စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရေယာဉ်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ 5/ Commando Force ကသတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၆ ရက်က ချောင်းဦးမြို့နယ် အမြင့်စခန်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက် လာတဲ့ အကြမ်းဖက်စစ်တပ်ရေယာဉ်ကို ဆားလင်းကြီးမြို့နယ်တစ်နေရာအရောက် တော်လှန်ရေး ပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ရှေ့ထွက်ပြောင်းတွေအသုံးပြုပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သား ၂ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကာ အကြမ်းဖက် စစ်တပ်ရဲ့ မအူဂိတ်ကနေ လက်နက်ကြီး ပစ်ကူပေးခဲ့ပေမယ့်တော်လှန်ရေးရဲ ဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်(Salingyi)တပ်ဖွဲ့၊  မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၂) တပ်ခွဲ 5/Commando Force နဲ့အတူ မဟာမိတ်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

Video – 5/ Commando Force

0 Shares:
You May Also Like
Read More

ကရင်နီစစ်ဒေသ တပ်ရင်းအမှတ် ၁၁၀၅ ဘောလခဲ PDF ဖွဲ့စည်းထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနား (ရုပ်/သံ)

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကရင်နီစစ်ဒေသ အမှတ် ၁၁၀၅ တပ်ရင်း ဘောလခဲပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ဖွဲ့စည်းတည်‌ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဆက်ကြေးကောက်ရန် အိမ်စီးကားဖြင့် ထွက်လာသည့် ရဲများ တိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါ ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ဆက်ကြေးကောက်ဖို့ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကော်မရှင် လက်အောက်ခံ ရဲတွေကို တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်အပါအဝင် ၄ ‌ယောက် သေဆုံးခဲ့တယ်လို့ Budalin Mobile Team က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများအတွက် လေကြောင်းကနေ ချပေးတဲ့ ရိက္ခာထုတ်ထဲမှာ စပါးခွံနဲ့ သဲများသာ ပါဝင် (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများအတွက် လေကြောင်းကနေ ချပေးတဲ့ ရိက္ခာထုတ်ကို တော်လှန်ရေးရဲဘော်များက သိမ်းဆည်းရရှိပြီး ကြည့်ရှုစစ်ဆေးနေတဲ့ ရုပ်သံဖိုင်တစ်ခု Chin Defence Force - Mindatမှ ထုတ်ပြန်ထားပါတယ်။
Read More

ဆုံရွာပျူစခန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချကာ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်၊ စစ်အုပ်စု ၅ ဦးသေပြီး အများအပြားဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆုံရွာပျူစခန်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချကာ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force MDF က သတင်း ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့နယ်မှာ စစ်ကော်မရှင်ထုတ်ကုန်များနဲ့ ပြည်သူများကို ဝါဒမှိုင်းတိုက်နေတဲ့ အနုပညာရှင်တွေကို Boycott လုပ်ဖို့ နှိုးဆော်တိုက်တွန်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ စျေးတန်းတစ်ခုမှာ စစ်ကော်မရှင်ရဲ့ ထုတ်ကုန်တွေကို မသုံးစွဲဖို့နဲ့ စစ်ကော်မရှင်ကို ထောက်ပံ့ပြီး ပြည်သူများကို ဝါဒမှိုင်းတိုက်နေတဲ့ အနုပညာရှင်တွေကို Boycott လုပ်ဖို့ နှိုးဆော်တိုက်တွန်းခဲ့တယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ယနေ့ ထုတ်ပြန်ထားပါတယ်။ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစုနှင့် ဘုတလင်မြို့နယ်သပိတ်အင်အားတို့ ပူးပေါင်းပြီး စစ်တပ်ထုတ်ကုန်တွေနဲ့ စစ်တပ်လက်အောက်ခံ အနုပညာရှင်တွေကို Boycott လုပ်ဖို့ ပြည်သူများကို တိုက်တွန်းခဲ့ကြပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီတပ်က ဇီးဖြူကုန်းပျူစခန်းအတွက် လေကြောင်းကနေ ချပေးတဲ့ ပိုးကျဆန်ရိက္ခာတွေ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဇီးဖြူကုန်းပျူစခန်းအတွက် အကြမ်းဖက်စစ်ကောင်စီတပ်က  Y8 လေယာဥ်နဲ့  ချပေးတဲ့ ပိုးကျဆန်ရိက္ခာတွေ ကြားဖြတ်သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေထံက သိရပါတယ်။