မကွေးတိုင်း ပခုက္ကူမြို့နယ် ကံရပ်ကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်ဟာ အင်အားအများအပြားသုံးပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ်ပျက်စီးသွားခဲ့တယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပခုက္ကူတပ်မ ၁၀၁ နဲ့ တပ်မ ၉၉ လက်အောက်ခံစစ်ကြောင်း ၂ ခုပေါင်းကာ အင်အား ၃၀၀ ခန့်က ဇန်နဝါရီ ၈ ရက် နံနက်အစောပိုင်းက ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်ရှိ ကံရပ်ကြီးရွာကို မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကံရပ်ကြီးကျေးရွာဟာ အိမ်ခြေ ၁၇၀ ကျော် မီးလောင်ပျက်စီးသွားပြီး အရပ်သားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

“ကံရပ်ကြီးက မြေပဲစိုက်၊ နှမ်းစိုက်တဲ့တောင်သူရွာပါ။ အဲ့ဒါကိုတိုက်ပွဲလည်းမဖြစ်ပဲ ဝင်ပြီးရှို့သွားတာပါ။ ရှို့တာကလည်း အရင်ကလို မီးခြစ်နဲ့ယမ်းနဲ့တင်မဟုတ်ပဲ ရှို့ဖို့သက်သက် ရည်ရွယ်ပြီးတော့ကို ဂတ်(စ်)အိုးတွေယူလာတာပါ။ နှစ်သစ်မှာ ပြာချဖို့အတွက်များ လုပ်သလားမသိပါဘူး။” လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် စစ်ကြောင်းဝင်ရောက်လာချိန် အကြမ်းဖက်စစ်တပ်ရဲ့ သေနတ်ပစ်ဖောက်သံတွေကြောင့် မပြေးနိုင်တဲ့ သက်ကြီးပိုင်း အဘွားအိုတစ်ယောက်လည်း နှလုံးရပ်သေဆုံးခဲ့ရတယ်လို့ တာဝန်ရှိသူကဆက် ပြော​ပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

စစ်ရှောင်တွေရဲ့ တန်ဖိုးရှိပစ္စည်းတွေ ခိုးယူနေတဲ့ အကြမ်းဖက်စစ်တပ် ကာကင်းစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဘုရားမဲစစ်ဆေးရေးဂိတ်အနီး အခိုင်အမာတပ်စွဲပြီး စစ်ရှောင် ပြည်သူတွေရဲ့ တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူနေတဲ့ အကြမ်းဖက်စစ်တပ် ကာကင်းစခန်းကို အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)ထံက သိရပါတယ်။
Read More

တောင်သာမြို့က စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်စခန်းတိုက်ခိုက်ခံရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ရှိ စစ်ကောင်စီ၊ ပျူစောထီးနဲ့ ရဲ  တို့ပူးပေါင်းတပ်စွဲထားတဲ့ စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ပါတယ်။
Read More

ကျောက်မဲမြို့ရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ၊ ကိုရင် ၃ ပါးနှင့် အမျိုးသား ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်နယ် ကျောက်မဲမြို့ရှိ ဝါဆိုဘုန်းကြီးကျောင်းအနီးကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင် ၃ ပါးနဲ့ အမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျောက်ပန်းတောင်းတွင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ‌ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Taung Tha People Defense Force က သတင်းထုတ်ပြန်ပါတယ်။
Read More

ယင်းမာပင်မြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူနေတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်သတိပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ပျူစောထီးတွေကို သတိပေးတဲ့အနေနဲ့ အောက်တိုဘာ ၅ ရက် မနက်ပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Toe Na Yar PDF အဖွဲ့ထံက သိရပါတယ်။
Read More

ငဖဲတွင် လက်နက်ခဲယမ်းသယ်လာသည့် စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၇ ဦး သေပြီး သေနတ် ၄ လက် ရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်ပြီး ဆုတ်ခွာလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက်သေပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Chin Defence Force - Asho ထံက သိရပါတယ်။