ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ မင်းလှမြို့နယ်များအတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀)ဦးခန့် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဆိုပါတပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ ရန်ကုန်တိုင်း ပကဖ အပါအဝင် တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ ဒရုန်းတပ်ဖွဲ့များနဲ့ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF) တို့က ဇန်နဝါရီလ (၇)ရက်၊ မနက်ပိုင်းအချိန်မှာ တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။

ဦးစွာ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်ရဲစခန်းမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇန်နဝါရီလ (၇)ရက်၊ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ဆည်၊ မြီးကောက်ပင်ရွာ ပျူစောထီးစခန်းကိုလည်း  တော်လှန်ရေးပူးပေါင်းတပ်တွေက ဇန်နဝါရီလ (၇)ရက်၊ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၉)ဦးခန့် သေဆုံးပြီး စခန်းကို သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဇန်နဝါရီလ (၇)ရက်၊ မနက်ပိုင်းမှာပဲ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန် – ပြည် အမြန်လမ်းရှိ၊ စစ်ကွင်းတာဆုံ ရဲကင်းစခန်း နှင့် တာဆုံဘုရားအနီးတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)ဦးခန့် သေ‌ဆုံးပြီး၊ (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်(၁)ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

၎င်းတိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ ရန်ကုန်တိုင်းပကဖ အပါအဝင် တပ်ရင်း၊ တပ်ဖွဲ့များနှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းပြီး ဟန်ချက်ညီ စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေအတွင်း စစ်ဆင်ရေးများကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်တာကြောင့် ပြည်သူများအနေနဲ့ အကြမ်းဖက်စစ်‌‌တပ်စခန်းများ အနီးဝန်းကျင်သို့ မလိုအပ်ဘဲ သွားရောက်ခြင်းများ မပြုကြဖို့နဲ့ စစ်ရေးသတိနဲ့ နေထိုင်သွားလာကြဖို့  အသိပေးထုတ်ပြန်ထားပါတယ်။

Video – ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရန်ကုန်ပကဖ

0 Shares:
You May Also Like
Read More

ကော့သောင်းမြို့နယ်အတွင်း ရွေးကောက်ပွဲအတု လုံခြုံရေးယူရန်လာသည့် စစ်သင်္ဘောနှင့် စက်လှေများကို ကြားဖြတ်တိုက်ခိုက် (ရုပ်သံ)

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲအတွက် လုံခြုံရေးယူဖို့လာတဲ့ စစ်သင်္ဘောနဲ့ စက်လှေတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပျံလွှားပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပြန်လည်တည်ဆောက်နေတဲ့ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၂ ယောက်အပြင်းအထန်ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း ရွှေကျင်မြို့နယ် ညောင်ခြေထောက်ကျေးရွာရှိ စစ်ကော်မရှင်ရဲ့ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်က စစ်ကော်မရှင်က ပြန်လည်တည်ဆောက်နေတဲ့ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆင်ရွာဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရပါတယ်။
Read More

ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)မှ ရဲဘော်အသစ်များ ခေါ်ယူနေ (ရုပ်/သံ)

တောင်ပိုင်းစစ်ဒေသ ၊ အမှတ်(၃၂) ဗျူဟာ၊ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)မှ တာဝန်ထမ်းဆောင်ဖို့ ရဲဘော်အသစ်တွေကို လက်ခံခေါ်ယူနေတယ်လို့ သိရပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အိုးတိန်တွင်းရွာ ကလေးငယ်များအတွက် အမိန့်ပြန်တမ်းထုတ်ပြန် (ရုပ်/သံ)

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းအတွင်း သေဆုံးခဲ့ရတဲ့ ကလေးငယ်ကျောင်းသား၊ ကျောင်းသူများအတွက် အမိန့်ပြန်တမ်းထုတ်ပြန်ခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။
Read More

ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ၏ မောရအောင်သံ တော်လှန်သံချပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျောင်းသားများသမဂ္ဂက မောရအောင်သံအမည်နဲ့ တော်လှန်သံချပ်ထိုးခဲ့ပါတယ်။
Read More

မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှ တပ်ရင်းရိက္ခာအတွက် ဆောင်းရာသီ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ် (ရုပ်/သံ)

မုံရွာခရိုင်အမှတ် (၃) တပ်ရင်းက တပ်တွင်းလိုအပ်တဲ့ ရိက္ခာဖြည့်တင်းနိုင်ဖို့ ‌‌ဆောင်းရာသီ ဟင်းသီး ဟင်းရွက်တွေ စိုက်ပျိုးထားပုံကို ရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။