စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မြောင်မြို့နယ်လမ်းခွဲဂိတ်မှာ ပိုက်ဆံတောင်းဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ T.G.R ပြည်သူ့ကာ ကွယ်ရေးတပ် ဗိုလ်တိုက်ဂါးက ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၈ ရက် မနက်ပိုင်းက မြောင်လမ်းခွဲဂိတ်မှာ ပိုက်ဆံတောင်းဖို့ ထွက်လာတဲ့ ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားတွေ သေဆုံးထိခိုက်မှုရှိနိုင်တယ်လို့ သိရပါတယ်။
“ပုံမှန် ကား၃စီး၊ အင်အားကတော့ ၃၀ လောက်ပါတယ်။အခု ကားက ရှေ့ဆုံးကား၊ သူတို့ ပိုက်ဆံတောင်းတဲ့နေရာ မရောက်ခင် မိတာ ၄၀၀ အကွာမှာ နှစ်ပွိုင့်၊ သူတို့ ပိုက်ဆံတောင်းတဲ့ နေရာမှာတစ်ပွိုင့်၊ မိုင်းဆွဲလိုက်တာ” လို့ T.G.R ပြည်သူ့ကာကွယ်ရေးတပ်မှ ဗိုလ်တိုက်ဂါးက မောင်းကို ပြောပါတယ်။
စစ်အုပ်စုဟာ မြောင်လမ်းခွဲအထိုင်စခန်းမှာ နေ့တိုင်းနီးပါး ခရီးသွား ပြည်သူတွေဆီကနေ ငွေကြေးကောက်ခံတာပြုလုပ်နေတဲ့အတွက် အခုလိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့ကနေ့တိုင်း လာတာ၊ မြောင်လမ်းခွဲက အထိုင်စခန်း၊ မြောင်လမ်းခွဲ အရှေ့ဘက် မြင်မူမြို့သွားတဲ့ လမ်းဘေးက အလ္လကပ္ပရွာကို ပိုက်ဆံလာတောင်းတာ” လို့ ဗိုလ်တိုက်ဂါးက ဆက်ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီနောက် စစ်အုပ်စုဟာ မြင်းမူဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊မြင်းမူမြို့နယ် ပကဖ၊ အလ္လကပ္ပ တိုက်နယ်ပကဖ၊ အမုန်းဗျင်းမဲ့ Drone Teams၊ မြောင်မြို့ မ တိုက်နယ်ပကဖ ကိုဝေလင်း၊ မြောင်မြို့ဖိုက်တာပြည်သူ့ကာကွယ်ရေးဖွဲ့တို့ပူပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
Video – ဗိုလ်တိုက်ဂါး