မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ခြောက်ယောက် ရှိခဲ့တယ်လို့ မြိုင်ပကဖက ဇန်နဝါရီလ ၇ ရက်နေ့ (ဒီနေ့) မှာ သတင်းထုတ်ပြန်လာပါတယ်။

ဇန်နဝါရီလ ၆ ရက်၊ မနေ့ညပိုင်းမှာ မြိုင်မြို့နယ်အနောက်မြောက်ဘက်မှာရှိတဲ့ ကြက်မောက်ကျေးရွာကို စစ်အုပ်စုရဲ့ တံတားဦးတက် ဂျက်ဖိုက်တာက လေကြောင်းကနေ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်သွားခဲ့တာလို့ သိရပါတယ်။

ဂျက်ဖိုက်တာ ကြဲချလိုက်တဲ့ ဗုံးတွေဟာ ကြက်မောက်ရွာ စာသင်ကျောင်းနဲ့ အနီးအနားနေအိမ်တွေပေါ်ကျရောက်ပေါက်ကွဲခဲ့တာ​ကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးစေခဲ့တယ်လို့ မြိုင်ပကဖ က ထုတ်ပြန်ပါတယ်။

ဒီဖြစ်စဥ်အတွင်း အသက် ၁၆ နှစ်အရွယ် အမျိုးသမီး၁ယောက် သေဆုံးပြီး ဒဏ်ရာပြင်းထန်နေသူ ခြောက်ယောက်အထိရှိခဲ့ကြောင်းနဲ့ စာသင်ကျောင်းအပါနေအိမ်တွေ ပျက်စီးခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင်  မနက်ပိုင်းက လည်း မြဝယ်တောင်ရွာဆေးပေးခန်းကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရသည့် ကြက်မောက်ရွာမြင်ကွင်း
ဗုံးကြဲတိုက်ခိုက်ခံရသည့် ကြက်မောက်ရွာမြင်ကွင်း

“၄​ရက်နေ့လောက်ကနေ စပြီး ပြန်ကြဲနေတာပါ။ ဒီနေ့နဲ့ဆို ၅ ကြိမ်မကတော့ဘူး။ ” လို့လည်း ပခုက္ကူခရိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် တယောက်ကမောင်းကိုပြောပါတယ်။

လက်ရှိအခြေအနေအရ ပခုက္ကူခရိုင်အတွင်းက မြိုင်နဲ့ပေါက်မြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်အုပ်စုကြား နှစ်ဖက် စစ်ရေးတင်းမာကာ အပြန်အလှန်ထိတွေ့မှုတွေရှိနေတာဖြစ်ပါတယ်။

ဒီအတွက် စစ်အုပ်စုက ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာနဲ့ ဂျက်ဖိုက်တာလေယာဥ်တွေအသုံးပြုပြီး ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်လာ​ရာမှာအရပ်သားတွေကျေးရွာတွေကိုပါပစ်မှတ်ထားလာတာကြောင့် သတိပြုနေထိုင်ကြဖို့ မြိုင်ပကဖက အသိပေးထားပါတယ်။

မြိုင်မြို့နယ်အတွင်း အရပ်သားပစ်မှတ်တွေကို  လေကြောင်းတိုက်ခိုက်တာတွေများလာတာကြောင့် မိဘပြည်သူတွေအနေနဲ့အထူးဂရုစိုက်ကြဖို့ မြိုင်ပကဖ ကပန်ကြားထားပါတယ်။ 

ဗုံးကြဲတိုက်ခိုက်ခံရသည့် ကြက်မောက်ရွာမြင်ကွင်း

0 Shares:
You May Also Like
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲပြန် အောင်ပွဲရ CDF-Mindat တပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူများ လှိုက်လှိုက်လှဲလှဲ ကြိုဆို (ဓတ်ပုံသတင်း)

ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)/ CDF- Mindat တပ်ဖွဲ့ဝင်တွေ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့ဝင်များနဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ပေါင်း ၁၇ဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊၂၀၂၅ ခုနှစ် ဧပြီ ၉ ရက်‌နေ့မှာ ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
Read More

ဝက်လက်မှာ တပ်မ ၃၃ စစ်ကြောင်းကို တိုက်ခိုက်ရာ အယောက် ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ တပ်မ ၃၃ စစ်ကြောင်းကို ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ကျော်သေဆုံးတယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း ကထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်း သယံဇာတရေးရာကိစ္စရပ်များအတွက် NUG သယံဇာတ ဒုဝန်ကြီး ဦးဆောင်သည့်အဖွဲ့ မြေပြင်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

စစ်ကိုင်းတိုင်းအတွင်း စိုးမိုးထိန်းချုပ်နယ်မြေတွေက သယံဇာတရေးရာကိစ္စရပ်တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒုဝန်ကြီး ခွန်းစောဖူး ဦးဆောင်တဲ့အဖွဲ့က မြေပြင်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပိုမိုအားကောင်းသည့် တော်လှန်ရေးဦးဆောင်မှုတစ်ရပ် ပေါ်ပေါက်ရန် ကြိုးပမ်းနေပြီး ဖက်ဒရယ်ယူနစ်များ အားကောင်းခိုင်မာအောင် ညှိနှိုင်းဆောင်ရွက်နေကြောင်း NUG ပြော

ပြီးခဲ့တဲ့ရက်ပိုင်းက အစိုးရအဖွဲ့ အပြောင်းအလဲတချို့ လုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို လုပ်ငန်းစဥ်တစ်ခုအနေနဲ့ လုပ်ဆောင်ကာ မိုမိုအားကောင်းတဲ့ တော်လှန်ရေးဦးဆောင်မှုတစ်ရပ် ပေါ်ပေါက်ဖို့ လုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောခဲ့ပါတယ်။
Read More

မကွေးနှင့်ရခိုင်ကို ဆက်ထားသည့် အမ်း-ပဒါန်းလမ်းပိုင်းအပါအဝင် လမ်းပိုင်း ၂ ခုမှာ စစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်နေ၊ စစ်ကောင်စီတပ်မှ ၂၅ ဦးထက်မနည်းသေဆုံးပြီး ၆၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းက အဓိကလမ်းပိုင်း ၂ ခုမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ရေးဖော်ဆောင်မှုတွေထဲ စစ်ကောင်စီတပ်က ၂၅ ယောက်ထက်မနည်းသေဆုံးပြီး အယောက် ၆၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အထက်မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ကိုရန်ကြီးအောင် က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပေါက်ခေါင်းတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါက်မြို့နယ်၊ စမ်းမကြီးကျေးရွာကို စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်မှုကြောင့် ကျေးရွာထဲမှာရှိနေတဲ့ ၄၅ နှစ်အရွယ် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။