မကွေးတိုင်း ရေစကြိုမြို့နယ် ကျောက်ရစ်စခန်းကို အင်အားဖြည့်ဖို့လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ခြုံခိုကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ 𝗠𝘆𝗮𝘂𝗻𝗴 𝗦𝗽𝗲𝗰𝗶𝗮𝗹 𝗣𝗲𝗼𝗽𝗹𝗲 𝗗𝗲𝗳𝗲𝗻𝗰𝗲 𝗙𝗼𝗿𝗰𝗲 က သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၅ ရက် မနက်ပိုင်းက ရေစကြိုမြို့နယ် ကျောက်ရစ်စခန်းကို အကြမ်းဖက်စစ်တပ် အရာရှိအပြောင်းအလဲလုပ်ပြီး အင်အားဖြည့်တင်းဖို့ လာတဲ့ အင်အား ၁၀၀ လောက်ပါ စစ်ကြောင်းကိုတိုက်ခိုက်ခဲတာလို့ဆိုပါတယ်။

အကြမ်းဖက်စစ်ကြောင်းကို မြောင်မြို့နယ် သနပ်ကုန်းကျေးရွာတောင်ဘက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ခြုံခိုကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

အဲဒီနောက် ကျောက်ရစ်စခန်းကနေ တပ်ချိန်းပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို လည်း နနွားကိုင်း၊ ဆူးလေကုန်း၊ ရွှေတစ်ချောင်းကျေးရွာတွေရဲ့ ကြားတစ်နေရာမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေက ထပ်မံကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၀ ယောက်လောက်သေဆုံးကာ အများအပြားဒဏ်ရာရအထိနာသွားတာကြောင့် ရေစကြိုမြို့ကနေ လက်နက်ကြီး ၁၀ နဲ့ ပစ်ခတ်ကူပေးခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ်၅တပ်ရင်း၊ မြောင်မြို့နယ် ကျေးရွာတပ်ပေါင်းစု၊ စစ်ကိုင်းခရိုင်အမှတ်၂တပ်ရင်း၊ သွေးသောက်LPDF၊ မုံရွာခရိုင်အမှတ်၁၂တပ်ရင်း-တပ်ခွဲ၃၊ စစ်ကိုင်းခရိုင်အမှတ်၁တပ်ရင်း၊  စစ်ကိုင်းခရိုင်ထောက်ပို့တပ်ရင်း၊ 9 Brothers (Myaung)၊ 11 Brothers(Myaung)၊  မြင်းခြံခရိုင်အမှတ်၃တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်၁တပ်ရင်၊ 27RFလက်နက်ကြီးအဖွဲ့နဲ့ မြောင်မြို့နယ် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါ တယ်။

Video – Myaung Special People Defence Force

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်က အတွေ့အကြုံ ရှိပြီးသားမို့ တာဝန်ပေးရင် သမ္မတလုပ်နိုင်တယ်လို့ ဇော်မင်းထွန်း ပြော (ရုပ်/သံ)

ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ကျားဖြန့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ မင်းအောင်လှိုင် သမ္မတ လုပ်နိုင်တယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
Read More

ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်‌ရေးတပ်များ ထိုးစစ်ဆင်တိုက်ခိုက်၊ စစ်သားအလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်သားအလောင်း ၁၀ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ တယ်လို့ မြင်းခြံခရိုင် အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်စုကို ဒရုန်းဗုံးကြဲခဲ့သည့်ရုပ်သံ အမှတ် ၁၀၀၅ တပ်ရင်း ရှမ်းတောင် ထုတ်ပြန်

အကြမ်းဖက် စစ်ကော်မရှင်တပ်နဲ့ သူ့လက်အောက်ခံ PNA တပ်တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြို့သိမ်းတိုက်ပွဲတွေအတွက် အဓိကရည်ရွယ်တဲ့ End Point ကမ်ပိန်းကို တစ်လ ထပ်တိုးသတ်မှတ် (ရုပ်/သံ)

Myingyan Black Tiger (MBT) တပ်ဖွဲ့က ပြုလုပ်ထားတဲ့ End Point ကမ်ပိန်းကို သတ်မှတ်ကာလ တစ်လ ထပ်တိုးသတ်မှတ်ထားတယ်လို့ MBTတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြည်သူတွေထံ အသိပေးလာပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း ကျေးရွာများ မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဗိုလ်အပါအဝင် ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ Revolutionary Air Force – RAF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့နယ်အတွင်း ဆက်ကြေးကောက်ဖို့နှင့် ရိက္ခာရှာထွက်လာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ဆက်ကြေးကောက်ဖို့နဲ့ ရိက္ခာရှာထွက်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၁၀ ယောက်ခန့် သေဆုံးခဲ့တယ်လို့ ရွာဇော်ကြီးတော်လှန်အသံက ထုတ်ပြန်ထားပါတယ်။