စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အကြမ်းဖက်အမြန်ရေယာဥ်တစီးကို အသင့်စောင့်ကြိုတိုက်ခိုက်ရာ ၂ ယောက် သေဆုံးပြီး အများအပြားဒဏ်ရာရသွားတယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေတပ် (Salingyi) တပ်ဖွဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့ မနက်အစောပိုင်းက မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အမြင့်စခန်းကနေ အင်အား ၇၀ လောက်နဲ့ ချင်းတွင်းမြစ်ကြောင်းအတိုင်းအထက်ကိုဆန်တက်လာတဲ့ အဲ့ဒီအမြန်ရေယာဥ်ကိုဆားလင်းကြီးနယ်ထဲ​အရောက်မှာ တော်လှန်ရေးတပ်တွေက ဝိုင်းပြီးပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ပွိုင့်နှစ်ပွိုင့်နဲ့အတူ ရှေ့ထွက်ပြောင်းတိုက်တွေ၊ အဖူးထွက်တွေပစ်ခတ်ရင်း လက်နက်ငယ်တွေနဲ့ပါ တိုက်ခိုက်ခဲ့တဲ့အတွက် ရေယာဥ်ပေါ်ပါ စစ်အုပ်စုတွေအထိခိုက်များခဲ့တာလို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ် (Salingyi) တပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

စစ်အမြန်ရေယာဥ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်နေစဥ်

“မြစ်ရိုးတောက်လျှောက် အဖွဲ့တွေကဝိုင်းပစ်ကြတာ၊ အဲ့ယာဥ်ကလည်း သေးတော့ထိခိုက်မှုတွေရှိတယ်။ သူတို့ဘက်ကလည်း စက်လက်တွေ၊ လက်နက်ကြီးတွေနဲ့ မြစ်ရိုးဘက်ကိုပြန်ပစ်ပါတယ်” လို့  ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ် (Salingyi) တပ်ဖွဲ့ တာဝန်ခံက  မောင်းကို ပြောပါတယ်။

အဲ့လိုတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးတပ်တွေရှိတဲ့နေရာကို မအူဂိတ်အတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုတွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပေမယ့် ရဲဘော်တွေ ထိခိုက်မှု မရှိခဲ့ဘဲ ရေလယ်ကျွန်းတွေပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သူက ပြောပါတယ်။

ရှေ့ဆက်တိုက်ပွဲတွေဖော်ဆောင်နိုင်ဖို့ အတွက်ကျည်တစ်တောင့်ဖိုးဖြစ်စေ ပါဝင်ကူညီပေးကြဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။

စစ်အမြန်ရေယာဥ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်နေစဥ်

ဒီတိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက် ပြည်သူကာကွယ်ရေးတပ် (Salingyi) တပ်ဖွဲ့နဲ့ အတူ မုံရွာခရိုင် တပ်ရင်း (၄)၊ တပ်ခွဲ (၂) တပ်ခွဲ 5/ Commando Forceနဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

တိုက်ခိုက်ခံလိုက်ရတဲ့ အမြန်ရေယာဥ်ဟာ အုန်းပင်ဆိပ်ဆိပ်ကမ်းမှာ ရပ်နားခဲ့ပြီး လိုက်ပါလာတဲ့စစ်သားတွေကို မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ ကားတွေနဲ့လာရောက် ခေါ်ဆောင်သွားတယ်လို့လည်း ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ် (Salingyi) တပ်ဖွဲ့ တာဝန်ခံက ပြောခဲ့ပါတယ်။

စစ်အမြန်ရေယာဥ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်နေစဥ်
0 Shares:
You May Also Like
Read More

ရေဦးတောင်ဘက် နယ်မြေရှင်းလင်းရေးလုပ်ရန် ထွက်လာသည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး ၁ ဦး ထိမှန်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့တောင်ဘက်ကို နယ်မြေရှင်းလင်းရေးလုပ်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့ကြောင်း Wolf Guerrilla LDF Ye.U Air Force တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဖားကန့်တွင် KIA/KPDF နှင့် SNA စစ်ကော်မရှင် ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး ၂ဖက် ထိခိုက်မှုရှိ၊ SNA ဘက်မှ စနိုက်ပါသမားနှင့် တပ်သား ၁ဦးကို မူးယစ်ဆေးများနှင့် ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ဖားကန့်မှာ KIA/KPDF တပ်တွေနဲ့ SNA စစ်ကော်မရှင် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ၂ ဖက် အပြန်အလှန် ထိခိုက်မှုတွေရှိတယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။
Read More

သီပေါမြို့ TNLA စစ်ဆေးရေးဂိတ်စခန်းရှိရာကို စစ်တပ် ဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့က TNLA ရဲ့ စစ်ဆေးရေးဂိတ်ရှိရာနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စု၏ အကျိုးစီးပွား ဦးတည်နေသည့် ရွေးကောက်ပွဲအတုကို မွန်ခမာအုပ်စု လူငယ်များ ဆန့်ကျင်ကန့်ကွက်

အာဏာသိမ်းစစ်အုပ်စု ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ လုံးဝ သွေဖယ်နေပြီး စစ်အုပ်စုရဲ့ အကျိုးစီးပွားကို ဦးတည်နေတာကြောင့် ဆန့်ကျင်ကန့်ကွက်ကြောင်းကို မွန်ခမာအုပ်စုဖြစ်တဲ့ ဝ၊ တအာင်းနဲ့ မွန် လူငယ်တွေက ထုတ်ပြန်လာပါတယ်။
Read More

ရေစကြိုတွင် စစ်တပ် စက်တပ်လေထီးဖြင့် ဗုံးကြဲမှုကြောင့် အရပ်သား ၃ ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်အုပ်စုရဲ့ စက်တပ်လေထီး (ပါရာမော်တာ) နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၃ရက်အတွင်း အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တောင်ငူ-လိပ်သို လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကြောင်းနှင့် ကမ်းနီကြားဒေသကာကွယ်ရေးတပ်တို့ အနီးကပ်တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက် ၉ ဦး သေပြီး ၁၀ ဦး ဒဏ်ရာရကာ ပြန်ဆုတ်သွား

ပဲခူးနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ အင်အားဖြည့်စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ အနီးကပ်တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက် ၉ ယောက် သေကာ အများအပြားထိခိုက်သွားကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။