မန္တလေးတိုင်း မြင်းခြံမြို့နယ် လေးအိမ်တန်းရွာက အကြမ်းဖက်စစ်တပ်ရဲ့ ရွှေညောင်ပင်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး စစ်သုံ့ပန်း နှစ်ယောက် ဖမ်းဆီးမိခဲ့တယ်လို့ OneMore စစ်ကြောင်းဆီက သိရပါတယ်။
ဇန်နဝါရီ ၆ ရက် မနက်ပိုင်းက မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာ အကြမ်းဖက်စစ်တပ်ရဲ့ ရွှေညောင်ပင်ဂိတ်စခန်းကို OneMore စစ်ကြောင်းက ဦးဆောင်ပြီး မဟာမိတ်တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဂိတ်စခန်းကို တိုက်ခိုက်နေတဲ့အချိန်မြင်းခြံမြို့ပေါ်ကလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကူစစ်ကြောင်းနဲ့ တိုက်ပွဲထပ်မံဖြစ်ပွားကာ အကြမ်းဖက်စစ်သား ၇ ယောက် မျက်မြင်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဖရဲသီးရဲ့ သတင်းပေးပို့ချက်အရ ထိခိုက်ဒဏ်ရာရရှိသူထဲက ၃ ယောက်ထပ်မံသေဆုံးသွားတယ်လို့ OneMore စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ချိန် အကြမ်းဖက်စစ်တပ်အလိုကျလိုက်ပါလုပ်ဆောင် ပေးနေသူနှစ်ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင်Onemore စစ်ကြောင်းနဲ့အတူ မြင်းခြံခရိုင် တပ်ရင်း ၂၊ မိုရှည်ဒါးယမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း၉၊ YLK ရေလည်ကျွန်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့နဲ့ အမေ့လက်ရုံး( ရေလည်ကျွန်း)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းလုပ် ဆောင်ခဲ့တာလို့ သိရပါတယ်။
Video – ပေးပို့