ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဝင်ရောက်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကနေ ၂လကျော်အတွင်း စစ်သား ၁၄ ယောက်အလင်းဝင်ရောက်လာခဲ့ပြီး၊ ၁၂ယောက်ကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိထားတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းကစလို့ ချင်းပြည်နယ်၊ ဖလမ်းမြို့အနောက်မြောက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ ချင်းကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီလို စစ်ကြောင်းထိုးနေချိန်မှာ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) တပ်ထံကို အလင်းဝင်ဘက်ပြောင်းခိုလှုံလာသူတွေအပြင် တိုက်ပွဲထဲ သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားသူတွေ ရှိခဲ့တာဖြစ်တယ်လို့လည်း ဆလိုင်းတင်မီထွဋ်က ပြောခဲ့တာပါ။

“အလင်းဝင်တာမျိုးမဟုတ်ပဲ သူတို့ဘာသာ ထွက်ပြေးတာမျိုးတွေ၊ ကျနော်တို့မဟုတ်ပဲ အခြားအဖွဲ့တွေဆီ ရောက်သွားတာတွေလည်းရှိပါတယ်။ ကျနော်တို့ကတော့ တိုက်ပွဲဖြစ်နေတုန်း ဖမ်းမိရင် စစ်သုံ့ပန်းပါပဲ။ သုံ့ပန်းဥပဒေအတိုင်းပဲ လုပ်တယ်။ အလင်းဝင်လာသူတွေကိုတော့ စောင့်ကြည့်တယ်။ ယုံကြည်ရတဲ့အခြေအနေရှိရင် မိသားစုဆီပို့ပေးတာ၊ လုံခြုံတဲ့နေရာပို့ပေးတာမျိုးတွေ ရှိပါတယ်” လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က မောင်းကိုဆက်ပြောခဲ့ပါတယ်။
စစ်အုပ်စုအနေနဲ့ ဖလမ်းမြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်ကိုင်းတိုင်း၊ ကလေးမြောက်ပိုင်းနဲ့ ကလေးတောင်ပိုင်းကနေတဆင့် ဝင်ရောက်နေတာလို့လည်း သိရပါတယ်။
ဒီအတွက် ဖလမ်းမြို့အနောက်ဘက်မှာ ချင်းကာကွယ်ရေးတပ်တွေနဲ့ စစ်အုပ်စုကြား ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်အုပ်စုရဲ့ စခန်းကုန်း ၂ခုနဲ့ လက်နက်ခဲယမ်းအများအပြားကို သိမ်းပိုက်ရရှိထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ဖလမ်းမြို့နဲ့ နယ်မြေချင်းထိစပ် တီးတိန်မြို့နယ်အတွင်းက ကနေဒီတောင်သိမ်းတိုက်ပွဲမှာလည်း လက်နက်ခဲယမ်း ၃၀ ကျော်နဲ့အတူ အကြမ်းဖက်စစ်တပ်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူအပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀နီးပါးကို PDF -Zoland နဲ့ CDF -CDM Siyin တပ်တွေက ဖမ်းဆီးရရှိခဲ့ပါသေးတယ်။
ပုံစာ- ဖလမ်းတိုက်ပွဲများအတွင်း ဖမ်းဆီးရရှိထားသည့် စစ်သုံ့ပန်းများ

0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် အစပ်မှာရှိတဲ့ ဗေဒါဂိတ်စခန်းနဲ့ ဒေါင်းချောင်းဂိတ်ကို AA သိမ်းပိုက်

ရခိုင်ပြည်နယ်၊ ဂွမြို့နဲ့ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ရိုးမကားလမ်းပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့အရေးပါတဲ့ ဒေါင်းချောင်းဂိတ်စခန်းနဲ့​ ဗေဒါဂိတ်စခန်းတို့ကို ရခိုင့်တပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဝေါ်လေဗျူဟာကုန်းကနေ ဈေးဆင်းဝယ်တဲ့ အကြမ်းဖက်စစ်သား သေနတ်နဲ့ ချောင်းပစ်ခံရလို့ လက်နက်ကြီးနဲ့ ရမ်းထုနေ

ကရင်ပြည်နယ်၊ ဝေါ်လေဗျူဟာကုန်းစခန်းကနေ အကြမ်းဖက်စစ်သားတွေ မြို့ထဲဈေးဆင်းဝယ်တဲ့အချိန်မှာ သေနတ်နဲ့ချောင်းပစ်ခံရပြီး စစ်သားတစ်ယောက် ဒဏ်ရာရရှိသွားတာကြောင့် ဝေါ်လေဗျူဟာစခန်းကုန်းကနေ လတ်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

မင်းတပ်မြို့မှာ ရေပိုက်လိုင်းများ ပျက်စီးအောင် အကြောင်းမဲ့ ပြုလုပ်သူများကို အရေးယူမည်၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် တောမီးများ လောင်ကျွမ်းမှုကြောင့်လည်း ရေပိုက်လိုင်းများ ပျက်စီး

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ မင်းတပ်-မတူပီ လမ်းတလျှောက် သွယ်တန်းထားတဲ့ ရေပိုက်လိုင်းတွေ ပျက်စီးအောင် အကြောင်းမဲ့ ပြုလုပ်သူတွေကို အရေးယူသွားမယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးနှင့် ရန်ကုန် လွှတ်တော်ကိုယ်စားပြုကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ရန်ကုန် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဦးဆောင်အဖွဲ့တို့ ဇွန်လ (၁၄) ရက် ဒီနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

တိုင်း ၃ ခုဆုံရာကို စစ်ကော်မရှင်တပ် အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးနေပြီး အယောက် ၇၀ ကျော် ထိခိုက်သေဆုံးထား

" အဲ့ဒီနေ့က စခန်းနေ ရဲဘော်တွေ ရှေ့စစ်ကြောင်းထွက်နေချိန် နောက်ကနေ ခွေးစစ်ကြောင်းပတ်ထိုးတာနဲ့ ကြုံခဲ့ရတာပါ။ စခန်းမှာလည်း စခန်းစောင့် ရဲဘော်နဲ့ ရဲမေအချို့ ပဲ ကျန်ခဲ့တာ။ သူတို့တော့ လွတ်ပါတယ်။ လက်နက် ဆုံးရှုံးမှု၊ ရဲဘော် ဆုံးရှုံးမှု မရှိပေမယ့် မိုးတွင်းရိက္ခာ စုဆောင်းထားတာတွေရယ် ဘတ္ထရီအိုး ဆိုလာပြားတွေကတော့ မီးရှို့ခံခဲ့ရပါတယ်။" လို့ နေပြည်တော် PDF တပ်ရင်း၈၀၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

တော်လှန်ရေးတပ်ပေါင်းစုရဲ့ ချေမှုန်းမှုမခံရခင် ဘီလူးစစ်ကြောင်းအပါအဝင် စစ်အုပ်စု ဘာတွေကျူးလွန်ခဲ့လဲ၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှာ မူးယစ်ဆေးစွဲသူတွေပါဝင်နေ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းဝင်၊ မီးရှို့၊ လူသတ်၊ ပစ္စည်းလု လုယက်တာတွေ လုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ဘီလူးစစ်ကြောင်းကို တော်လှန်ရေးတပ်ပေါင်းစုတွေက စည်းလုံးမှုအင်အားနဲ့ ဖြတ်တောက်ချေမှုန်းနိုင်ခဲ့တယ်လို့ ဘုတလင်မြို့နယ်၊ ရွေ့လျားစစ်ကြောင်း ဘဏ္ဍာရေးတာဝန်ခံ ဆရာဇော် က မောင်းကိုပြောပါတယ်။