ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဝင်ရောက်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကနေ ၂လကျော်အတွင်း စစ်သား ၁၄ ယောက်အလင်းဝင်ရောက်လာခဲ့ပြီး၊ ၁၂ယောက်ကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိထားတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းကစလို့ ချင်းပြည်နယ်၊ ဖလမ်းမြို့အနောက်မြောက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ ချင်းကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီလို စစ်ကြောင်းထိုးနေချိန်မှာ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) တပ်ထံကို အလင်းဝင်ဘက်ပြောင်းခိုလှုံလာသူတွေအပြင် တိုက်ပွဲထဲ သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားသူတွေ ရှိခဲ့တာဖြစ်တယ်လို့လည်း ဆလိုင်းတင်မီထွဋ်က ပြောခဲ့တာပါ။

“အလင်းဝင်တာမျိုးမဟုတ်ပဲ သူတို့ဘာသာ ထွက်ပြေးတာမျိုးတွေ၊ ကျနော်တို့မဟုတ်ပဲ အခြားအဖွဲ့တွေဆီ ရောက်သွားတာတွေလည်းရှိပါတယ်။ ကျနော်တို့ကတော့ တိုက်ပွဲဖြစ်နေတုန်း ဖမ်းမိရင် စစ်သုံ့ပန်းပါပဲ။ သုံ့ပန်းဥပဒေအတိုင်းပဲ လုပ်တယ်။ အလင်းဝင်လာသူတွေကိုတော့ စောင့်ကြည့်တယ်။ ယုံကြည်ရတဲ့အခြေအနေရှိရင် မိသားစုဆီပို့ပေးတာ၊ လုံခြုံတဲ့နေရာပို့ပေးတာမျိုးတွေ ရှိပါတယ်” လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က မောင်းကိုဆက်ပြောခဲ့ပါတယ်။
စစ်အုပ်စုအနေနဲ့ ဖလမ်းမြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်ကိုင်းတိုင်း၊ ကလေးမြောက်ပိုင်းနဲ့ ကလေးတောင်ပိုင်းကနေတဆင့် ဝင်ရောက်နေတာလို့လည်း သိရပါတယ်။
ဒီအတွက် ဖလမ်းမြို့အနောက်ဘက်မှာ ချင်းကာကွယ်ရေးတပ်တွေနဲ့ စစ်အုပ်စုကြား ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်အုပ်စုရဲ့ စခန်းကုန်း ၂ခုနဲ့ လက်နက်ခဲယမ်းအများအပြားကို သိမ်းပိုက်ရရှိထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ဖလမ်းမြို့နဲ့ နယ်မြေချင်းထိစပ် တီးတိန်မြို့နယ်အတွင်းက ကနေဒီတောင်သိမ်းတိုက်ပွဲမှာလည်း လက်နက်ခဲယမ်း ၃၀ ကျော်နဲ့အတူ အကြမ်းဖက်စစ်တပ်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူအပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀နီးပါးကို PDF -Zoland နဲ့ CDF -CDM Siyin တပ်တွေက ဖမ်းဆီးရရှိခဲ့ပါသေးတယ်။
ပုံစာ- ဖလမ်းတိုက်ပွဲများအတွင်း ဖမ်းဆီးရရှိထားသည့် စစ်သုံ့ပန်းများ

0 Shares:
You May Also Like
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိကာ ဘုရားကျောင်း (၁) ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိကာ ဘုရားကျောင်း (၁) ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဖော်ပြထားပါတယ်။
Read More

တီးတိန်မှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုထဲ လိုက်ပါဆောင်ရွက်သူကို PDF Zoland ဖမ်းဆီးထိန်းသိမ်း…

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ခံမှုမှာ တက်ကြွစွာ ပါဝင်တဲ့ Kam Lian Thang ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ PDF-Zoland က ထုတ်ပြန်ထားပါတယ်။ PDF Zoland နဲ့ Chin…
Read More

အာဆီယံအစည်းအဝေးမှာ ဝိုင်းဝန်းကန့်ကွက်နေတဲ့ စစ်ကောင်စီရဲ့ ကိုယ်စားပြု အရာရှိတစ်ယောက် တက်ရောက်ဦးမယ်လို့ဆို

လာအိုမှာ ကျင်းပမယ့် အာဆီယံ အစည်းအဝေးမှာ မြန်မာနိုင်ငံက စစ်ကောင်စီကိုယ်စားပြု နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတစ်ယောက် တက်ရောက်ဖွယ်ရှိတယ်လို့ စစ်ကောင်စီရဲ့ ပြောကြားမှုကို NIKKEI Asia သတင်းဌာနက ကိုးကားရေးသားထားပါတယ်။ အောက်တိုဘာ ၉ ရက်နေ့မှာ…
Read More

သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာဘူတာအနီးရှိ စစ်တပ်ကင်းပုန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်က မျက်မြင် ၄ ဦး သေဆုံးဟု ဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာ ဘူတာအနီးရှိ အကြမ်းဖက်စစ်တပ် ကင်းပုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပွင့်လင်းရာသီ ပွဲတော်ကာလတွေမှာ လေကြောင်းအန္တရာယ်ရှိနေလို့ ပွဲတော်တွေမပြုလုပ်ဖို့ AA ကသတိပေး

မကြာခင်ရောက်ရှိလာတော့မယ့် သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတော်ကာလတွေမှာ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်း အန္တရာယ်ရှိနေလို့ လူစုလူဝေးနဲ့ ပွဲလန်းသဘင်တွေ မပြုလုပ်ဖို့ အာရက္ခတပ်တော် AA က သတိပေးတိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

ဆားတောင်မြို့ ရဲစခန်းနဲ့ စာသင်ကျောင်းက စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲ၊ ၁ ဦးသေပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ ရဲစခန်းနဲ့ စာသင်ကျောင်းက အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် သေဆုံးခဲ့တယ်လို့ Royal Falcon Guerilla Force (Sadaung Falcon) က ထုတ်ပြန်ထားပါတယ်။