အကြမ်းဖက်စစ်အုပ်စုဟာ စစ်မှုထမ်းအပတ်စဉ် (၂၁)အတွက် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်မှာ ပေါ်တာဆွဲဖမ်းဆီးဖို့ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလထဲမှာ စစ်အုပ်စုဟာ မြို့ပေါ်ရှိနေအိမ်တွေကို ဧည့်စာရင်းလိုက်လံစစ်ဆေးမှု ပြုလုပ်နေပြီး ရပ်ကွက်တစ်ခုမှာ လူငယ် ၃ ယောက်ထက်မနည်း ဖမ်းဆီးခံရနိုင်တယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။

ဇန်နဝါရီ ၉ ရက်နေ့ညကလည်း စစ်အုပ်စုဟာ ဧည့်စာရင်းစစ်ဖို့ဆိုပြီး ထားဝယ်မြို့ပေါ်ရှိ ဆန်ချီရပ် ကွက်နဲ့သဗြေချောင်းရပ်ကွက်တွေထဲကို ဝင်ရောက်လာကာ လူငယ်တစ်ချို့ကို ဖမ်းဆီးသွားပါတယ်။ ဖမ်းဆီးသွားတဲ့လူငယ်တွေကို ညတွင်းချင်း ထားဝယ်မြို့ပြင်ကို ခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

“မနက်မှ သူတို့ကိုသွားပို့မယ်ဆိုရင် လမ်းကလူတွေက မြင်လိမ့်မယ်၊ နောက်တစ်ချက်က သူတို့ဝါဒဖြန့်တာရှိတယ် … ထားဝယ်မြို့ပေါ်မှာ ပြည်သူတွေ အေးအေးချမ်း ချမ်းနေထိုင်နေကြတယ် ဆိုတာမျိုး၊ အဲ့တော့ ပေါ်တာဆွဲရင် ညဖက်ဖမ်းတယ်၊ ညတွင်းချင်း မြို့ပြင်ပို့တယ်၊ အရင်လို ပေါ်တာဆွဲခံရတဲ့သူတွေကို ထားဝယ်မြို့ထဲမှာ မထားတော့ဘူး”လို့ ထားဝယ်မြို့ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

ပြီးခဲ့သည့်ရက်ပိုင်းလောက်ကလည်း ထားဝယ်မြို့ကမ်းနားသဲကွင်းမှာ စတိတ်ရှိုးရှိတဲ့အတွက် စစ်တပ်က မာရှယ်လောကို တစ်ညဖြုတ်ပေးထားတယ်လို့ ကြေညာခဲ့ပေမယ့် စတိတ်ရှိုးပွဲကနေ ပြန်လာတဲ့ လူငယ် ရှစ်ယောက်ကို ဖမ်းဆီးသွားတာမျိုးတွေ ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက မောင်းကိုပြောပါတယ်။

ထားဝယ်မြို့ပေါ်မှာ လူငယ်တွေကို စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးတာမျိုး အရင်ထဲကရှိခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ ပေါ်တာဆွဲဖမ်းဆီးတဲ့လူငယ်တွေကို ညတွင်းချင်းမြို့ပြင်ကိုပို့ဆောင်ပြီး ရေဖြူမြို့နယ်ထဲကို ပို့ဆောင်တာမျိုးတွေ လုပ်ဆောင်လာတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ဒါ့အပြင် အရင်က ဖမ်းဆီးခံလူငယ်တွေကို ငွေကြေးနဲ့ ပြန်လည်ရွေးချယ်လို့ရပေမယ့်နောက်ပိုင်းမှာတော့ ငွေကြေးနဲ့ ပြန်လည်ရွေးယူတာမျိုး မရတော့ဘူးလို့လည်း ဆိုနေကြပါတယ်။

ပုံစာ- ထားဝယ်မြို့ပေါ်က စစ်တပ်ဘန်ကာတစ်ခုအားတွေ့ရစဥ် (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ညောင်ဦးမှာ ဓားပြမှုတွေကျူးလွန်တဲ့ ခိုးဆိုးလုနှိုက်တွေရဲ့ နောက်ကွယ်မှာ စသုံးလုံးအရာရှိတွေ ကြိုးကိုင်နေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက် စသုံးလုံး (အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန) အရာရှိတွေက ခိုးဆိုးလုနှိုက်တွေကို ဓားပြမှုတွေ ကျူးလွန်ခိုင်းပြီး PDF တွေ လုပ်သယောင် ဝါဒဖြန့်နေကြကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူ ကိုဇီးက မောင်းကိုပြောပါတယ်။
Read More

“ရန်ကုန်မှာပြန်ဆုံမယ်” လှုပ်ရှားမှုကို ဂျပန်နိုင်ငံမှာ ပြုလုပ် (ဓာတ်ပုံသတင်း)

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စစ်ကောင်စီသံရုံး၊ ဂျပန်လွှတ်တော်၊ ကုလသမဂ္ဂတက္ကသိုလ်နှင့် အထင်ကရနေရာတွေမှာ တော်လှန်လူငယ်တွေက ရန်ကုန်မှာပြန်ဆုံမယ် လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
Read More

ဟားခါးမှာ စစ်သား ၁ ဦးကို အရှင်ဖမ်းမိ၊ စစ်သား ၂ ဦးနှင့် ရဲ ၁ ဦး အလင်းဝင်

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အကြမ်းဖက်စစ်သား ၁ ယောက်ကို အရှင်ဖမ်းမိပြီး စစ်သား ၂ ယောက်နဲ့ ရဲ ၁ ယောက် အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အောက်တိုဘာလအတွင်း ၁၈ နှစ်အောက် ပြည်သူ (၂၈) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အောက်တိုဘာလအတွင်း အသက် (၁၈) နှစ်အောက် အရပ်သားပြည်သူ (၂၈) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြန်မာမှာ လူသားဆန်မှု ပျောက်ဆုံးနေတာကို ပြသတဲ့ ဓာတ်ပုံကမ်ပိန်း (ဓာတ်ပုံသတင်း)

ဘုတလင် စီပါရွာဖြစ်စဥ်ဟာ မြန်မာမှာ လူသားဆန်မှုမရှိတော့ဘူးဆိုတာ ပြသလိုက်တာ ဖြစ်တဲ့အကြောင်း ဓာတ်ပုံကမ်ပိန်းကို People Independend Army (PIA) က ပြုလုပ်ခဲ့ပါတယ်။
Read More

နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး(၂၇)လုံးနှင့် အဆိပ်ငွေ့ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၂၇)လုံးနဲ့ အဆိပ်ငွေ့ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။