မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်စွဲထားတဲ့နေရာကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး တပ်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ Myingyan Blcak Tiger – MBT က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းက နွားထိုးကြီးမြို့နယ် ကုကုန်းရွာထဲ တပ်စွဲထားတဲ့ အင်အား ၆၀ လောက်ပါ အကြမ်းဖက်စစ်သားတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်စွဲထားတဲ့ နေရာကို ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ 

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားအများအပြားသေဆုံးပြီး ကုကုန်းရွာတွင်း ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ကူနဲ့ တိုက်လေယာဉ်တွေပစ်ကူပေး ခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို Myingyan Black Tiger(MBT)မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်းနဲ့အတူ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ Burmese Guerrilla Force(BGF)တပ်ဖွဲ့၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့( MDDS ) တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video – Myingyan Black Tiger

0 Shares:
You May Also Like
Read More

စလင်းမြို့ တ‌ညောင်တိုက်နယ်အတွင်း စစ်သင်္ဘော ၁ စီးကို တော်လှန်ရေးတပ်တွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း စလင်းမြို့နယ် တညောင်တိုက်နယ်အတွင်း စစ်သင်္ဘော ၁ စီးကို ဖေဖော်ဝါရီ ၇ ရက် နေ့လယ်ပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာကို စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်များ မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာမှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတဲ့ ရုပ်သံဖိုင်ကို အကြမ်းဖက်စစ်တပ် လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ် တပ်ဖွဲ့ဝင်က လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

လေထီးမပွင့်ဘဲ သေဆုံးမှုတွေ ရှိခဲ့တဲ့ စစ်ကောင်စီရဲ့ လေထီးခုန် အင်အားဖြည့်တင်းမှု (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့က ကုန်သွယ်ရေးဇုန်အတွင်းကို အောက်တိုဘာ ၂၀ ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ စစ်သားတွေချပေးကာ အင်အားဖြည့်တင်းလျက်ရှိတယ်လို့ သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီ၏ ပွိုင့် ၂၅၆၆ ရှေ့တန်းစခန်းအား KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်ရဲ့ အမိုနယ်စပ် (သို့)  ပွိုင့် ၂၅၆၆ ရှေ့တန်းစခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU ဗဟို က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းမူမြို့နယ် မြောင်လမ်းခွဲမှာ အထိုင်ချထားတဲ့ စစ်တပ်စခန်းကို Shar Htoo Waw နည်းပညာသုံး fixed wings ဒရုန်း ၅ စီးနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းလမ်းခွဲ(ခေါ်) မြောင်လမ်းခွဲမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို စက်တင်ဘာ ၂၈ ရက်က Shar Htoo Waw နည်းပညာသုံး fixed wings ဒရုန်း ၅ စီးနဲ့ ဗုံးသီး ၉ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung အဖွဲ့ထံက သိရပါတယ်။