အကြမ်းဖက်မြန်မာစစ်တပ်ပိုင် Mytel နဲ့ ဆက်စပ် စာမျက်နှာ၊ Group နဲ့ အကောင့် ပေါင်း ၁၀၀၀ ကျော်ကို Facebook ကဖယ်ရှားလိုက်တယ်လို့ ဇန်နဝါရီ ၉ မှာ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။

Facebook ဟာ မိုင်တဲလ်၊ မိုင်တဲလ်ကိုယ်စားလှယ်များနဲ့ လက်လီအရောင်းဆိုင်တွေရဲ့ စာမျက်နှာပေါင်း ၁၀၀၀ ကျော်ကို ဖယ်ရှားလိုက်တဲ့အတွက် မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေးကွန်ရက် အွန်လိုင်းတည်ရှိမှုအပေါ် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာစေတယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုဖယ်ရှားမှုဟာ Facebook လူမှုကွန်ရက် မိခင်ကုမ္ပဏီ Meta က ၂၀၂၁ ခုနှစ် ချမှတ်အကောင်အထည် ဖော်ခဲ့တဲ့ မြန်မာစစ်တပ်ထိန်းချုပ်ထားသော စီးပွားရေးလုပ်ငန်းတွေကို ပိတ်ပင်‌တဲ့ Facebook ၏မူဝါဒနဲ့လည်း ကိုက်ညီတယ်လို့ Justice For Myanmar ကဆိုပါတယ်။

Mytel ကို Facebook မှ ဖယ်ရှားခဲ့ပြီးဖြစ်ပေမယ့် ကုမ္ပဏီဟာ စာမျက်နှာသစ်တွေ ဖွင့်လှစ်ပိတ်ပင်မှုကို ရှောင်ရှားခဲ့သလို၊ တစ်ဖက်မှာလည်း မိုင်တဲလ်ကိုယ်စားလှယ်တွေအရောင်းဆိုင်တွေ အကောင့်တွေဟာ အခုအချိန်အထိ ဆက်လက်လည်ပတ်နေဆဲဖြစ်တယ်လို့သိရပါတယ်။

Justice For Myanmar ဟာ ဖြုတ်ချခဲ့ပြီးဖြစ်တဲ့ MRTV Friday Night Live Show စာမျက်နှာနဲ့အတူ စာမျက်နှာတွေကို ယခုသီတင်းပတ်အတွင်း Facebook ဆီ သတင်းပို့တိုင်ကြားခဲ့တာလို့ဆိုထားပါတယ်။

အဲ့ဒီဝါဒမှိုင်းဖြန့် စာမျက်နှာတွေအကြောင်း Justice For Myanmarဆီ သတင်းပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

(ဓာတ်ပုံ Justice For Myanmar)

မိုင်တဲလ် အမည်နဲ့လုပ်ကိုင်နေတဲ့ Telecom International Myanmar ကို စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၊ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global ကော်ပိုရေးရှင်းနှင့် မြန်မာခရိုနီတွေရဲ့ ဦးပိုင်ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တာလို့ ဆိုပါတယ်။

Mytel ရဲ့ အမြတ်ငွေခန့်မှန်းချက်တွေအရ မြန်မာစစ်တပ်ဟာ Mytel လုပ်ငန်းလည်ပတ်မှု (၅) နှစ်က (၉) နှစ်အတွင်း ရှယ်ယာပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ သန်း ၂၇၀ အထိ ရရှိနိုင်ဖွယ်ရှိပြီး၊ နောက်ပိုင်း (၅) နှစ်တာကာလအတွင်း နောက်ထပ် ဒေါ်လာ သန်း ၄၅၀ ထပ်မံရရှိနိုင်တာကို တွေ့ရတယ်လို့ဆိုပါတယ်။

ဒါဟာ စစ်တပ်နဲ့ ထိပ်ပိုင်းဗိုလ်ချုပ်ကြီးတွေအတွက် ကြီးမားတဲ့ ဝင်ငွေရပေါက်ကြီးတစ်ခု ဖြစ်လာစေတယ်လို့ထောက်ပြထားပါတယ်။

စစ်တပ်ကို ဘဏ္ဍာငွေထောက်ပံ့တာနဲ့ ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းတာတွေကို ကူညီပံ့ပိုးပေးခြင်းအားဖြင့် Mytel ဟာ မြန်မာစစ်တပ်က ဆက်လက်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကိုကို အားပေးကူညီနေတာလို့လည်း Justice For Myanmar က ပြောပါတယ်။

မိုင်တဲလ်၏ အပ်ပလီကေးရှင်းတွေကို Google Play Store နဲ့ Apple App Store တွေမှာလက်ခံပေးထားတဲ့ Alphabet နဲ့ Apple အပါအဝင် အခြားနည်းပညာကုမ္ပဏီများအနေနဲ့မိုင်တဲလ်အပေါ် ပိတ်ပင်အရေးယူတာတွေဆောင်ရွက်ကြဖို့လည်း Justice For Myanmar က တောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်နှင့် အာဆီယံခေါင်းဆောင်များ ဘန်ကောက်တွင် တွေ့ဆုံမည်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဆီယံ ခေါင်းဆောင်တွေ အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ တွေ့ဆုံသွားဖို့ရှိတယ်လို့ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါအိုအီဘရာဟင်မ်က ပြောကြားလိုက်ပါတယ်။
Read More

ရွှေကုက္ကိုလ်ကျားဖြန့်မှ ကွန်ပျူတာနှင့် မိုဘိုင်းလ်ဖုန်းများအား စစ်တပ်နှင့် BGF အများရှေ့တွင် အဖျက်ပြ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်ကျားဖြန့် လုပ်ငန်းအဆောက်အဦးတွေကနေ သိမ်းဆည်းရမိတဲ့ ကွန်ပျူတာနဲ့ မိုဘိုင်းလ်ဖုန်းတွေကို အာဏာသိမ်းစစ်တပ်နဲ့ သူ့လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တို့ ဒီနေ့မှာ ဖျက်ဆီးပြခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod English က ဖော်ပြထားပါတယ်။
Read More

ကားတစ်စီးဖြင့် ထိုင်းနိုင်ငံထဲဝင်ဖို့ ကြိုးစားသည့် မြန်မာ ၉ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ တာ့ခရိုင်မှာ ဒီနေ့ မေလ ၁၈ ရက် နေ့လယ်ပိုင်းက တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားတွေ လိုက်ပါစီးနင်းလာတဲ့ ကားတစ်စီးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။
Read More

စိန့်ပီတာရင်ပြင်တွင် ကျင်းပတဲ့ ပုပ်ရဟန်းမင်းကြီး၏ ဈာပနအခမ်းအနားကို ဒေါ်နယ်ထရမ့်အပါ နိုင်ငံပေါင်း ၁၅၀ မှ ခေါင်းဆောင်များ တက်ရောက်… စျာပန မကျင်းပခင် စိန့်ပီတာ ခန်းမတနေရာမှာ သမ္မတထရမ့် နဲ့ သမ္မတ ဇလန်စကီး တွေ့ဆုံ

အီတလီနိုင်ငံ ၊ရောမမြို့ ၊ ဗာတီကန်စီးတီး စိန့်ပီတာရင်ပြင်တွင် ကျင်းပခဲ့တဲ့ ကမ္ဘာ့ကက်သလစ်ဘာသာဝင်တွေရဲ့ အကြီးအကဲဖြစ်သူ ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပနအခမ်းအနားကို ကက်သလစ်ဘာသာဝင်တွေနဲ့ ဘုန်းတော်ကြီးတွေအပြင် နိုင်ငံပေါင်း ၁၅၀ က ခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

တီမောလက်စ်တီကို အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့် စစ်ကောင်စီကန့်ကွက်

တီမောလက်စ်တီ အစိုးရဟာ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ရေးမူကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေရင် “တီမောလက်စ်တီကို အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်ပေးဖို့ စဉ်းစားချက်တွေကို ပြတ်ပြတ်သားသား ပယ်ချမှာဖြစ်တယ်” လို့ စစ်ကောင်စီခန့် အာဆီယံ-မြန်မာ အထွေထွေ အကြီးတန်း အရာရှိများ အစည်းအဝေး (SOM) ခေါင်းဆောင် ဟန်ဝင်းအောင် လက်မှတ်ရေးထိုးထားတဲ့ အဲဒီစာမှာ ဖော်ပြထားပါတယ်။
Read More

ဆေးဝါးပစ္စည်းများ သယ်ဆောင်ကာ ဂျပန်စစ်လေယာဉ် မြန်မာပြည်ကို လာရောက်မည်

ဆေးဝါးပစ္စည်းတွေ အစုံအလင်ပါဝင်မယ့် ဂျပန်စစ်တပ်ရဲ့ C-130 ကူညီကယ်ဆယ်ရေး လေယာဉ်ဟာ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံကို လာရောက်မယ်လို့ သိရပါတယ်။ ငလျင်ဘေးသင့် ပြည်သူတွေကို အဓိကကူညီဖို့ ၀န်ထမ်း အယောက် ၂၀ နဲ့ ဆေးဘက်ဆိုင်ရာ ကုန်ပစ္စည်း ၂ ဒသမ ၅ တန်ပါတဲ့ C-130 သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ SDF ( Self-Defense Force)အခြေစိုက်စခန်းကနေ မြန်မာနိုင်ငံကို ထွက်ခွာလာမှာ ဖြစ်ပါတယ်။