မကွေးတိုင်း ၊ ရေစကြိုကနေ ကျောက်ရစ်အထိုင်စခန်းထဲကို အကြမ်ဖက်စစ်တပ် အရာရှိအပြောင်းအလည်း ပြုလုပ်ပြီး လူအင်အားဖြည့်ဖို့ ထွက်လာတဲ့စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ် အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူတွေရှိတယ်လို့ လျှပ်စီးတပ်ခွဲ မုံရွာခရိုင် အမှတ် (၁၂) တပ်ခွဲ (၃) ဆီက သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်အုပ်စုဘက်က ၁၀ ယောက်သေဆုံးပြီး ၁၃ ယောက် ထိမှန်ဒဏ်ရာရခဲ့တာကြောင့် ရေစကြိုဘက်ကနေ လက်နက်ကြီးပစ်ကူမှု ၁၀ ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်ချင်ပေမယ့်လည်း လုံခြုံရေးအရ ရှင်းလင်းရေးကို မနက်ပိုင်းမှသာ လာရောက်လုပ်ဆောင်ခဲ့တယ် လို့ဆိုပါတယ်။

ဇန်နဝါရီ ၅ ရက် မနက် ၁၀ နာရီလောက်မှာ စစ်အုပ်စုဟာ အင်အား ၁၀၀ ဝန်းကျင်နဲ့ လူအင်အားဖြည့်ဖို့ ထွက်လာချိန် မြောင်မြို့နယ် သနပ်ကုန်းကျေးရွာတောင်ဘက်အရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက် ညနေ ၄ နာရီ ၁၅ မိနစ်လောက် စစ်အုပ်စုအချိန်းအပြောင်းလုပ်ပြီး ထွက်ခွာလာချိန် နနွင်းကိုင်း၊ဆူးလေကုန်း၊ ရွှေတစ်ချောင်းကျေးရွာကြားမှာ ကာကွယ်ရေးတပ်ဖွဲ့ တွေက ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ၁ နာရီခွဲလောက်ဖြစ်ပွားခဲ့တယ်လနုသိရပါတယ်။

” နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာမှာ ကျနော်တို့ဘက်က အားကောင်းကောင်းနဲ့ လုပ်ဆောင်ခဲ့တာ။ သူတို့ဘက်ကပြေးသွားတဲ့ အတွက် ကျနော်တို့ပြန်ဆုတ်ခဲ့ရတယ်။ ပထမအကြိမ်တော့စဉ်းစားသေးတယ်။ သူတို့ပစ်သွားတဲ့နေရာတောက်လျှောက် ရှင်းလင်းရေးဝင်မလား။  ရှင်းလင်းရေးဝင်မယ်ဆိုရင်လည်း အနည်းအကျဉ်းတော့ ပစ္စည်းဘာညာရနိုင်တဲ့အနေအထားရှိတယ်။ မိုးချုပ်သွားတဲ့အတွက်ကြောင့် ရဲဘော်တွေလည်း Safe မဖြစ်မှာစိုးလို့ အန္တရာယ်လည်းများတယ်ဆိုတော့ မနက်ကျမှရှင်းလင်းရေးလုပ်ခဲ့တာ” လို့ လျှပ်စီးတပ်ခွဲမုံရွာခရိုင်အမှတ် (၁၂) တပ်ခွဲ (၃) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲမုံရွာခရိုင်အမှတ် (၁၂) တပ်ခွဲ (၃)၊ MGY ရေနံဂါးအဖွဲ့ ၊ စစ်ကိုင်းခရိုင်အမှတ်၅တပ်ရင်း၊ မြောင်မြို့နယ်ကျေးရွာတပ်ပေါင်းစု၊စစ်ကိုင်းခရိုင်အမှတ်၂တပ်ရင်း၊ သွေးသောက်LPDF၊စစ်ကိုင်းခရိုင်အမှတ်၁တပ်ရင်း၊ စစ်ကိုင်းခရိုင်ထောက်ပို့တပ်ရင်း၊9 Brothers (Myaung) ၊11 Brothers (Myaung)၊မြင်းခြံခရိုင်အမှတ်၃တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်၁တပ်ရင်း-27RF လက်နက်ကြီးအဖွဲ့၊ မြောင်မြို့နယ်ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။

0 Shares:
You May Also Like
Read More

ဧရာဝတီသားတွေ တော်လှန်ရေးမှာ ခြေသံမကျယ်ဘဲ ကျရာတာဝန် ထမ်းခဲ့ကြတယ်၊ ၂၀၂၅ မှာ ဧရာဝတီဟာ အရေးကြီးတဲ့ စစ်မျက်နှာ ဖြစ်တယ်ဟု NUG ဝန်ကြီးချုပ် ပြော

၂၀၂၅ ခုနှစ်ဟာ မြန်မာတစ်နိုင်ငံလုံး စစ်မျက်နှာစုံ ဖွင့်တိုက်မယ့်နှစ် ဖြစ်ပြီး ဧရာဝတီတိုင်းဟာ အရေးကြီးတဲ့ စစ်မျက်နှာ ဖြစ်လာမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အသိပေး ပြောကြားလိုက်ပါတယ်။
Read More

ခမောက်ကြီးတွင် စစ်ကောင်စီသတင်းပေး မူးယစ်ဆေးရောင်းဝယ်သူနှင့် အုပ်ချုပ်ရေးမှူး တစ်နေ့တည်း ပစ်ခတ်ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ စစ်ကောင်စီသတင်းပေး မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားနေသူနဲ့ အုပ်ချုပ်ရေးမှူးတို့ကို တစ်နေ့တည်းမှာ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီကို အွန်လိုင်းပေါ်မှာ ဝေဖန်လို့ ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ ၁၈၀၀ ကျော်သွားပြီ၊ လစဉ် လူဦးရေ ၅၀ လောက် ဖမ်းဆီးခံနေရ

စစ်အာဏာသိမ်း (၃)နှစ်ကျော်အတွင်း လူမှုကွန်ယက်မှာ စစ်ကောင်စီကို ဝေဖန်ပြီး တော်လှန်ရေးအင်အားစုတွေကို ထောက်ခံမိလို့ ဖမ်းဆီးခံရသူ အရေအတွက်ဟာ နိုင်ငံတဝန်းမှာ ၁၈၀၀ ကျော်သွားပြီလို့ Data For Myanmar က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင်တွင် စစ်အုပ်စု လေကြောင်းတိုက်ခိုက်ကာ စစ်ကြောင်းထိုးနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ ၁လနီးပါးကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေတဲ့အတွက် အရပ်သား ထိခိုက်သေဆုံးမှုတွေရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းညီနောင်နှင့်အတူ 96 Soldiers PDF (အညာတပ်ခွဲ) ပါဝင်တိုက်ခိုက်ခဲ့၊ ရဲဘော် ၁ ဦး အသက်ပေးလှူကာ ၂ဦး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နိုင်ခဲ့မှုမှာ ချင်းညီနောင်တပ်ဖွဲ့တွေနဲ့အတူ  96 Soldiers PDF (အညာတပ်ခွဲ) ကလည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း အသိပေးထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီးနယ်တွင် အကြမ်းဖက် စစ်ကော်မရှင် စက်တပ်လေထီးဖြင့် ပစ်ခတ်လို့ ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။