ယနေ့ ဇန်နဝါရီ ၉ ရက် နံနက်အစောပိုင်းမှာ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်ထဲက စစ်တပ်ဂိတ်စခန်း ၁၄ ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့ကိုပါ တော်လှန်ရေးပူးပေါင်းတပ်တွေက ယာယီစိုးမိုးထိန်းချုပ်နိုင်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၀ ထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
တောကျွဲအင်းမြို့ကို စိုးမိုးထိန်းချုပ်နိုင်ခဲ့အပြီး၊ စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရားအဆောက်အအုံများ၊ ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ နယ်မြေရဲစခန်းတို့ကို မီးရှို့ရှင်းလင်းခဲ့တယ်လို့သိရပြီး၊ သိမ်းဆည်းလက်နက်များကိုလည်း အခုလိုတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။
Video – Khee Jant