မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ တော်လှန်ရေးတပ်နဲ့ စစ်တပ်စစ်ကြောင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့်စစ်တပ်ဘက်က ၁၀ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်၊ အမှတ် (၂) တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။ 

မနေ့က ဇန်နဝါရီလ ၆ ရက်နေ့၊ မနက် ၅ နာရီဝန်းကျင်လောက်မှာ တော်လှန်ရေးတပ်တွေက မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာ ရွေညောင်ပင်ဂိတ်စစ်ခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

“စကစ ရဲ့ အကြီးဆုံး ဆောက်ထားတဲ့ဂိတ်ပါ။ ပြီးရင် မြို့ရဲ့ အနောက်ဘက် အဝင် အထွက်ဂိတ်လို ဖြစ်နေတော့ ကြီးပါတယ်။ အင်အား ၅၀လောက် ရှိပါတယ်”  လို့ မြင်းခြံခရိုင်၊ အမှတ် (၂) တပ်ရင်းက တာဝန်ရှိသူတဦးက မောင်းကို ပြောပါတယ်။ 

တိုက်ပွဲဖြစ်ချိန် နာရီဝက်နီးပါးကြာမြင့်ခဲ့ပြီးနောက် မြင်းခြံမြို့ပေါ်ကနေ စစ်ကူလာတဲ့ စစ်ကြောင်းနဲ့ မီတာ ၁၅၀ လောက်အကွာမှာ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

နောက်ထပ်တိုက်ပွဲဟာ နှစ်နာရီကျော် ကြာမြင့်ခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်က ၇ယောက် သေဆုံးတာကို မျက်မြင်တွေ့ရှိခဲ့ပြီး  ၅ ယောက်လည်း အပြင်းအထန် ထိခိုက်ဒဏ်ရာရှိသွားတယ်လို့ သိရပါတယ်။ 

ဖရဲသီးသတင်းပေးမှုအရ အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိသွားသူ ၅ ယောက်ထဲက သုံးယောက် ထပ်မံသေဆုံးသွားတယ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင်ရွှေညောင်ပင်ဂိတ်မှာ စစ်တပ်အလိုကျ လုပ်ကိုင်ဆောင်ရွက်ပေးနေသူ နှစ်ယောက်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အဲ့ဒီတိုက်ခိုက်မှုကိုတော့ မြင်းခြံခရိုင်၊ အမှတ် (၂) တပ်ရင်းနဲ့ မဟာမိတ်တွေဖြစ်ကြတဲ့ Onemore စစ်ကြောင်း၊ မိုရှည်ဒါးယမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း (၉)၊ YLK ရေလည်ကျွန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အမေ့လက်ရုံး (ရေလည်ကျွန်း) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းမှာ လုံလောက်သည့် ကယ်ဆယ်ရေးများ မရောက်ရှိသေးတာကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရ

ငလျင်ဒဏ်ကြောင့် အသေအပျောက် များပြားနေတဲ့ စစ်ကိုင်းမြို့မှာ လူနာအရေအတွက်နဲ့ ဆေးရုံတွေ လုံလောက်မှု မရှိသလို လုံလောက်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း မဆောင်ရွက်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
Read More

အာဏာသိမ်းစစ်တပ်က မြို့နယ်ပေါင်း ၁၀၀ ကျော်မှာ မဖြစ်မနေ ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေ

စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားတယ်လို့ ယူဆရတဲ့ နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၁၀၀ကျော်မှာ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို ပြောဆိုလိုက်ပါတယ်။
Read More

တာဆွဲကြမ်းလာတဲ့ ရန်ကုန်မှာ နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို တစ်ရက်တာ ပယ်ဖျက်ပေး

စစ်တပ်က ပေါ်တာဆွဲကြမ်းနေတဲ့ ရန်ကုန်မှာ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို ပယ်ဖျက်ပေးလိုက်တယ်လို့ သိရပါတယ်။
Read More

ရေး-ထားဝယ်လမ်းကို ညအချိန် အသုံးပြုခြင်း တားမြစ်ထား

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ရေး-ထားဝယ် အဝေးပြေးလမ်းမကြီးကို ညအချိန် အသုံးပြုခြင်း တားမြစ်ထားတယ်လို့ ကော်သူးလေတပ်တော် KTLA ၊ ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မိုင်းငေါ့မြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ (၅) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့၊ မန်လုံရပ်ကွက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၅) ယေက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သုံ့ပန်း ၂၅ ယောက် ဖမ်းဆီးရမိပြီး လက်နက်မျိုးစုံ ရရှိခဲ့ကြောင်း BNRA ထုတ်ပြန်၊ မြို့ကိုသိမ်းပိုက်ဖို့ ကြိုးပမ်းရင်း BNRA ရဲဘော် ၉ ယောက် ကျဆုံးခဲ့

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ကာ မြို့ကို သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA က တရားဝင် ထုတ်ပြန်လာပါတယ်။