အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မဲဆွယ်ဖို့ ရောက်ရှိနေတဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်မှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့ သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ 

ပန်းတောင်းမြို့နယ်ဟာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်နဲ့ ပဲခူးတိုင်းတို့ ထိတွေ့ဆက်စပ်နေတဲ့ မြို့နယ်ဖြစ်ပြီး အာရက္ခတပ်တော်နဲ့ အကြမ်းဖက်စစ်တပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေခဲ့တာလို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်မှာ အာရက္ခတပ်တော်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ပန်းတောင်းနယ် ဥသျှစ်ပင်မြို့ အရှေ့ဘက် လဲရွာမှာ အထိုင်ချ‌နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြား ဖြတ်တိုက်ခိုက်ခဲ့လို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီး ဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူး အပါအဝင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်  ၇ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။ 

အလားတူ ပန်းတောင်းမြို့နယ်အစပ်ရှိ အကြမ်းဖက်စစ်တပ်စခန်းတွေကို အာရက္ခတပ်တော်နဲ့ မဟာမိတ်အင်းအား စုတွေက ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်နေပြီး စစ်တပ်ဘက်ကလည်း အင်အားဖြည့်တင်း တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတာလို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ပန်းတောင်းနယ်ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဇန်နဝါရီလ ၈ ရက်မှာ သွားရောက်ပြီး မဲဆွယ်နေခဲ့တာလည်း ဖြစ်ပါတယ်။ 

(ဓာတ်ပုံ စစ်အုပ်စုမီဒီယာများ)
(ဓာတ်ပုံ စစ်အုပ်စုမီဒီယာများ)

ပန်းတောင်းမြို့နယ်ဟာ လာမယ့် ဇန်နဝါရီ ၁၁ ရက်မှာ ပြုလုပ်မယ့် အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေး ကောက်ပွဲ ဒုတိယအသုတ်မှာ ပါဝင်နေတာဖြစ်ပြီး ပန်းတောင်းမြို့နယ်အတွင်း ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ စစ်ခေါင်းဆောင်က ဆင်တဲနဲ့ ထုံးဘိုမှာရှိတဲ့ တပ်မတော် အကြီးစား စက်ရုံတွေထိ သွားရောက် မဲဆွယ်နေခဲ့တာပါ။ 

ပန်းတောင်းနယ်အပါအဝင် စစ်ခေါင်းဆောင်ရောက်ရှိနေတဲ့ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးရှိ တောကျွဲအင်းမြို့ကို တော်လှန်ရေးတပ်တွေက ဒီကနေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းထဲက နတ်တလင်း၊ ဇီးကုန်း၊ မင်းလှမြို့နယ်တွေထဲက စစ်တပ်စခန်းတွေကိုလည်း တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ဇန်နဝါရီ ၇ ရက်မှာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေရှိခဲ့တယ်လိုသိရပါတယ်။

ရန်ကုန်-ပြည်အမြန်လမ်းအပါအဝင် နတ်တလင်း၊ ဇီးကုန်းနဲ့ မင်းလှမြို့နယ်တွေက အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတွေကို တစ်ပြိုင်နက်တည်း ထိုးစစ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်ဘက်က အယောက် ၄၀ နီးပါး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ စစ်အုပ်စုမီဒီယာများ)
0 Shares:
You May Also Like
Read More

မုံရွာမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ PDF တွေ အလင်းဝင်ဖို့ အကြမ်းဖက်စစ်တပ်က ဆိုင်းဘုတ်တွေ လိုက်ကပ်နေ…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲက ကျေးရွာအချို့မှာ အကြမ်းဖက်စစ်တပ်က PDF တွေ အလင်းဝင်ကြဖို့ ဆိုင်းဘုတ်တွေ လိုက်ကပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ချောင်းဦးမြို့နယ်ထဲက မုံရွေး၊ ခင်မွန်၊ မြပုလဲ စတဲ့ကျေးရွာတွေမှာ နိုဝင်ဘာလ ၂၄ ရက် မနေ့ကစပြီး PDF တွေ အလင်းဝင်ဖို့ အကြမ်းဖက်စစ်ကောင်စီက ဆိုင်းဘုတ်တွေ လိုက်ကပ်နေတာဖြစ်ပါတယ်။
Read More

ဆက်သွယ်ရေး ဥပဒေနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ပြန်လည် လွတ်မြောက်…

အကြမ်းဖက်စစ်ကောင်စီက အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃ (က)နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ဇန်နဝါရီ ၄ ရက် ဒီနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတယ်လို့ သူမနဲ့ နီးစပ်တဲ့ အနုပညာအသိုင်းအဝိုင်းဆီက သိရပါတယ်။
Read More

မြဝတီမြို့အနီး စစ်ကောင်စီက လေယာဉ်နဲ့ လာချပေးတဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတချို့ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းဆည်းရရှိထား

ကရင်ပြည်နယ်၊ မြဝတီမြို့က ကုန်သွယ်ရေးဇုန်အတွင်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ စစ်သားတွေချပေးနေတယ်လို့ ဒေသခံရဲ့အဆိုကို ကိုးကားပြီး မောင်းမီဒီယာမှာ မနေ့က ကနဦးသတင်းဖော်ပြခဲ့ပါတယ်။
Read More

တရားမဝင်ကုန်ပစ္စည်းတွေ စစ်ဆေးမည်ဟုဆိုပြီးစစ်ကောင်စီက ကုန်တင်ယာဉ်တွေကို အကြောင်းမဲ့ဖမ်းဆီးနေ

တိုင်းဒေသကြီးနဲ့ပြည်နယ် စုစုပေါင်း ၄ခုကနေ ကျပ်သိန်းပေါင်း နှစ်သောင်း ဝန်းကျင်ရှိတဲ့ တရားမဝင်ကုန်ပစ္စည်းတွေ ဖမ်းဆီးရမိကြောင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာဖော်ပြလာပါတယ်။
Read More

ဖယ်ခုံတွင် ကျောင်းထိုင်ဘုန်းကြီး ၁ပါးနှင့် ကပ္ပိယဖြစ်သူတို့​ ကျောင်းဝန်းအတွင်း ပစ်သတ်ခံရ

ရှမ်းနဲ့ ကရင်နီအစပ် ဖယ်ခုံမြို့နယ်မှာ ကျောင်းထိုင်ဘုန်းကြီး ၁ပါးနဲ့ အမျိုးသား ၁ ယောက် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းဖော်ထုတ်သွားမယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ (၁၀၀၆ တပ်ရင်း) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြောက်ဥက္ကလာပရဲစခန်းမှ ဒုရဲအုပ်နှင့် ဇနီးသည်ဒုတပ်ကြပ်တို့ တော်လှန်ရေးတပ်ဖွဲ့များထံ ဘက်​ပြောင်းခိုလှုံ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရဲစခန်းမှာတာဝန်ကျနေတဲ့ လုပ်သက် ၇နှစ်ရှိ ဒုရဲအုပ်နဲ့ ဇနီးဖြစ်သူ ဒုတပ်ကြပ်တို့ ဟာပြီးခဲ့တဲ့စက်တင်ဘာလအတွင်း တော်လှန်ရေးအင်အားစုတွေ ဆီဘက်ပြောင်းခိုလှုံလာတယ်လို့ ထောက်ပို့တာဝန်ခံ မရွှေဂျူးက မောင်းကို ပြောပါတယ်။