စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ချပေးတဲ့ ရိက္ခာထုတ်ကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
သိမ်းဆည်းရရှိခဲ့တဲ့ ရိက္ခာထုပ်ကို ဖွင့်ဖောက်စစ်ဆေးနေတဲ့ ရုပ်သံဖိုင်ကို မုံရွာခရိုင်တပ်ရင်း ၁၂ ၊ တပ်ခွဲ ၃ လျှပ်စစ်တပ်ခွဲက ဗိုလ်မိုးကြိုးက သူ့ရဲ့ လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။
ရိက္ခာထုပ်ကို ချောင်းဦးမြို့နယ် အမြင့်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေဆီကို ပါရာမော်တာကနေ တစ်ဆင့်ချပေးခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေက ကြားဖြတ်သိမ်းဆည်းနိုင် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Video – Moe Gyoe