ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်းက အကြမ်းဖက် တပ်စခန်းတွေနဲ့ စစ်ကူလမ်းကြောင်းများကို ဗျူဟာမြောက် ဖြတ်တောက်ခိုက်ခဲ့တဲ့ တိုက်ပွဲများအတွင်း ဗိုလ်ကြီး၊ တပ်ကြပ်ကြီးနှင့် ပျူစောထီးခေါင်းဆောင်များအပါ စစ်အုပ်စုဝင် အယောက် ၂၀ နီးပါးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၇)ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်-ပြည်လမ်းပိုင်း၊ အုတ်တွင်းကျေးရွာ၊ စစ်ကွင်းတာဆုံနဲ့ တာဆုံဘုရားအနီးတပ်စွဲထားတဲ့ အင်အား(၅၀)ရှိ စစ်တပ်စခန်းတကို PDF တပ်ရင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြပါတယ်။

အချိန် ၄နာရီကျော်ကြာ တိုက်ပွဲအတွင်း ဗိုလ်ကြီးအဆင့်ရှိသူနဲ့ တပ်ကြပ်ကြီး ကြည်သိန်း ဆိုသူအပါ စစ်သားနဲ့ပျူစောထီး (၁၅)ယောက်သေဆုံးခဲ့ပြီး အများအပြားထိခိုက်သွားတယ်လို့ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ခဲ့တာပါ။

အဆိုပါတိုက်ပွဲဖြစ်နေစဥ် တိုက်ပွဲကြာချိန် ၁ နာရီအချိန်လောက်မှာ မင်းလှမြို့နယ်၊ ဦးတိုတာကလေးလမ်းဆုံနဲ့ ဦးတိုကျေးရွာဘုန်းကြီးကျောင်းထဲကနေ စစ်ကူထွက်လာတဲ့ အင်အား ၇၀ ပါစစ်ကြောင်းကို ရှမ်းတောရွာနားမှာ ‌တော်လှန်ရေးတပ်များက ဗျူဟာမြောက်ဖြတ်တောက်တိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီ ဖြတ်တောက်တိုက်ခိုက်မှုမှာတော့ စစ်ကြောင်းကို ဦးဆောင်လာတဲ့ စိန်ကန့်လန့် ပြည်သူ့စစ်ခေါင်းဆောင် တေဇာညွန့်အပါ (၄)ယောက်သေဆုံးပြီး၊ ကျန်သူတွေ ဖရိုဖရဲနဲ့ ထွက်ပြေးသွားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် လက်ပံတန်းမြို့ကနေ ထွက်ခွာလာတဲ့ အင်အား ၆၀ပါ အကြမ်းဖက်စစ်ကြောင်းကိုလည်း ညောင်နီကုန်းရွာ၊ ဆည်ဘောင်နားမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ အုတ်တွင်းရွာအုပ်ချုပ်ရေးမှုးရဲ့နေအိမ်ကိုလည်း ဝင်ရောက်ရင်းရှင်းလင်းခဲ့ပြီး ရွေးကောက်ပွဲအတုအတွက် ပြင်ဆင်ထားတဲ့ မဲစာရင်းနဲ့ မဲပုံးတွေကိုပါ တစ်ခါတည်း မီးရှို့ရှင်းလင်းနိုင်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒီတိုက်ပွဲအတွင်း ကာဘိုင်ကျည် (၂၃)တောင့်၊ လက်ပစ်ဗုံး(၁)လုံး၊ Detonator ကတ်သီး(၂)ခု၊ မိုဘိုင်းဖုန်း(၁)လုံး၊ ဝိုင်ဖိုင်စက် (၂) လုံးနဲ့ မဲစာရင်းတချို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)ရဲ့ ကွပ်ကဲမှုနဲ့အတူ သာယာဝတီခရိုင်တပ်ရင်း (၃) (၃၈၀၃) Alphaစစ်ကြောင်း ၊ Bravoစစ်ကြောင်း၊ သာယာဝတီခရိုင်တပ်ရင်း (၂) (၃၈၀၂) တပ်ခွဲ (၂) တပ်ခွဲ (၃) ၊ သာယာဝတီ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ လက်ပံတန်းမြို့နယ်(ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင်(ပကဖ) ရွှေတန်းမြေ တိုက်ခိုက်ရေးတပ်ဖွဲ့ – (၁) (၂)၊ ရန်ကုန်တိုင်း(ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ (၃)၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တပ်ရင်း (၃) တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

“ကျနော်တို့ကတော့ ပြည်သူတွေထိခိုက်မှုမရှိရအောင် တဆင့်ချင်း စနစ်တကျနဲ့ စစ်ရေးဖော်ဆောင်နေပါတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်း က မောင်းကိုပြောပါတယ်။

လက်ရှိအခြေအနေမှဦတော့ ပဲခူးတိုင်းစစ်ဌာနက ရန်ကုန်-မန္တလမ်းဟောင်း၊ ရန်ကုန် ပြည်လမ်းပိုင်းတွေပေါ်က မြို့နယ်တွေ၊ မြို့တွေမှာ စစ်ရေးဖော်ဆောင်မှုတွေ ဆက်တိုက်အရှိန်မြင့် လုပ်ဆောင်လာနေတာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

အင်းတော်တွင် စစ်တပ်က လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် Grade 12 ကျောင်းသူ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ကျောင်းတစ်ခုက Grade 12 ကျောင်းသူ ၁ ယောက် သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ Indaw Revolution-IR  တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ဘေးရှောင်စာသင်ကျောင်းတွေနဲ့ မိုင်းထိပြည်သူတစ်ယောက်ကို ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က စိုးမိုးနယ်မြေအတွင်းရှိ စစ်ဘေးရှောင်စာသင်ကျောင်းတွေနဲ့ မိုင်းထိပြည်သူတစ်ယောက်ကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်မှာ နွံကန်ပြိုကျလို့ လူနေအိမ် ၅၀ ကျော်နစ်မြုပ်ကာ လူသေဆုံးမှုများ ရှိနေ

ဖားကန့်က ဆိပ်မူမှာ နွံကန်ပြိုကျလို့ လူနေအိမ် ၅၀ ကျော်နစ်မြုပ်သွားပြီး လူသေဆုံးမှုများလည်းရှိကြောင်း ဒေသခံတွေထံက သိရပါတယ်။
Read More

သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် ရန်ကုန် နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့များ တွေ့ဆုံကာ နိုင်ငံတကာ သံတမန်အခင်းအကျင်းအကြောင်း ဆွေးနွေးရှင်းပြ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ရန်ကုန် နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့တွေ အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ရန်ကုန်လွှတ်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

လူထုကြား ပျောက်နေသည့် ဗိုလ်ချုပ်တာဘုန်းကျော် တအာင်းပညာရေးအကယ်ဒမီ ကျောင်းဆင်းပွဲတွင် ပြန်ထွက်ပေါ်လာ

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် TNLA က မိုးကုတ်မြို့ကို အကြမ်းဖက်ကော်မရှင်ထံ ပြန်ပေးလိုက်ပြီးနောက် မြို့ထဲကို စစ်တပ် ဘယ်လိုပြန်ဝင်လာမလဲဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားနေချိန် လူထုရှေ့ ထွက်မလာတာကြာပြီဖြစ်တဲ့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်ဟာ တအာင်းပညာရေးအကယ်ဒမီ ကျောင်းဆင်းပွဲနဲ့အတူ လူထုရှေ့ ပြန်ထွက်ပေါ်လာခဲ့ပါတယ်။
Read More

မြောက်ဥက္ကလာပ စစ်ကောင်စီ အမှတ် (၄၃၅) တပ်ကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က စစ်ကောင်စီရဲ့ အမှတ် (၄၃၅) တပ်ကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army က သတင်းထုတ်ပြန်လာပါတယ်။