ဂန့်ဂေါခရိုင်စစ်ဌာနမှ Yawland Operation စစ်ဆင်ရေးဖြစ် ယောဒေသအတွင်း ပျူစခန်းနဲ့ စစ်တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၄၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ယောအလင်း တန်းမှ ယနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်က မင်းကင်းမြို့နယ် ဝင်ဝပျူစခန်း၊ လယ်ကြီးအနောက်ပျူစခန်း၊ မြောက် ခင်ရမ်းပျူစခန်း၊ ရွှေမြစ်သာပျူစခန်းနဲ့ တောကျောင်းကာကင်းစခန်းတွေကို တော်လှန်ရေးပူးပေါင်း တပ်တွေက တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဝင်ဝပျူစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂၈ ရက်နဲ့ ၂၉ ရက်ကလည်း မြောက်ခင်ရမ်းပျူစခန်းနဲ့ လယ်ကြီးအရှေ့ပျူစခန်း တွေကို ထပ်မံတိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၃၀ ရက်က မြောက်ခင်ရမ်းပျူစခန်းကနေ ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကော်မရှင်တပ်သား ၆ ဦးသေဆုံးပြီး အများ အပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းက ရွှေမြစ်သာပျူစခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သိမ်း ပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးကာလအတွင်း စစ်ကော်မရှင်တပ်သား ၄၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွား ကာ G3 ၄ လက် ၊ ကာဘိုင် ၂ လက် ၊ ခါးချိုး ၂ လက် ၊ Jumber ၁ လုံး ၊ ၆၀ မမ ဗုံးသီး၅ လုံး ၊ လခြမ်းမိုင်း၃ ခု၊ ချိန်း ၁ ခု ၊ G3 ကျည် ၆၀ တောင့် ၊ 7.62 ကျည် ၂၂၅ တောင့်၊ ကာဘိုင်ကျည် ၁၁၈၅ တောင့်၊ လက်ပစ်မိုင်း ၁ လုံးနဲ့ Icon စကားပြောစက် ၃ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ဂန့်ဂေါခရိုင်စစ်ဌာန လက်အောက်ရှိ တပ်ရင်းများ ၊ ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့ ၊ KKG တပ်ရင်း(၅/၆) ၊ ဂန့်ဂေါခရိုင်/မြို့နယ် ပကဖ ၊ မြိုင်မြို့နယ် ပကဖ(ဗိုလ်လကျ်ာအဖွဲ့) ၊ ယောတပ်တော်(YA )၊YDF (ရဲဘော် ကောင်းကောင်း အဖွဲ့) များက ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရ ပါတယ်။

Video-ယောအလင်း တန်း
0 Shares:
You May Also Like
Read More

ဂျပန်နိုင်ငံ မြန်မာသံရုံးရှေ့တွင် အတုအ‌ယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ယနေ့ ဆန္ဒပြမည် (ရုပ်/သံ)

အာဏာသိမ်း စစ်အုပ်စု ပြုလုပ်မယ့် အတုအ‌ယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဂျပန်နိုင်ငံ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြကြမယ်လို့ သိရပါတယ်။
Read More

မန္တလေးမှာ ဂျပန်အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာ နည်းပညာအဖွဲ့ (JDR) ဆေးကုသမှုစတင်ကြောင်း ဂျပန်သံရုံးထုတ်ပြန် (ရုပ်/သံ)

အင်အားပြင်းငလျင်ဒဏ်ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ ဂျပန် အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာ နည်းပညာအဖွဲ့ (JDR) အဖွဲ့ရဲ့ ဆေးကုသမှုစတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဒီနေ့ ဧပြီ ၄ ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအကြီးအကဲ Mr. Shogo Yoshitake က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
Read More

ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းပျူစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ဂန်ဂေါ့မြို့နယ် မြောက်ခင်ရန်းပျူစခန်းကနေ ထွက်လာတဲ့ အင်အား ၄၀ ခန့်ရှိ အကြမ်း ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းက Fixed Wing ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲအပေါ် လူထုအမြင် (ရုပ်/သံ)

ဒီဇင်ဘာလအတွင်း ပြုလုပ်မယ်လို့ ကြေညာထားတဲ့ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတုအပေါ် မြန်မာပြည်သူလူထုရဲ့ သဘောထားအမြင်ကို Yangon Revolution Force - YRF က ထုတ်ပြန်ထားပါတယ်။
Read More

အရာတော်မြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့မှု Generation Z Power ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Generation Z Power က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

Sky Villa ကွန်ဒိုအောက်တွင် ပိတ်မိနေသည့် သမီးကို မိဘများ အော်ဟစ်အားပေးစကားပြော (ရုပ်/သံ)

မန္တလေးမြို့ Sky Villa ကွန်ဒို အဆောက်အအုံအောက်မှာ ပိတ်မိနေတဲ့ သမီးကို မိဘတွေက အော် ဟစ်အားပေးစကား‌ပြောနေတဲ့ ရုပ်သံဖိုင်ကို လူမှုကွန်ရက်အသုံးပြုသူတွေက မျှဝေလျက်ရှိပါတယ်။