အကြမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေဆုံပြီး ဓာတ်ပုံရိုက်ခံခဲ့တဲ့ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရီဆာပါရန်နိုလာဇာဇိုကို အရပ်ဘက်အဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။

အာဆီယံမှာ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ မြန်မာ့အရေးကို ဖြေရှင်းဖို့ လာခဲ့တဲ့ခရီးစဥ်ဖြစ်ပေမဲ့၊ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အခုလို စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့မှုဟာ အချိန်မှား၊ ပြင်ဆင်မှုအမှားဖြစ်ခဲ့တဲ့အပြင် စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေးသမားတွေ အကြိုက်တွေ့စေတဲ့ မင်းအောင်လှုင်နဲ့အတူ ဓာတ်ပုံရိုက်ခံခဲ့တဲ့အထိ အစစအရာရာ မှားယွင်းခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက်ပညာ့ရှေ့ဆောင်အဖွဲ့က မြန်မာ့အရေးလှုပ်ရှားသူ Igor Blazevic က သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ‌ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီတွေ့ဆုံထုတ်ပြန်မှုဟာ စစ်အာဏာရှင်က မြန်မာနိုင်ငံရဲ့ တရားဝင် အကြီးအကဲဖြစ်ကြောင်း ညွှန်ပြနေသလိုဖြစ်စေတဲ့ပုံရိပ်တွေ ထွက်ပေါ်လာစေနိုင်တာကြောင့်၊ ဒါဟာ စစ်အာဏာရှင်ဘက်မှ ရပ်တည်ပြီး အကြမ်းဖက်မှု မြင့်တက်လာစေဖို့ အားပေးတဲ့လုပ်ဆောင်ချက်ဖြစ်စေခဲ့တယ်လို့လည်း ၎င်းကဆိုတာပါ။

“ရာဇဝတ်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေကို ထောက်ခံတာက သံတမန်ရေး မဟုတ်သလို၊ ကြားဝင်စေ့စပ်မှုလည်း မဟုတ်ပါဘူး။ ဒါဟာ စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေကို ဖြေလျှော့ပေးရာရောက်သလို စစ်အုပ်စု အုပ်ချုပ်မှုအောက်မှာ အ‌ခြေနေတွေ ပုံမှန်ဖြစ်အောင် ပြုလုပ်ပေးရာရောက်လို့  ရာဇဝတ်မှုတွေ ပိုမိုဖြစ်ပွားလာစေဖို့ အားပေးမှု ဖြစ်စေတယ်”  လို့ Defend Myanmar Democracy အဖွဲက အလားတူ ပြောဆိုထားပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကို ၃ ရက်တာ ရောက်ရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရီဆာပါရန်နို လာဇာဇိုကို ဟာ ဇန်နဝါရီလ ၆ ရက် မနေ့က စစ်ခေါင်းဆောင်မင်းအောင်လှိုင် အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တချို့နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံအစိုးရဟာ ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ်  တာဝန်ရယူပြီးနောက်ပိုင်း နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာကို အာဆီယံအထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူစေခဲ့ပြီး၊ အာဏာသိမ်းစစ်‌ခေါင်းဆောင် မင်းအောင်လှိုင်လိုက်နာခြင်းမရှိတဲ့ အာဆီယံရဲ့ဘုံသဘောတူညီချက်ငါးရပ် ဆက်လက်အကောင်အထည်ရေး လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားတာပါ။

အာဏာသိမ်းပြီး‌နောက်ပိုင်း ၂၀၂၁ ခုနှစ် ဧပြီလကတည်းက အတည်ပြုချမှတ်ခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်နဲ့ပတ်သက်လို့ အကြမ်းဖက်စစ်တပ်‌တော့ လေးနှစ်ကျော်ကြားလာပြီဖြစ်တဲ့ ခုထိတိုင်အောင် အကောင်အထည်မဖော်ဘဲ မသိကျိုးကျွံနေခဲ့တာပါ။

အာဆီယံအတွင်း မြန်မာစစ်အုပ်စုရဲ့ ပါဝင်မှုအားလုံးကို ချက်ချင်းရပ်တန့်ဖို့နဲ့ စစ်အုပ်ကို အကာအကွယ်ဖြစ်စေတဲ့ တိတ်တဆိတ် သံခင်းတမန်ခင်း သို့မဟုတ် နှစ်ကိုယ်ကြား ကြားဝင်စေ့စပ်ညှိနှိုင်းမှု တွေကို လုံးဝငြင်းပယ်တယ်လို့ လူမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Defend Myanmar Democracy က ပြီးခဲ့တဲ့နှစ်အတွင်းက ထုတ်ပြန်ခဲ့ပါတယ်။

အာဆီယံဟာ စာသင်ကျောင်းတွေနဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်တာ၊ သန်းနဲ့ချီတဲ့ပြည်သူ‌တွေကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်စေတာတွေ အပါအဝင် စစ်ရာဇဝတ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စုကို ထိရောက်တဲ့အရေးယူမှု လုပ်ဆောာင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ယင်းအဖွဲ့က ထုတ်ပြန်ထားပြီး၊ အာဆီယံအနေနဲ့ ၄င်းတို့ရဲ့ အောင်မြင်မှု မရှိတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ကျော်လွန်ပြီး၊ မြန်မာ့အရေးကို မြန်မာပြည်သူတွေက ဦးဆောင်နိုင်တဲ့ ဖြေရှင်းနည်းတစ်ရပ်ကို အားပေးလုပ်ဆောင်ဆောင်ဖို့ တောင်းဆိုထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ ဖမ်းဆီးသွားတဲ့ ထိုင်းနိုင်ငံသား ၄ယောက် လွတ်မြောက်ရေး အစွမ်းကုန်ကြိုးပမ်းမယ်လို့ ထိုင်း ပြော

မြန်မာနိုင်ငံရေပိုင်နက်ထဲကို ကျော်လွန်လာတယ်ဆိုပြီး ထိုင်း ငါးဖမ်းလှေကို စစ်ကောင်စီက ဖမ်းဆီးထားမှုအပေါ် ဖမ်းဆီးခံရတဲ့ နိုင်ငံသားတွေ လွတ်မြောက်ဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ ထိုင်းအစိုးရကနေ ထုတ်ပြောလာပါတယ်။
Read More

မြန်မာ့ငလျင်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၉.၇၅ သန်း ကနေဒါ ထောက်ပံ့မယ်

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ခံနေရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၉.၇၅ သန်း ပေးအပ်သွားမယ်လို့ ကနေဒါအစိုးရက ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုဟာ အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ထရန့် ဆက်လက်သက်တမ်းတိုး

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားမှုဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ဆက်လက်သတ်မှတ်ပြီး စစ်ဗိုလ်ချုပ်တွေကိုလည်း ဆက်လက်အရေးယူပိတ်ဆို့ထားဦးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။ 
Read More

အာဆီယံ၏ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖော်သည့် မြန်မာစစ်အုပ်စုအား အာဆီယံ အစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်

မြန်မာ့နိုင်ငံအရေးအတွက် အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကြမ်းဖက်မြန်မာစစ်တပ်က အကောင်အထည်မဖော်တာကြောင့် အာဆီယံအစည်းအဝေးတွေကို မြန်မာစစ်ခေါင်းဆောင်တွေ တက်ရောက်ခွင့် ဆက်ပိတ်ထားမယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးက ထုတ်ပြန်လိုက်ပါတယ်။
Read More

ဂျပန်နိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့် မွေးနေ့အကြိုနှင့် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲ (ဓာတ်ပုံသတင်း)

မတရားဖမ်းဆီး အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)ပြည့် မွေးနေ့အကြိုနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေး၊ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲကို ဂျပန်နိုင်ငံ၊ Shizuokaခရိုင်၊ Gotenba မြို့က ငြိမ်းချမ်းရေးစေတီမှာ ကျင်းပခဲ့တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကူညီကယ်ဆယ်ရေးများ လုပ်နိုင်ဖို့အတွက် ထိရောက်သည့် အပစ်ရပ်ရေးလုပ်ဆောင်ကြဖို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

လက်ရှိ မြန်မာပြည်မှာ ကြုံတွေ့နေရတဲ့ ငလျင်ဘေးအတွက် စင်္ကာပူအနေနဲ့ အကူအညီတွေ ပေးအပ်ထားကြောင်းနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ထိရောက်တဲ့ အပစ်အခတ်ရပ်စဲရေးတွေကို မျှော်လင့်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က မတ်လ ၃၀ ရက်မှာ ပြောပါတယ်။