စစ်ကိုင်းတိုင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကန့်ဘလူ တပ်ရင်း ၆၀၀၆ မှ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကိုလာတဲ့ ထောက်ပို့ရဟတ်ယာဉ် ၁ စင်းကို ပစ်ခတ်ခဲ့တယ်လို့ Battalion Of Budalinမှ ဒီကနေ့မနက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဇန်နဝါရီ ၈ ရက် နေ့လယ်ပိုင်းက ကန့်ဘလူ တပ်ရင်း ၆၀၀၆ မှ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာန ချုပ်ကို ဆင်းသက်လာတဲ့ အဆိုပါ ထောက်ပို့ရဟတ်ယာဉ် Mi 17P ကို ပစ်ခတ်ခဲ့ရာ ရဟတ်ယာဉ် ခေါင်းပိုင်းနဲ့ အမြီးပိုင်းထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေသခံတွေရဲ့ ပြောကြားချက်အရ အဲဒီပစ်ခတ်ခံရတဲ့ ရဟတ်ယာဉ်ဟာ အောက်သိုအဆင်းမှာ ပေါက်ကွဲသံကျယ်လောင်စွာ ကြားခဲ့ရတယ်လို့ဆိုပြီး ရဟတ်ယာဥ်ပျက်စီးသွားကြောင်းကို အတည်ပြုသိရှိခဲ့တယ်လို့ Battalion Of Budalin မှ ထုတ်ပြန်ထားတာပါ။
အဲဒီပစ်ခတ်တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်(20)တပ်ရင်း BOB ရဲ့ စီစဥ်မှုနှင့်အတူ သပိတ်ကျင်းတိုက်နယ် (ပကဖ)၊ အရာတော်မြို့နယ်(ပကဖ)တို့က မုံရွာခရိုင် (ပကဖ)ရဲ့ ထောက်ပံ့မှုနဲ့ လုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါရဟတ်ယာဥ်ပစ်ချခဲ့မှုနဲ့ပတ်သက်ပြီး မောင်းအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ရဟတ်ယာဥ်ပျက်ကျခဲ့မှုနဲ့ အခြားအသေးစိတ်အချက်အလက်များကို ထုတ်ပြန်အဖွဲ့အစည်းဖြစ်တဲ့ Battalion Of Budalin ကိုဆက်သွယ်အတည်ပြုနေဆဲဖြစ်ပါတယ်။
Video- Battalion Of Budalin