မကွေးတိုင်း သရက်မြို့နယ် ဆင်ကော်ရဲစခန်းကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁၄ ရက်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ သရက်ခရိုင် အမှတ် – ၄ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းကစတင်ပြီး သရက်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်သား ၃၅ ယောက်လောက် ရှိတဲ့ ဆင်ကော်ရဲစခန်းကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဆင်ကော်ရဲစခန်းထဲကို ၁၂၂ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ၆၀ မမ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ဘက်က ကပစ ၁၂ ကနေ လက်နက်ကြီးပစ်ကူ၊ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ရေး ဒရုန်းတွေ ပစ်ကူခုခံခဲ့ပြီး အင်အား ၆၀ လောက်နဲ့ သံပြားကာကား ၂ စီး စစ်ကူပို့ဆောင်ခဲ့ရာ သရက်မြို့နယ် စက်တောင်ကျေးရွာအနီး ကား ၁ စီးအရှိန်လွန်တိမ်းမှောက်ပြီး အများအပြားဒဏ်ရာရရှိသွားတာကြောင့်နောက်ကို ပြန်ဆုတ်ပြေးသွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၈ ရက်ကလည်း သရက်မြို့ရဲစခန်းမှူးနဲ့ အင်အား ၅၀ လောက်ဟာ ဆင်ကော်ရဲစခန်းကိုတပ်ကူ ထွက်လာခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်မှာ သရက်မြို့နယ် အောက်မမြင့်ကျေးရွာကို စစ်ကြောင်းထိုးဝင် ရောက်ပြီး နေအိမ်ရှိ တန်ဖိုးရှိပစ္စည်းများကို ခိုးယူသွားတဲ့အပြင်ရွာသူရွာသားတွေကိုလူသားဒိုင်အဖြစ် အသုံးပြုကာ ရွာအတွင်း တပ်စွဲခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဇန်နဝါရီ ၃ ရက်မှာ ကပစ ၁၂ ကနေ အင်အား ၁၀၀ လောက်တင်ဆောင်ထားတဲ့ ကား ၃ စီးနဲ့ တပ်ကူထွက်လာခဲ့ပြီး မင်းတုန်းမြို့နယ် ပုဇင်းဒါးကျေးရွာအနီးအရောက် တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ကား ၂ စီး ပျက်စီးပြီး စစ်‌ကော်မရှင်တပ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိ သွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၅ ရက်က အောင်လံမှာ အင်အား ၂ဝဝ လောက်တဲ့ရှိ စစ်ကော်မရှင်တပ်သားတွေဟာ သရက်-မင်း တုန်းလမ်းပိုင်းပေါ် ကျောက်ကြီးကျေးရွာနဲ့ ညောင်ကြပ်ကျေးရွာကြား ဖြန့်ကျက်နေရာယူထားပြီး ဇန်နဝါရီ ၆ ရက် မနေ့က မင်းတုန်းမြို့နယ် ၅ မိုင်စစ်ဆေးရေးဂိတ်ကို ရောက်ရှိလာပြီး ဆင်ကော်ရဲစ ခန်းကို တပ်ကူပေးဖို့နဲ့ ‌ရွေးကောက်ပွဲအတွက် နယ်မြေထိန်းချုပ်ရေး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေ တယ်လို့ သိရပါတယ်။

ဆင်ကော်ရဲစခန်းကို တိုက်ခိုက်ခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၂၄ ရက်ကနေ ၂၀၂၆ ဇန်နဝါရီ ၆ ရက်အထိ ၁၄ ရက်အတွင်း စစ်ကော်မရှင်တပ်သား ၅ ယောက် သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားပြီး အသေခံဒရုန်း ၂ စီးကို သိမ်းပိုက်ဖျက်ဆီး နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဆင်ကော်ကျေးရွာနဲ့ မြို့လှကျေးရွာနေ ပြည်သူနေအိမ်တွေထဲ ပျက်စီးမှုရှိခဲ့ပြီး ဒေသခံအများအပြား အရေးပေါ်စစ်ရှောင်နေရကာ သရက်၊ ကံမ၊ မင်းတုန်းမြို့နယ်များအတွင်း စစ်ကော်မရှင်တပ်သား ၅၀၀ လောက် စစ်ကြောင်းထိုးနေပြီး စစ်ရေးအခြေအနေတင်းမာနေတာကြောင့် ပြည်သူတွေအနေနဲ့ သတိပြုသွားလာနေထိုင်ကြဖို့ သရက်ခရိုင် အမှတ် – ၄တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။

Video – သရက်ခရိုင် အမှတ် – ၄တပ်ရင်း

0 Shares:
You May Also Like
Read More

မိုးကုတ်မြို့နယ် ရေထွက်ကြီးကျေးရွာကို စစ်ကော်မရှင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ အမျိုးသား ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် ရေထွက်ကြီးကျေးရွာကို စစ်ကော်မရှင်က တိုက်လေယာဉ်နဲ့ အောက်တိုဘာ ၁ ရက် မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေ ထွက်ပြေးရင်း ရေထဲပစ်ချသွားတဲ့ လက်နက်တွေကို တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆယ်ယူ (ရုပ်/သံ)

ကချင်ပြည်နယ် အထူးဒေသ ၁ တရုတ်-မြန်မာ ကန်ဖန့်ရွာကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သားနဲ့ ပြည်သူ့စစ်တွေ ရေထဲပစ်ချသွားတဲ့ လက်နက်တွေကို ပြန်လည်ဆယ်ယူခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

လေရှီးမြို့မှာ မိုးအဆက်မပြတ်ရွာသွန်မှုကြောင့် လူနေရပ်ကွက်အတွင်း မြေပြိုမှုဖြစ်ပွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် လူနေရပ်ကွက်အတွင်း မြေပြိုမှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

မြင်းခြံ-တောင်သာလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး အယောက် ၂၀ သေကာ လက်နက်တွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံ-တောင်သာလမ်းပေါ်မှာ အင်အား ၁၀၀ ခန့်ရှိ ခမရ ၁၅၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေ စီးနင်းလာတဲ့ ယာဉ်တန်းကို ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ အယောက် ၂၀ ခန့်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်သားများကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၉ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၉ ယောက် သေဆုံးခဲ့တယ်လို့ Black Vote Fighter Local PDF က သတင်းထုတ်ပြန်ထားပါတယ်။