စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တောပုရွာက ပျူစောထီးတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁ ဦး ဒဏ်ရာရရှိသွားတယ်လို့ Chindwin Fighter Groupမှ ထုတ်ပြန်ထားပါ တယ်။
ဇန်နဝါရီ ၈ ရက်က မုံရွာ-ချောင်းဦးလမ်းမပေါ်မှာ ဆက်ကြေးကောက်ဖို့နဲ့ မိုင်းရှာဖို့ ထွက်လာတဲ့ ပျူ စောထီးစစ်ကြောင်းကို ပဒေသာမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း ပျူစောထီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို BRAVE HEART AYMY.BHA ၊ MONYWA DYNAMITE.STF နဲ့
CHINDWIN FIGHTER GROUP.CFGတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Video-Chindwin Fighter Group