ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ မင်းလှမြို့နယ်များအတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀)ဦးခန့် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဆိုပါတပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ ရန်ကုန်တိုင်း ပကဖ အပါအဝင် တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ ဒရုန်းတပ်ဖွဲ့များနဲ့ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF) တို့က ဇန်နဝါရီလ (၇)ရက်၊ မနက်ပိုင်းအချိန်မှာ တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။

ဦးစွာ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်ရဲစခန်းမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇန်နဝါရီလ (၇)ရက်၊ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ဆည်၊ မြီးကောက်ပင်ရွာ ပျူစောထီးစခန်းကိုလည်း  တော်လှန်ရေးပူးပေါင်းတပ်တွေက ဇန်နဝါရီလ (၇)ရက်၊ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၉)ဦးခန့် သေဆုံးပြီး စခန်းကို သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဇန်နဝါရီလ (၇)ရက်၊ မနက်ပိုင်းမှာပဲ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန် – ပြည် အမြန်လမ်းရှိ၊ စစ်ကွင်းတာဆုံ ရဲကင်းစခန်း နှင့် တာဆုံဘုရားအနီးတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)ဦးခန့် သေ‌ဆုံးပြီး၊ (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်(၁)ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

၎င်းတိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ ရန်ကုန်တိုင်းပကဖ အပါအဝင် တပ်ရင်း၊ တပ်ဖွဲ့များနှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းပြီး ဟန်ချက်ညီ စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေအတွင်း စစ်ဆင်ရေးများကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်တာကြောင့် ပြည်သူများအနေနဲ့ အကြမ်းဖက်စစ်‌‌တပ်စခန်းများ အနီးဝန်းကျင်သို့ မလိုအပ်ဘဲ သွားရောက်ခြင်းများ မပြုကြဖို့နဲ့ စစ်ရေးသတိနဲ့ နေထိုင်သွားလာကြဖို့  အသိပေးထုတ်ပြန်ထားပါတယ်။

Video – ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရန်ကုန်ပကဖ

0 Shares:
You May Also Like
Read More

သား သတိရတယ် မေမေ (ရုပ်/သံ)

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်စေချင်ကြောင်း ဗီဒီယိုအတိုလေးကို ဒီဇင်ဘာ ၂၂ရက်မှာ သားဖြစ်သူ ကိုထိန်လင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့ပါတယ်။
Read More

တန့်ဆည်မြို့နယ်အတွင်း စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၅ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အရှေ့ခြမ်းမှာ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးခဲ့တယ်လို့ ပ.က.ဖ တန့်ဆည်မြို့နယ်က သတင်းထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမြို့အရှေ့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းအား လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် လယ်သစ်ရွာမှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၇၀ ခန့်ဟာ မြင်းခြံမြို့နယ်အရှေ့ဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် ဒီဇင်ဘာ ၁၃ ရက်က ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

ဆီမီးထွန်းရင်း အမှောင်တိကျခဲ့ရသည့် ချောင်းဦးဖြစ်စဉ်က အပြစ်မဲ့ပြည်သူများ (ရုပ်သံ)

‎ပြီးခဲ့တဲ့ ၂၀၂၅၊ အောက်တိုဘာလ ၆ ရက်သီတင်းကျွတ် လပြည့်ည၊ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ကျေးရွာတရွာမှာ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ရိုးရာမပျက် ဆင်နွှဲရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက် လှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်း တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၇ ယောက်ကို ရှင်းလင်းကာ စစ်ယာဉ် ၂ စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့က ထွက်လာတဲ့ သံပြားကာယာဉ် ၂ စီးကို မုံရွာ-မန္တလေးလမ်းပိုင်းမှာ မတ်လ ၄ ရက် ညနေပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သား ၁၇ ယောက်ကို ရှင်းလင်းပြီး စစ်ယာဉ် ၂ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ Union Liberation Front - ULF V 02 ထံက သိရပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ် စစ်တပ်အထိုင်ချ တပ်စွဲထားတဲ့ နေရာတွေကို ဒရုန်းနဲ့တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီ အထိုင်ချတပ်စွဲထားတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကို ၂ ရက် ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) က ရုပ်သံနဲ့တကွ မနေ့က ဇန်နဝါရီ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။