တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက် ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း၂ -P2 3402မှ သတင်း ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက တနင်္သာရီမြို့နယ် ခြောက်မိုင်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း နှစ်ဘက်အပြန်အလှန်လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အကြမ်း ဖက်စစ်သား ၂ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး နောက်သို့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိတ်ခရိုင် တပ်ရင်း ၂၊ တပ်ရင်း ၃ နဲ့ KNU ပူးပေါင်းတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-မြိတ်ခရိုင်တပ်ရင်း၂ -P2 3402
0 Shares:
You May Also Like
Read More

အနာဂတ်လူငယ်များ ထပ်ပြီး မဆုံးရှုံးရစေရန် အနုပညာရှင် ခါရာ ဗုံးခိုကျင်းကမ်ပိန်းပြုလုပ် (ရုပ်/သံ)

"စကစက ကျွန်တော်တို့ ဆေးရုံတွေ ကျောင်းဆောင်တွေကို အဓိကတိုက်ခိုက်ပါတယ်။ အဲတော့ ဆေးရုံတွေ ကျောင်းဆောင်တွေမှာ ကျွန်တော်တို့ ဗုံးခိုကျင်းတွေလုပ်ဖို့ လိုအပ်ပါတယ်။ဗုံးခိုကျင်းမရှိရင် လုံးဝမလွယ်ပါဘူး" လို့ ခါရာက ဆိုပါတယ်။
Read More

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရုရှားအစိုးရ၏ ထောက်ပံ့မှုတွေ ရပ်တန့်ဖို့ လန်ဒန်မြို့ ရုရှားသံရုံးရှေ့ တော်လှန်ရေးအင်အားစုများ ဆန္ဒပြ (ရုပ်သံ)

လန်ဒန်မြို့ ရုရှားသံရုံးရှေ့မှာ မတ်လ ၁၉ ရက် မနေ့က  ယူ‌ကေရောက် တော်လှန်ရေးအင်အားစုတွေက ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

တောင်ကြီးမြို့နယ် တောင်နီရွာအထွက်က ဗိုလ်အောင်ဒင်ဓာတ်ဆီဆိုင် မီးလောင် (ရုပ်/သံ)

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် တောင်နီရွာအထွက်က ဗိုလ်အောင်ဒင်ဓာတ်ဆီဆိုင်ဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရေတာရှည်မြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲပြုလုပ်နေစဉ် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦး သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲပြုလုပ်နေချိန် စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ Battalion 808 - Nay Pyi Taw PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သာယာဝတီခရိုင် တပ်ရင်း ၃၊ ၃၈၀၃ တပ်ရင်း အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သာယာဝတီခရိုင် တပ်ရင်း ၃၊ ၃၈၀၃ တပ်ရင်း၊ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Myanmar Defense Force မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

မင်းတုန်းမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်မှု စစ်သား ၅ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မင်းတုန်းမြို့နယ်ရှိ ငှက်ပျင်း၊ မြောက်ပြင်၊ ကြို့ဝကျေးရွာတွေကို အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ ရာ ၅ ယောက်သေသွားခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်ထံက သိရပါတယ်။