စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်က အမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီးထွက်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ မတ္တရာမြို့နယ်ပကဖဆီက သိရပါတယ်။

ဇန်နဝါရီ ၆ ရက် မနက် ၇ နာရီလောက်မှာ စစ်အုပ်စုအင်အား ၁၀၀ ဝန်းကျင်နဲ့ ရှိမ်းမကားကျေးရွာက ထွက်ခွာလာခဲ့ပြီး ကမ်းဖြူရွာထဲကို ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။

ကမ်းဖြူရွာထဲဝင်ရောက်လာချိန် အမျိုးသမီးကိုး‌ယောက်ကိုဖမ်းဆီး မုဒိမ်းကျင့်ပြီးနောက် တားဆေးတွေ ထိုးပြီးပြန်လွတ်လိုက်တယ်လို့ သိရပါတယ်။

အဲဒီနောက် ကမ်းဖြူရွာထဲကနေ ထွက်ခွာလာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ အပြန်အလှန်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။

(ဓာတ်ပုံ မတ္တရာမြို့နယ် ပကဖ)

” မုဒိမ်းကျင့်ခဲ့တဲ့ အမျိုးသမီးတွေက ကမ်းဖြူကျေးရွာဒေသခံတွေပဲ။ ဒီအမျိုးသမီးတွေ စစ်ကြောင်းမှာ ပိတ်မိသွားပြီးတော့ ဖမ်းဆီးခံရတဲ့အခြေနေမှာ ဒီအဓမ္မပြုကျင့်ခဲ့တာ” လို့ မတ္တရာမြို့နယ်ပကဖ သတင်းတာဝန်ခံ ဘိုတောက်က မောင်းကို ပြောပါတယ်။

အပြန်အလှန်ထိတွေ့မှုအတွင်း စစ်အုပ်စုဘက်က ၁၅ ယောက်ထက် မနည်းသေဆုံးပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ခုနှစ်‌ယောက် ကျဆုံးကာ လေးယောက်ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရရှိသူ လေးယောက်ကတော့ စိုးရိမ်ရတဲ့အခြေနေမဟုတ်ဘူးလို့ သိရပါတယ်။

ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီနောက် စစ်အုပ်စုဟာအနောက်ဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မတ္တရာမြို့နယ်ပကဖနဲ့ ရွှေဘိုခရိုင် တပ်ရင်း (၁၈) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့သိရပါတယ်။

(ဓာတ်ပုံ မတ္တရာမြို့နယ် ပကဖ)
0 Shares:
You May Also Like
Read More

အရာတော် အထက်တန်းကျောင်းရှေ့ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး စစ်သားများ ထွက်ပြေး၊ ဆိုင်ကယ် ၃ စီး၊ ခဲယမ်းအချို့နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ အထက်တန်းကျောင်းရှေ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို ပကဖ နဲ့ LDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးပြီး စခန်းစွန့်ခွာ ထွက်ပြေးကုန်ကြတယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဝက်လူးရွာမှာ တပ်စွဲထားသည့် စစ်အုပ်စုက ဒေသခံ ၅ ဦးကို သတ်ဖြတ်ကာ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊  နွားထိုးကြီးမြို့နယ်ထဲက ဝက်လူးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုဟာ ဒေသခံတွေကို သတ်ဖြတ်သွားသလို နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နွားထိုးကြီးနယ်ခံတွေဆီက သိရပါတယ်။
Read More

ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံ စစ်ကော်မရှင်တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်လာ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းတပ်မတော် TNLA နဲ့အတူ တိုက်ပွဲဝင်နေတဲ့ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကော်မရှင်တပ်သား ၁ ယောက် အလင်းဝင်လာတယ်လို့ အဆိုပါအဖွဲ့က အောက်တိုဘာလ ၂၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ရခိုင်ပြည်နယ်ရှိ တစ်နိုင်တစ်ပိုင် ဝမ်းစာရှာထွက်သည့် ရေလုပ်သားများကို စစ်အုပ်စု ဖမ်းဆီးသတ်ဖြတ်နေကြောင်း AA ထုတ်ပြန်

ရခိုင်ပင်လယ်ပြင်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ သင်္ဘောတွေက တစ်နိုင်တစ်ပိုင် ဝမ်းစာရှာထွက်တဲ့ ရေလုပ်သားတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ရှိနေတယ်လို့ အာရက္ခတပ်တော် AA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမှာ ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု တရုတ်ရှုံ့ချ

ပြီးခဲ့တဲ့အပတ်မှာ မန္တလေးက တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုကို တရုတ်နိုင်ငံက ရှုံ့ချခဲ့ပြီး ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ရေး အစွမ်းကုန်ကြိုးစားလုပ်ဆောင်ဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာလ ၂၁ ရက်မှာ ပြောပါတယ်။
Read More

စစ်ကိုင်း PDF ထံ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ကိုယ်စီနှင့် အလင်းဝင်

"လုံခြုံရေးအရ သူတို့အလင်းဝင်ရောက်လာတဲ့ တပ်ရင်းကိုတော့ ဖြေဆိုနိုင်ခြင်းမရှိပါခင်ဗျာ။‌ ကျနော်တို့ကိုဆက်သွယ်ပြီး တစ်ပတ်အတွင်းမှာ ရအောင်ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်" လို့ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) တာဝန်ခံ ရဲဘော်စစ်ငြိမ်းနိုင်က မောင်း ကိုပြောပါတယ်။