တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်အတွင်း နိုဝင်ဘာလကစတင်ကာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ထား၀ယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ပွဲတွေမှာ PDF ရဲဘော် ၃ ယောက်ကျဆုံးခဲ့ရတယ်လို့ ထား၀ယ်ခရိုင်တပ်ပေါင်းစု ကဆိုပါတယ်။
လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာကို နိုဝင်ဘာ ၁၀ ရက်ကနေ ဒီဇင်ဘာ ၂၉ ရက်အတွင်း စစ် ကြာင်းထိုး လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဟာ ကြည်း၊ ရေ၊လေ အသုံးပြုပြီး လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူအများအပြားကို အသုံးပြုခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတော့ ဒရုန်းနဲ့ ဗုံးသီးကြဲချကာ ဟန်ချက်ညီညီ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်က ရဲဘော် ၃ ယောက်ကျဆုံးကာ ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးကို ထားဝယ်ခရိုင်တပ်ပေါင်းစု၊ DDT၊ DNLA ဒူရကစစ်ကြောင်း၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ Guerrilla Dawei ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့၊ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့၊ ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ နဲ့ ဒေါနတပ်ခွဲ(၇) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
Video – ထားဝယ်ခရိုင်တပ်ပေါင်းစု