ပဲခူးတိုင်း မင်းလှမြို့နယ် ရန်ကုန်-ပြည် အမြန်လမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃) မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ရန်ကုန်-ပြည်အမြန်လမ်းပေါ်ရှိ အုတ်တွင်းကျေးရွာ၊ စစ်ကွင်းတာဆုံနဲံ တာဆုံအနီး ဘုရားမှာ အင်အား ၅၀ ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးပူး ပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၄ နာရီကျော်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ရဲ့ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦးနဲ့ ပြည်သူ့စစ်ခေါင်းဆောင် ၁ ဦးအပါအဝင် အများအပြားသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင်တပ်ရင်း – (၃)(၃၈၀၃) ၏ Alphaစစ်ကြောင်း၊Bravoစစ်ကြောင်း၊ သာယာဝတီခရိုင်တပ်ရင်း – (၂)(၃၈၀၂) ၏ တပ်ခွဲ – (၂) ၊တပ်ခွဲ – (၃)၊ သာယာဝတီ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ လက်ပံတန်းမြို့နယ်(ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင်(ပကဖ) ရွှေတန်းမြေ တိုက်ခိုက်ရေးတပ်ဖွဲ့ – (၁၊၂)၊ ရန်ကုန်တိုင်း(ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ – (၃)နဲ့ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF)၏ တပ်ရင်း – (၃) စတဲ့ မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက ပူးပေါင်းလုပ်‌ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Video-Myanmar Defense Force
0 Shares:
You May Also Like
Read More

မြို့သစ်မြို့နယ်ထဲတွင် အတုအယောင်ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပရန် နယ်လှည့်စစ်ဆေးနေသည့်စစ်အုပ်စုယာဉ်တန်း တိုက်ခိုက်ခံရပြီး မြို့နယ်ရဲမှူးအပါအဝင် ၈ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း မြို့သစ်မြို့နယ်ထဲမှာ အတုအ‌ယောင်ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပနိုင်ဖို့ နယ်လှည့် စစ်ဆေးနေတဲ့ စစ်အုပ်စုယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ဂဠုန် PDFအဖွဲ့ဆီက သိရပါတယ်။
Read More

လားရှိုးမြို့သို့ စစ်ကောင်စီတပ်ယာဉ်တန်း ရာချီဝင်ရောက် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို ဒီနေ့ဧပြီ ၂၂ ရက် မနက်ပိုင်းမှာ စစ်‌ကောင်စီတပ်ယာဉ်တန်း ရာချီဝင်ရောက်လာပြီဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နွားထိုးကြီးနှင့် မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ဗိုလ်မှူး၊ ဗိုလ်ကြီးများအပါ အများအပြား သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်နဲ့ မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် သားတွေကို တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေအပါအဝင် စစ်သားအများအပြားသေဆုံးပြီး jammer စက်နဲ့ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ Natogyi People Defence Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပျူစခန်းဆီ ရိက္ခာပို့တဲ့ စစ်တပ်ရေယာဉ် ၂ စီးကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကံကြီးကုန်းပျူစခန်းကို ရိက္ခာလာပို့တဲ့  အကြမ်းဖက်စစ်တပ်ရေယာဉ် ၂ စီးကို ဒီနေ့ ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းတမာန်GZ တပ်ဖွဲ့ရဲ့ တာဝန်ခံ ရဲဘော် ရွှေမန်းထံက သိရပါတယ်။
Read More

ကွတ်ခိုင်မြို့ပေါ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်အပြီး အပျက်အစီး မြင်ကွင်းများ (ရုပ်/သံ)

MNDAA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ်က အလယ်တန်းကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၃ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က ဗုံးကြဲတိုက်ခိုက်ခံရမှုကို ရုပ်သံနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဘားအံတွင် ဆေးကြောင်နေသည့် လူငယ် ကြော်ငြာဆိုင်းဘုတ်ပေါ်မှ ခုန်ချ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-လှိုင်ဘွဲ့ကားလမ်းဘေး မဲဘောင်တံတားအနီးရှိ ကြော်ငြာဆိုင်းဘုတ်ပေါ်ကနေ ဆေးကြောင်နေတဲ့ လူငယ် ၁ ယောက် ခုန်ချမှု ဖြစ်ပွားခဲ့ပါတယ်။