ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့ရှိ စစ်အုပ်စုစခန်းတွေကို တိုက်ခိုက်ပြီး မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဒီနေ့ ဇန်နဝါရီ ၉ ရက် မနက်အစောပိုင်းမှာ ရန်ကုန်-မန္တလေးအမြန် လမ်းဟောင်းဘေး တောကျွဲမြို့ စစ်အုပ်စု ရဲစခန်း၊ ဘူတာရုံနဲ့ တပ်စွဲထားတဲ့ နေရာတွေကို PDF တပ်ရင်းတွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ BE အဆင့်အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးခဲ့ပြီး မြို့ကို PDF သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တောကျွဲအင်းမြို့ အခြေအနေတွေနဲ့ပက်သက်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့ တပ်ရင်းတစ်ခုကိုမေးမြန်းရာမှာ​တော့  “တောကျွဲအင်း တမြို့လုံးက စခန်းအကုန်ရပါတယ်” လို့ မောင်းကို ပြန်ဖြေခဲ့ပါတယ်။

ရွှေကျင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ SGDF ကလည်း တောကျွဲအင်းမြို့က စစ်တပ်စခန်းတွေကို တ​ပြိုင်နက်ထဲ ဝင်ရောက် သိမ်းပိုက်ထားနိုင်ပြီလို့ ထုတ်ပြန်ထားပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ကင်မ် ကီလို ၈၀ ပြေးသည့် Challenge တွင် ယူကေရောက်မြန်မာများ ပါဝင်အားဖြည့် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့ အထိမ်းအမှတ် Challenge အနေနဲ့ သားဖြစ်သူ ကင်မ်က ကီလို ၈၀ ပြည့်အောင် ပြေးနေပါတယ်။
Read More

ဧရာဝတီတိုင်း အမှတ် (၂၉) ဗျူဟာ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြီးစီး (ရုပ်/သံ)

အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ဧရာဝတီတိုင်းစစ်ဌာန အမှတ် (၂၉)ဗျူဟာ (AYA PDF) အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၂၉ ရက်က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်တယ်လို့ AYA PDF အမှတ်၂၉ ဗျူဟာမှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကန်ပိုက်တီမြို့က ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို တရုတ်အာဏာပိုင်တွေက မူဆယ်နယ်စပ်ဂိတ်သို့ ပြန်လည်ပို့ဆောင် (ရုပ်/သံ)

ကချင်ပြည်နယ် ကန်ပိုက်တီမြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဉ် တရုတ်နိုင်ငံသို့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို အာဏာပိုင်တွေက နိုဝင်ဘာ ၂၃ ရက် မနေ့ညပိုင်းက မူဆယ်မြို့ နယ်ဂိတ်ကနေ စစ်ကောင်စီတပ်ထံ ပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။
Read More

စက်ချို့ယွင်းနေသည့် စစ်ကောင်စီ စက်တပ်လေထီး ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့များ မီးရှို့ရှင်းလင်း (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း စက်ချို့ယွင်းနေတဲ့ စက်တပ်လေထီး ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့တွေ မီးရှို့ရှင်းလင်းခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

ထုံမခါကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့မှု (ရုပ်/သံ)

တနင်္သာရီမြို့နယ် ထုံမခါကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မြိတ်က ထုတ်ပြန်လိုက်ပါတယ်။