ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ ကာကင်းယူထားတဲ့ ကာကင်းပွိုင့် ၂ ခုကို PNO နဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ Battalion 808 – Nay Pyi Taw PDF မှ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းမှာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ PDF ကာကင်းပွိုင့် ၂ ခုကို PNO နဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရတာပါ။

PNO နဲ့ စစ်ကော်မရှင်တပ်တွေဟာ အင်အား ၁၅၀ ခန့်အသုံးပြုခဲ့ပြီး ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အင်အားမမျှမှုကြောင့် တော်လှန်ရေး တပ်တွေ နောက်သို့ ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း PNO နဲ့ စစ်ကော်မရှင်တပ်သားအများအပြား သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါဆုတ်ခွာပေးခဲ့ရတဲ့ နယ်မြေတွေကို တော်လှန်ရေးတပ်များက ပြန်လည်ထိန်း ချုပ်ထားနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

Video-Battalion 808 – Nay Pyi Taw PDF
0 Shares:
You May Also Like
Read More

Sky Villa အိမ်ရာနှင့် Great Wall Hotel မှာ ပိတ်မိနေတဲ့ ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်သည် အပါအဝင် ၄ ယောက်ကို ကယ်တင်နိုင်ခဲ့ကြောင်း တရုတ်သံရုံးထုတ်ပြန် (ရုပ်/သံ)

ဒီနေ့ မတ်လ ၃၁ ရက် မနက် ၅ နာရီခွဲဝန်းကျင်နဲ့ ၆ နာရီ မိနစ် ၂၀ တို့မှာ မန္တလေးမြို့ Sky Villa အိမ်ရာမှာ နာရီပေါင်း ၆၀ ကျော်ကြာ ပိတ်မိနေတဲ့ ကလေးငယ် ၁ ယောက်၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ယောက်အပါအဝင် ၃ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။
Read More

ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်သားများကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၉ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၉ ယောက် သေဆုံးခဲ့တယ်လို့ Black Vote Fighter Local PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အာဏာသိမ်းစစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြည်သူတွေ ယုံကြည်မှုရှိလား (ရုပ်/သံ)

လာမယ့်ဒီဇင်ဘာလထဲမှာ စစ်အုပ်စုက ရွေးကောက်ပွဲ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 
Read More

Southern Eagle PDF တပ်ရင်း၏ အခြေခံစစ်ပညာ စွန်မင်းအပတ်စဉ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အထူးတိုင်း စစ်ဌာန၊ အမှတ် (၃၆) နည်းဗျူဟာ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းကုဒ် - ၉၉၀၉ (Southern Eagle PDF) တပ်ရင်းရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် (၇/၂၀၂၅) စွန်မင်းအပတ်စဉ် သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၁ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့ရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ၊ ကိုရင် ၃ ပါးနှင့် အမျိုးသား ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်နယ် ကျောက်မဲမြို့ရှိ ဝါဆိုဘုန်းကြီးကျောင်းအနီးကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင် ၃ ပါးနဲ့ အမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၇ ဦး သေ၊ အထိနာသွားသည့် စစ်ကောင်စီတပ်က ရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အင်အား ၂၀၀ ခန့်နဲ့ မြိုင်မြို့နယ်ဘက်သို့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၇ ယောက်သေဆုံးခဲ့တယ်လို့ M.V.P Revolution Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။