မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ အကြမ်းဖက် စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရင်း တပ်စွဲထားတဲ့ ဝန်ထမ်းအိမ်ရာကိုပါ တစ်ပါတည်း မီးရှို့ရှင်းလင်းခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း (၃) သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ (၆) ရက်နေ့က တောင်သာမြို့အစွန်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုတွေကို မြင်းခြံခရိုင်တပ်ရင်း (၃) တပ်ဖွဲ့ဝင်တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဲဒီတိုက်ခိုက်မှုအတွင်းစစ်အုပ်စုဘက်က နှစ်ယောက်သေဆုံးပြီး ထွက်ပြေးကုန်တာကြောင့် တပ်စွဲရာ ဝန်ထမ်းအိမ်ရာထဲ ဝင်ရောက်ရှင်းလင်းခဲ့တာလို့ မြင်းခြံခရိုင်တပ်ရင်း (၃) သတင်း တာဝန်ရှိသူက ပြောပါတယ်။

ရှင်းလင်းရေးလုပ်ဆောင်ရာမှာ စကမယူနီဖောင်းတွေ လွယ်အိတ်တွေနဲ့ ကျည်ကာအင်္ကျီတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုလုပ်ဆောင်နေချိန်မှာပဲ တောင်သာမြို့ပေါ်ကနေ လက်နက်ကြီး ၆၀ မမ နဲ့ ၄၀ မမတွေ ကာပစ်ရင်း စစ်အုပ်စုကားတွေ ထွက်ခွာလာတာကြောင့် တပ်ဖွဲ့ဝင်တွေလည်း အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

“အစကတည်းက တိုက်ပွဲ ဖြစ်တာဗျ။ သူတို့ဘက်က နှစ်ယောက်သေတယ်။ ကျနော်တို့ဝင်တော့ ထွက်ပြေးကြတယ်။ သိမ်းဆည်းရရှိတာမျိုးတော့မရှိဘူး။ တိုက်ပွဲဖြစ်ပြီးမှမီးရှို့တာ။ နောက်မှ မြို့ထဲကနေ သာလွန်အင်အားနဲ့ သူတို့ပြန်ထိုးလာလို့ ဆုတ်ခဲ့တာပါ” လို့ မြင်းခြံခရိုင်တပ်ရင်း (၃) သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တောင်သာမြို့နယ်အတွင်းက စစ်အုပ်စုတပ်စွဲရာစခန်းတွေကို မြင်းခြံခရိုင် တပ်ရင်း (၃) က မကြာခဏဆိုသလို ဝင်ရောက်တိုက်ခိုက်လေ့ရှိပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းကလည်း ရုံးစည်ကြီးတိုက်နယ်ရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

လက်ရှိအခြေအနေအရလည်း မြင်းခြံခရိုင်ထဲက မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ်တွေမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေကလည်း စစ်ရေးအသိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုဝန်ထမ်းအိမ်ရာ မီးလောင်နေသည်ကိုတွေ့ရစဥ် (ဓာတ်ပုံ မြင်းခြံခရိုင် တပ်ရင်း ၃)

0 Shares:
You May Also Like
Read More

နောင်ချို၊ တောင်ခမ်းရွာကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံး သုံးလုံးကြဲချ တိုက်ခိုက်

နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာကို စစ်တပ်က လေကြောင်းကနေ အဆိပ်ငွေ့ ဗုံးသုံးလုံးကြဲချ တိုက်ခိုက် ခဲ့တယ်လို့ TNLA က ဒီနေ့ ဧပြီ ၆ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဆီဆိုင်မြို့နယ်၊ နောင်ဗိုကျေးရွာကို တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ဗိုကျေးရွာကို အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ နေအိမ် ၁ လုံးထိခိုက်ပျက်စီးပြီး ပြည်သူတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမှာ ဆက်ကြေးကောက် ထွက်လာတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်မှာ ဆက်ကြေးကောက်ဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲခံရပြီး ခြေပြတ်လက်ပြတ်နဲ့ ထိခိုက်ဒဏ်ရာအများအပြားသွားကြောင်း လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ -၃ က သတင်းထုတ်ပြန်ပါတယ်။
Read More

ပုသိမ်ကြီးနှင့် မတ္တရာအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း MDY PDF ထုတ်ပြန်၊ စစ်ကောင်စီအလောင်း ၆ လောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနဲ့ မြကန်သာကျေးရွာတို့ကို စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်လာမှုတွေ ရှိနေပေမယ့် အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း MDY PDF သတင်းထုတ်ပြန်ပါတယ်။
Read More

သရက်ခရိုင်အတွင်း စစ်ကောင်စီက ကာမီကာဇေအသေခံဒရုန်းများ အသုံးပြုတိုက်ခိုက်လာ

သရက်ခရိုင်အတွင်းက တိုက်ပွဲတွေထဲမှာ အကြမ်းဖက်စစ်ကောင်စီက ကာမီကာဇေ အသေခံဒရုန်းတွေ အသုံးပြုတိုက်ခိုက်လာကြောင်း သရက်ခရိုင်၊ တပ်ရင်း ၄ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။
Read More

စစ်တပ်ထောက်ခံသူ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ ထောက်ခံတဲ့ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။