စစ်ကိုင်းတိုင်း၊ မြိုင်မြို့ဘက်ကို ရိက္ခာကားတန်းနဲ့အတူလိုက်ပါလာတဲ့ ခလရ ၂၅၁ မှာတာဝန်ထမ်းဆောင်နေသူစစ်မှုထမ်းတပ်သား တစ်ယောက်ဟာ ခဲယမ်းတွေယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း-၃၀၁၁ ဆီက သိရပါတယ်။

စစ်မှုထမ်းတပ်သား ကိုညီညီဖြိုးဟာပြီးခဲ့သည့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ၁၆ရက်နေ့မှာ မြိုင်မြို့ ထွေအုပ်ရုံးမှာ ကင်းတာဝန်ယူနေစဉ် 5.56 ကျည် ၁၃၀ တောင့် ၊ဗုံးသီး တစ်လုံး၊ နင်းမိုင်းတစ်ခု၊ MA1 ဘောက် ၃ ဘောက်တို့ကိုယူ‌ဆောင်ခဲ့ပြီး ကားသစ်နက်တပ်မတော် မြိုင်တပ်ခွဲက‌နေတစ်ဆင့် အလင်းဝင်ခဲ့တာ လို့ဆိုပါတယ်။

ကိုညီညီဖြိုးကို ကာကွယ်ရေးတပ်ဖွဲ့တွေက တစ်နှစ်နီးပါးစောင့်ရှောက်ထားပြီး စခန်းတွင်းနေထိုင်စဉ်မှာလည်း မိသားစုဝင်တွေနဲ့ ဆက်သွယ်ပေးတာမျိုးတွေ ကိုလည်း လုပ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့က မြိုင်နားမှာ တပ်ခွဲတစ်ခွဲနဲ့ စောင့်နေတဲ့အချိန် အဲမှာတာဝန်ကျတဲ့ တပ်ခွဲမှူးဆီကို ချိတ်ဆက်ဝင်ရောက် လာခဲ့တာပါ။ တစ်နှစ်နီးပါးကြာ စောင့်ရှောက်ထားပြီး အနီးကပ်စောင့်ကြည့်ခဲ့တယ်။ သူ့နေရပ်က မိဘတွေနဲ့ အမြဲလိုလို ဆက်သွယ်ဖြစ်တယ်” လို့ ယင်းမာပင်ခရိုင်တပ်ရင်း-၃၀၁၁ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အလင်းဝင်ရောက်လာသည့် ကိုညီညီဖြိုးအား တွေ့ရစဥ်

အလင်းဝင်ရောက်လာတဲ့အကြောင်းအရာကို အခုမှထုတ်ပြန်ရတာဟာ ကိုညီညီဖြိုးရဲ့ လုံခြုံရေးအခြေအနေနဲ့ မိသားစုဆီ မရောက်ရှိသေးတဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။

သူ့ကိုခဲယမ်းတွေ ယူဆောင်လာတဲ့ အတွက် ဂုဏ်ပြုငွေသိန်း(၂’၀၀၀’၀၀၀ ) တိတိကို ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

“နေရပ်ပြန်နိုင်တဲ့ အခြေနေရောက်လာပြီမို့ အခုချိန်မှ သတင်း ထုတ်တာဖြစ်ပါတယ်။ သူ့အတွက် အန္တရာယ်ကင်းအောင် စောင့်ရှောက်ပေးခဲ့ပါတယ်” လို့တာဝန်ရှိသူက မောင်းကို ဆက်ပြောပါတယ်။

ကိုညီညီဖြိုးဟာ ဘုတလင်မြို့နယ်မှာနေထိုင်သူဖြစ်ပြီး မိသားစုစားဝတ်နေရေးအတွက် ဟုမ္မလင်းမှာရွှေမျှောလုပ်ကိုင်နေစဉ်အတွင်း စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရပြီး‌နောက် ကိုညီညီဖြိုးဟာ ကလေးမြို့ လေ့ကျင့်ရေးကျောင်းမှာ သင်တန်း တက်ရောက်ခဲ့ရပြီးစစ်ရဟတ်ယာဉ်နဲ့တံတားဦးကို ပို့ဆောင်တာ ခံခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့တံတားဦးကနေ  မြိုင်မြို့ကို ရိက္ခာပို့ဖို့အတွက် ရိက္ခာကားတန်းနဲ့ လိုက်ပါလာခဲ့ပြီး အခုလိုထွက်ပြေးလွတ်မြောက် ခဲ့တာလို့ဆိုပါတယ်။

0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၆ ဦး သေပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာကိုခြေကုပ်ယူဖို့လာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၆ ယောက် သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပ.က.ဖ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရ တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေ…

အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ရှေ့တန်းစစ်မြေပြင်မှာ ဒဏ်ရာရရဲဘော်တွေနဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှု ရက်ဆက်ပြုလုပ်နေသည့် စစ်ကောင်စီကြောင့် ကောလင်းတွင် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ဒီကနေ့ (ဧပြီလ၁၃) သင်္ကြန်အကြိုနေ့မှာလည်း မြို့အရှေ့ခြမ်း၊ ညောင်ကုန်းကျေးရွာဆီ ဂျက်ဖိုက်တာနဲ့ လာရောက်တိုက်ခိုက်သွားတယ်လို့ Kawlin Info က ပြောပါတယ်။
Read More

စဉ့်ကူးနှင့် မတ္တရာတွင် စစ်ကောင်စီ တစ်ရက်တည်း လေကြောင်းတိုက်မှုကြောင့် ၅ လသား ကလေးငယ်အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅လသား ကလေးငယ် အပါအဝင် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

လူစားထိုး စစ်မှုထမ်းရသူ ၄ ဦး နမခ မှ မုံရွာပကဖဆီ ထွက်ပြေးအလင်းဝင်ရောက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ လက်နက်တွေနဲ့ ထွက်ပြေးလာတဲ့ အဓမ္မစစ်မှုထမ်း စေခိုင်းခံရသူတွေကို အလင်းဝင်ရောက်နိုင်ဖို့ သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သည့် ညဘက် အပြင်ထွက်ချိန် ပေါ်တာဆွဲခံရသူ စစ်သား ၁ ဦး ဒေါနစစ်ကြောင်းဆီ လက်နက်နှင့် အလင်းဝင်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၃၁ က စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ၃၃ နယ်မြေ ၊ ဒေါနတပ်ရင်း ၊ ‌တပ်ခွဲ(၄) (Kanbauk Defense Force) က ဒီနေ့ ထုတ်ပြန်ပါတယ်။