မကွေးတိုင်း မြို့သစ်မြို့နယ်ထဲမှာ အတုအ‌ယောင်ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပနိုင်ဖို့ နယ်လှည့် စစ်ဆေးနေတဲ့ စစ်အုပ်စုယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ဂဠုန် PDFအဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီ ၆ ရက် နေ့လယ်ပိုင်းက မြို့သစ်မြို့နယ် ရွှေပန်းကျေးရွာအနီး ကန်ပြားလမ်းပိုင်းတနေရာမှာစစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ ကား ၃ စီး မှောက်သွားပြီး ၈ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရှိ သူတွေလည်းရှိတယ်လို့ သိရပါတယ်။

“လာမှာကို ကြိုသိခဲ့ပါတယ်။ လမ်းကြောင်းကားဗျ။ အရာရှိတွေပါတဲ့ ကားလေးစီးပါ” လို့ နတ်မောက်ဂဠုန် PDF အဖွဲ့မှ ဗိုလ်အောင်ဒင်က မောင်းကို ပြောပါတယ်။ 

သေဆုံးသူတွေဟာ မြို့နယ်ရဲမှူး ထွန်းလင်းအောင်၊ အရာရှိ ၁ ယောက်၊ တပ်ကြပ် ၅ ယောက်နဲ့ ဒုရဲအုပ် ၁ ယောက် ဖြစ်ကာ G3  သေနတ် ၂ လက်၊ ကျည် ၁၆၁ တောင့်နဲ့ ကျည်ဘောက် ၃ ခုကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

“မြို့သစ်စခန်းမှူး၊ မြို့နယ်မှူးပါ သေဆုံးမူထဲပါပါတယ်။ လက်ရှိ ရွှေပန်းမှာ ပိတ်ဆို့စစ်ဆေးပြီး ရှာဖွေမူတွေ လုပ်နေကြပါတယ် ” လို့ သူက ဆက်ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာန အမှတ် (၉၀၃) တပ်ရင်းက ဆောင်ရွက်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးအတွက် ၆ ရက် စီမံဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။

Video – နတ်မောက်ဂဠုန် PDF

0 Shares:
You May Also Like
Read More

မြင်းခြံနဲ့ ငါးမိုင်အကွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေရဲ့ ၇ ရက်တာ ထိတွေ့တိုက်ပွဲ (ရုပ်/သံ)

မြင်းခြံမြို့နဲ့ ငါးမိုင်အကွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ ၇ ရက်တာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှတ်တမ်းကို Myingyan Black Tiger (MBT) က အသိပေး ထုတ်ပြန်ပါတယ်။
Read More

မန္တလေး-မတ္တရာလမ်းပိုင်း ကြာနီကန်ရွာလမ်းမကြီးဘေးရှိ နေအိမ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားသုံးဖျက်ဆီး (ရုပ်သံ)

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် မန္တလေး-မတ္တရာလမ်းပိုင်း ကြာနီကန်ရွာ လမ်းမကြီး အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်း နေအိမ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်က လမ်းပိုင်မြေဟုဆိုကာ မတ်လ ၄ ရက် ကနေ မတ်လ ၆ ရက်အထိ မြေကော်ယာဉ်နဲ့ ဘူဒိုဇာတွေအသုံးပြုပြီး ဖျက်ဆီးခဲ့ တယ်လို့ 𝑴𝑫𝒀 𝑹𝒆𝒗𝒐𝒍𝒖𝒕𝒊𝒐𝒏 ထံက သိရပါတယ်။
Read More

မြိုင်-ရေစကြိုလမ်းပိုင်းမှာ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ အဆောက်အအုံကို လက်နက်ကြီးနဲ့ ပစ်ခတ်မှု ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း မြိုင်-ရေစကြိုလမ်းပိုင်းမှာ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ ၃ ထပ်အ ဆောက်အအုံကို စက်တင်ဘာ ၁၀ ရက်က Anyar Heroes လက်နက်ကြီးအဖွဲ့က ထုတ်လုပ်ထားတဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ၃ ထပ်အဆောက်အအုံကို ထိမှန်ပေါက်ကွဲပြီး အကြမ်းဖက်စစ်သား ၂ ယောက် အပြင်းအထန်ရရှိသွားတယ်လို့ မြိုင်ပကဖမှ ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးထက်မနည်း သေဆုံးကာ ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ယောက်ထက်မနည်း သေဆုံးကာ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက ဒီနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထိုင်း-ကရင်နီ နယ်စပ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တောင်ကတုံးစခန်းကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ (ရုပ်/သံ)

ထိုင်း-ကရင်နီနယ်စပ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တောင်ကတုံးစစ်စခန်းကုန်းကို ဖေဖော်ဝါရီ ၁၃ ရက်က ကရင်နီပြည်တပ်မတော် (KA) က သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ပြင်ဦးလွင်ခရိုင်စစ်ဌာန အမှတ် (၅၀၁) တပ်ရင်းတွင် အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရန် ရဲဘော်သစ်များ ဖိတ်ခေါ် (ရုပ်/သံ)

ပြင်ဦးလွင်ခရိုင်စစ်ဌာန အမှတ် (၅၀၁) တပ်ရင်းမှာ အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ဖို့ ရဲဘော်အသစ်တွေ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။