စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ စျေးတန်းတစ်ခုမှာ စစ်ကော်မရှင်ရဲ့ ထုတ်ကုန်တွေကို မသုံးစွဲဖို့နဲ့ စစ်ကော်မရှင်ကို ထောက်ပံ့ပြီး ပြည်သူများကို ဝါဒမှိုင်းတိုက်နေတဲ့ အနုပညာရှင်တွေကို Boycott လုပ်ဖို့ နှိုးဆော်တိုက်တွန်းခဲ့တယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ယနေ့ ထုတ်ပြန်ထားပါတယ်။
ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစုနှင့် ဘုတလင်မြို့နယ်သပိတ်အင်အားတို့ ပူးပေါင်းပြီး စစ်တပ်ထုတ်ကုန်တွေနဲ့ စစ်တပ်လက်အောက်ခံ အနုပညာရှင်တွေကို Boycott လုပ်ဖို့ ပြည်သူများကို တိုက်တွန်းခဲ့ကြပါတယ်။
Video-ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ