UG တွေလည်း လုပ်နိုင်တယ်ဆိုတာ ပြတာပါ” လို့ မောင်းကိုပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်အုပ်စုဘက် သေဆုံးတာတွေအပြင် ထွက်ပြေးသွားသူတွေပါရှိကြောင်းနဲ့ ထိခိုက်သေဆုံးစာရင်းကို အတည်မပြုနိုင်သေးဘူးလို့လည်း ဆိုပါတယ်။

ဒီနောက်မှာတော့ စစ်အုပ်စုတွေဘက်က စခန်းပြန်လည်ရရှိဖို့အတွက် အင်အားအလုံးအရင်းသုံးကာ ထိုးစစ်ဆင်လာတာမျိုးတွေရှိနေပြီး နှစ်ဖက်စစ်ရေးဆက်လက် တင်းမာနေတယ်လို့လည်း သိရပါတယ်။

ဇန်နဝါရီလ၉ရက်၊ မနေ့ကမနက်ပိုင်း တစ်ချိန်တည်းမှာပဲရန်ကုန်- မန္တလေး အမြန်လမ်းဟောင်းဘေးမြို့တွေဖြစ်တဲ့ တောကျွဲအင်း(ခေါ်) အောင်မြင်မြို့အပါအဝင် အုတ်တွင်းမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ညောင်ခြေထောက်၊ ကျွဲပွဲနဲ့ သာယာကုန်းမြို့များရှိ စစ်တပ်စခန်း (၁၄)ခုကို PDF တပ်ရင်းတွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုဘက်က အယောက်၅၀ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်ကြောင်းကို မိုင်းခွဲဖို့လုပ်ရင်း အသက် ၂၀ အရွယ် ရဲဘော် မောင်မောင်ခန့် မိုင်း Error ဖြစ်ပြီး ကျဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်၊ အမှတ် (၁) စစ်ဒေသကြီး၊ ခရိုင် ပကဖတပ်ဖွဲ့ (၅) ဧရာဒေါင်းတပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ယောက် အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကို မိုင်းဖောက်ခွဲဖို့ ပြင်ဆင်ရင်း မိုင်း Error ဖြစ်ပြီး ကျဆုံးသွားခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ညောင်ဦးတွင် ဧည့်စာရင်းစစ်တာ အကြောင်းပြပြီး လူငယ်များကို အိမ်ပေါ်တက် ဖမ်းဆီးနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့က ရပ်ကွက်တွေမှာ စစ်ကော်မရှင်က ဧည့်စာရင်းစစ်တာကို အကြောင်းပြပြီး လူငယ်တွေကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ဗန်းမော်က စစ်ကောင်စီရဲ့ အမှတ် (၅၀၁၄) တင့်ကားတပ်ရင်းကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် (၅၀၁၄) တင့်ကားတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကျောက်ဂူဒေသကို စစ်ကောင်စီ တစ်ရက်အတွင်း ဗုံးသီး ၅၀ ကျော် ကြဲချ၊ ပြည်သူ ၃ယောက် သေဆုံးပြီး ၁၀ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ကျောက်ဂူဒေသကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်လို့ အရပ်သားပြည်သူ (၃)ယောက် အသက်ဆုံးရှုံးခဲ့ရပြီး (၁၀)ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်း၊ မကွေး နဲ့ မန္တလေးတိုင်းအတွင်းက ရဲဘော်တွေပါဝင်တဲ့ အပတ်စဉ် (၄) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကို လက်နက်တပ်ဆင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းအတွင်းက ရဲဘော်တွေ ပါဝင်တဲ့ အပတ်စဉ် (၄) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကို ဇန်နဝါရီလ (၁၂) ရက်မှာ လက်နက်တပ်ဆင်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရေဦးမှာ စစ်ကောင်စီက စစ်ကြောင်း ၂ ကြောင်း အပြိုင်ထိုးကာ ကျေးရွာတွေကို မီးရှို့နေ၊ ပြည်သူ ၇၀၀၀ နီးပါး ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၂ကြောင်း အပြိုင်ထိုးကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့  ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။