အမေရိကန်ရေတပ်က  ဗင်နီဇွဲလားနိုင်ငံဘက်က ထွက်ခွာလာတဲ့ ရေနံတင်သင်္ဘောတစင်းကို ဇန်နဝါရီ ၇ ရက်၊ ဒီကနေ့မနက်မှာ ဝင်ရောက်စီးနင်းလိုက်တယ်လို့ နိုင်ငံတကာသတင်းများမှာ ဖော်ပြနေပါတယ်။

ဗင်နီဇွဲလားနဲ့ ရုရှားနိုင်ငံကြားမှာ ရေနံတွေ သယ်ဆောင်ပေးတယ်လို့ သံသယရှိတဲ့ ဒီသင်္ဘော Marinera ကို ရုရှားရေတပ်က လုံခြုံရေးပေးဖို့ အခင်းဖြစ်ပွားရာနေရာနား ရောက်ရှိနေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ အမေရိကန်ရေတပ်က အခုလို စီးနင်းခဲ့တာပါ။

အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က အတ္တလန္တိတ်သမုဒ္ဒရာတလျှောက် နှစ်ပတ်ကျော်ကြာ နောက်ယောင်ခံလိုက်ခဲ့ပြီးနောက် အမေရိကန်စစ်တပ်နဲ့အတူ ပူးပေါင်းစီးနင်းခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒီရေနံတင်သင်္ဘောဟာ အရင်က Bella 1 ဆိုတဲ့အမည်ကနေ နံမည်ပြောင်းခဲ့ရုံမျှမက၊ ရုရှားအလံကိုလည်း ပြောင်းလဲလွှင့်ထူကာ ဗင်နီဇွဲလားနိုင်ငံဘက်က လျှို့ ဝှက်ထွက်ခွာလာချိန်မှာ အခုလို စီးနင်းခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ဒီသင်္ဘောကို ဝင်ရောက်စီးနင်းမှုဟာ အမေရိကန်က ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက်ပိုင်း အမေရိကန်က ဗင်နီဇွဲလားနဲ့ပတ်သက်တဲ့ သင်္ဘောတစ်စီးကို ထပ်မံဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တောင်ကိုးရီးယားသမ္မတ အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာ

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ဟာ ဒီဇင်ဘာလ ၃ ရက် အင်္ဂါနေ့ညနေ နှောင်းပိုင်းမှာ ရုပ်မြင်သံကြားမိန့်ခွန်းကတဆင့် အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာခဲ့ကြောင်း Yonhap သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Read More

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး အမြန်လမ်းစီမံကိန်းအတွင်းမှာ မတော်တဆဖြစ်မှုကြောင့် လူ ၄ဦး သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးက စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့သစ်ဧရိယာမှာ တည်ဆောက်ဆဲ တံတားတစ်ခုရဲ့ ကရိန်းနဲ့ ကွန်ကရစ်အပိုင်းတွေ ပြိုကျခဲ့မှုကြောင့် လူ ၄ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

ရွှေကုက္ကိုလ် ကျားဖြန့်မြို့တော် စတင်ခဲ့သူ ရှီကျီကျန်းကို ထိုင်းအစိုးရ တရုတ်ထံ ပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ရွှေကုက္ကိုလ် ကျားဖြန့်မြို့တော် စတင်ရာ ငွေလိမ်ဂိုဏ်းခေါင်းဆောင် ရှီကျီကျန်းကို ထိုင်းအစိုးရက ဒီနေ့ နိုဝင်ဘာလ ၁၂ ရက်မှာ တရုတ်အစိုးရထံ လွှဲပြောင်းပို့ဆောင်ပေးလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။
Read More

သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲကြောင့် ထိုင်းတိုက်လေယာဉ်နှစ်စင်း နယ်စပ်ကင်းလှည့်

မြန်မာစစ်တပ်နဲ့ ကရင်တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတဖန် ပြန်လည်ပြင်းထန်နေတာကြောင့် ထိုင်းလေတပ်က နယ်စပ်ကင်းလှည့်နေကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီမှာ မြန်မာရွှေ့ပြောင်း ၁၉ ဦးနဲ့ ပို့ဆောင်ပေးသူ ၂ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖုမ်မှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၉ ဦးနဲ့ ၎င်းတို့ကို ပို့ဆောင်ပေးသူ ၂ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။
Read More

နိုင်ငံတကာပါလီမန်များညီလာခံကို မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်နေ

နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။