ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်မှာ တော်လှန်ရေးတပ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ကားတွေ ရပ်ထားရပြီး ယာဉ်ကျောပိတ်ဆို့မှု ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၇ ရက်နေ့၊ မနက် ၅နာရီဝန်းကျင်အချိန်မှာ မင်းလှမြို့နယ်အပိုင် ရန်ကုန်-ပြည် ကားလမ်းမဘေးက တာလေးကျေးရွာမှာရှိတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အခုက ဖြေဖို့ အခက်ခဲရှိပါတယ်။ လောလောဆယ်က တိုက်ပွဲဖြစ်နေတုန်းပါပဲ။ လမ်းတွေ ပိတ်နေတာလည်း အမှန်ပါပဲ” လို့ မြေပြင်ရဲဘော်တဦးက မောင်းကို ပြောပါတယ်။

တိုက်ပွဲမှာ ပြင်းထန်နေပြီး မင်းလှမြို့နယ်ထဲမှာ တပ်စွဲထားတဲ့ စစ်စခန်းတွေကနေ လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ရန်ကုန်-ပြည်လမ်းဝန်းကျင်က ယာဉ်တွေလည်း လက်ရှိအချိန်ထိ ယာဉ်ကျော်ပိတ်ပြီး အသွားအလာတွေ ရပ်ထားရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေစကြိုတွင် အကြမ်းဖက်စစ်ကော်မရှင်က ကုန်စည်စီးဆင်းမှု ခက်ခဲအောင် ပိတ်ဆို့ကန့်သတ်မှုတွေ ပိုမိုလုပ်ဆောင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်က မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်စေဖို့ ရည်ရွယ်ချက်နဲ့ လမ်းပိုင်းတွေ၊ မြို့အဝင်အထွက်ဂိတ်တွေ ပိတ်ဆို့ကာ ကုန်ပစ္စည်းသယ်ဆောင်ခွင့်တွေကို ဆိုးဆိုးရွာရွား ကန့်သတ်လိုက်ကြောင်း သိရပါတယ်။
Read More

ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး ၃ လတာအတွင်း စစ်​ကောင်စီတပ်ရင်းစခန်းများစွာ သိမ်းပိုက်ထားနိုင်၊ စကခ (၂၁) ကို ဆက်လက် ထိုးစစ်ဆင်နေ

၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေရဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး ၃ လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေ များစွာ သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
Read More

ဆီဆိုင်မြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ခရိုနီ နေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ် မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ထော်ယန်းပိုင်းကျေးရွာကို စစ်ကောင်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ PNO ပြည်သူ့စစ်က  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့မှာ ရုပ်သံမှတ်တမ်းနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

တောင်ငူ (ကေတုမတီ) လေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှု လေတပ်အရာရှိ ၅ ဦးအပါ ၁၁ ဦး သေပြီး လေတပ်အရာရှိ ၈ ဦးအပါ ၂၀ ဦး ပြင်းထန်ဒဏ်ရာရ၊ လေယာဥ် ၂ စီးနှင့် ဆီဂိုဒေါင်အပါ အဆောက်အဦးအချို့ မီးလောင်ပျက်စီး

ပဲခူတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ကေတုမတီလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လေတပ်အရာရှိ ၅ ယောက်အပါအဝင် ၁၁ ယောက် ပွဲချင်းပြီး သေဆုံးပြီး အရာရှိ ၈ ယောက်အပါအဝင် အယောက် ၂၀ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရဲဘော် ရာဇာနှင့် ရဲဘော် သီဟလေး သင်သွားလိုရာကို လွတ်လပ်စွာ သွားနိုင်ပါပြီ

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) က ရဲဘော် ရာဇာနဲ့ ရဲဘော် သီဟလေးတို့ဟာ တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ရှေ့ဆင့်နောက်ဆင့်ပဲ ရဲဝင့်စွာ အသက်ပေးလှူသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်လို့ ပြည်သူတွေ အသုံးမပြုဖို့ သတိပေး

ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် အဆိုပါလမ်းပိုင်းကို အသုံးပြုသွားလာခြင်း မပြုလုပ်ကြဖို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။