မန္တလေးတိုင်း မြင်းခြံမြို့နယ် လေးအိမ်တန်းရွာက အကြမ်းဖက်စစ်တပ်ရဲ့ ရွှေညောင်ပင်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး စစ်သုံ့ပန်း နှစ်ယောက် ဖမ်းဆီးမိခဲ့တယ်လို့ OneMore စစ်ကြောင်းဆီက သိရပါတယ်။

ဇန်နဝါရီ ၆ ရက် မနက်ပိုင်းက မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာ အကြမ်းဖက်စစ်တပ်ရဲ့ ရွှေညောင်ပင်ဂိတ်စခန်းကို OneMore  စစ်ကြောင်းက ဦးဆောင်ပြီး မဟာမိတ်တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

ဂိတ်စခန်းကို တိုက်ခိုက်နေတဲ့အချိန်မြင်းခြံမြို့ပေါ်ကလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကူစစ်ကြောင်းနဲ့ တိုက်ပွဲထပ်မံဖြစ်ပွားကာ အကြမ်းဖက်စစ်သား ၇ ယောက် မျက်မြင်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ 

ဖရဲသီးရဲ့ သတင်းပေးပို့ချက်အရ ထိခိုက်ဒဏ်ရာရရှိသူထဲက ၃ ယောက်ထပ်မံသေဆုံးသွားတယ်လို့ OneMore  စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ချိန် အကြမ်းဖက်စစ်တပ်အလိုကျလိုက်ပါလုပ်ဆောင် ပေးနေသူနှစ်ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို  မြင်းခြံခရိုင်Onemore စစ်ကြောင်းနဲ့အတူ မြင်းခြံခရိုင် တပ်ရင်း ၂၊ မိုရှည်ဒါးယမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း၉၊ YLK ရေလည်ကျွန်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့နဲ့ အမေ့လက်ရုံး( ရေလည်ကျွန်း)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းလုပ် ဆောင်ခဲ့တာလို့ သိရပါတယ်။

Video – ပေးပို့

0 Shares:
You May Also Like
Read More

မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေကြီးနေပြီး လူအများအပြား အရေးပေါ်ရွှေ့ပြောင်းနေရ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် ရှမ်းပြည်နယ် တာချီလိတ်မြို့ပေါ်မှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး လူအများအပြား အရေးပေါ်ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

MBT တပ်ဖွဲ့တွင် BT 16 သေနတ်များ စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း ဗိုလ်မိုက်ခဲအသိပေး (ရုပ်/သံ)

Myingyan Black Tiger (MBT) တပ်ဖွဲ့မှာ ထုတ်လုပ်ထားတဲ့ BT-16 သေနတ်တွေကို အလှူရှင် အမည်တွေနဲ့ စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း ဗိုလ်မိုက်ခဲမှာ အသိပေးထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘို-ရေဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ရွှေဘို-ရေဦးလမ်းပိုင်းမှာ ဆိုင်ကယ် ၃ စီးနဲ့ သွားလာနေတဲ့ စစ်ကောင်စီ လက်အောက်ခံ တပ်သား ၆ ယောက်ကို တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မဟူရာ ရွှေဘိုသားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဇူလိုင် ၁၆ ရက်မှာ ကျရောက်တဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO Day) အခမ်းအနားမှာ ကရင် အမျိုးသားအစည်းအရုံး ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ၏ ပြောကြားချက် (ရုပ်/သံ)

ဇူလိုင် ၁၆ ရက်မှာ ကျရောက်တဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO Day) အခမ်းအနားမှာ ကရင် အမျိုးသားအစည်းအရုံး ဒုဥက္ကဌ ပဒိုစောဆဲဂေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
Read More

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ကျော်ကြီး (ခ) ကျော်မျိုးသူရဲ့ မိဘများအား ရဲဘော်ရဲဘက်များ သွားရောက်ဂါရဝပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ တပ်စုမှူး ရဲဘော်ကျော်ကြီး (ခ) ကျော်မျိုးသူရဲ့  နာရေးစျာပနကို ဇွန်လ ၂၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်က  သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်ဗျူဟာ (၇)မိုင်စစ်ဆင်ရေးမှ တပ်ရင်းပြန်လာသည့် ရဲဘော်များကို ပြည်သူလူထု အောင်သပြေနှင့် ကြိုဆို (ရုပ်/သံ)

မိုးကုတ်ဗျူဟာ (၇) မိုင် စစ်ဆင်ရေးမှာ ၄ လတာ တာဝန်ထမ်းဆောင်ပြီး မိခင်တပ်ရင်းထံ ပြန်လာတဲ့ ရဲဘော်တွေကို ဇူလိုင် ၂၇ ရက်မှာ ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုနေတဲ့ မှတ်တမ်းရုပ်သံကို ယင်းမာပင်ခရိုင် အမှတ် (၁၆) တပ်ရင်းက ဖော်ပြလာပါတယ်။