မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ် ဆက်လက်အကောင်အထည်ရေး လုပ်ဆောင်သွားမယ်လို့  ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရီဆာပါရန်နို လာဇာဇို က အာဏာသိမ်းစစ်‌ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံမှုအပြီးမှာ ပြောကြားခဲ့ပါတယ်။ 

အာဆီယံအထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကိုသုံး ရက်ကြာ ရောက်ရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရီဆာပါရန်နို လာဇာဇိုဟာ ဇန်နဝါရီလ ၆ ရက် မနေ့က စစ်ခေါင်းဆောင်မင်းအောင်လှိုင် အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တချို့နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ 

ဖိလစ်ပိုင်အနေနဲ့ အရင်က ခန့်အပ်ခဲ့တဲ့ အာဆီယံအထူးကိုယ်စားလှယ်တွေ အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစား ခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ပေါ်ရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ မစ္စမာရီယာ က ပြောပါတယ်။

(ဓာတ်ပုံ စစ်အုပ်စုမီဒီယာများ)

၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် ဖိလစ်ပိုင်နိုင်ငံက တာဝန်ရယူပြီးနောက်ပိုင်း နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာကို အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်ကနေ ၇ ရက် ထိသုံးရက်ကြာ မြန်မာနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပါတယ်။ 

မစ္စမာရီယာရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် အာဏာသိမ်းစစ်ကော်မရှင် အဖွဲ့ ဝင်တွေနဲ့သာ တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ တောင်း ဆိုညှိနှိုင်းခဲ့တာမျိုး မတွေ့ရဘူးလို့ လေ့လာသူတချို့က ဆိုပါတယ်။ 

(ဓာတ်ပုံ စစ်အုပ်စုမီဒီယာများ)
(ဓာတ်ပုံ စစ်အုပ်စုမီဒီယာများ)

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလကတည်းက အတည်ပြုချမှတ်ခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်နဲ့ပတ်သက်လို့ လေးနှစ်ကျော်ကာလတိုင်ထိတိုင် အကြမ်းဖက်စစ်တပ်က အကောင်အထည်မဖော်ဘဲရှိနေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ 

ဘုံသဘောတူညီချက်ထဲမှာ သက်ဆိုင်သူအားလုံးပါဝင်တဲ့တွေ့ဆုံညှိနှိုင်းရေးဆိုတဲ့အချက်လည်းပါဝင်တာမို့ မြန်မာ ပြည်ကို လာရောက်ပြီး အကြမ်းဖက်စစ်တပ်နဲ့တွေ့ဆုံရုံလောက်နဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာ့ အရေး ဆောင်ရွက်နိုင်မှုက ဘာမှ ဖြစ်မြောက်လာမှာမဟုတ်ဘူးလို့လည်း လေ့လာသူတချို့က ဆိုပါတယ်။ 

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ မစ္စမာရီယာဟာ စစ်‌ခေါင်းဆောင်မင်းအောင်လှိုင်၊ နိုင်ငံခြားရေး ဝန်ကြီးသန်းဆွေ ၊ စစ်ကော်မရှင်ဝန်ကြီးချုပ် ညိုစောတို့နဲ့ တွေ့ဆုံခဲ့ပြီး စစ်ခေါင်းဆောင်က ကျင်းပနေတဲ့ အတုအ ယောင်ရွေးကောက်ပွဲအကြောင်း ရှင်းပြခဲ့သလို အကျဉ်းချခံထားရတဲ့ ဖိလစ်ပိုင်နိုင်ငံသား တစ်ယောက်ကိုလည်း လွှတ်ပေး ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဖိလစ်ပိုင်ရဲ့မြန်မာနဲ့ပတ်သက်လို့ဦးစားပေးလုပ်ငန်းစဉ်တွေအကြောင်းဆွေးနွေးခဲ့ကြတယ်လို့လည်းထားဆိုပါတယ်။

(ဓာတ်ပုံ စစ်အုပ်စုမီဒီယာများ)
0 Shares:
You May Also Like
Read More

ပြည်သူအပေါ် ခြိမ်းခြောက်ငွေတောင်းခံနေတဲ့ မြဝတီခရိုင်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ရဲ ၃ ယောက်နဲ့ ရဲမိသားစုဝင် ၁ ယောက် ဒဏ်ရာရ

ပြည်သူလူထုအပေါ် ခြိမ်းခြောက်ငွေညှစ်တောင်းခံနေတာကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ မြဝတီခရိုင်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူမြို့နယ်တွင် ရိက္ခာရှာန် ထွက်လာသည့် စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်က ၂ ဦးသေဆုံး…

" တိုက်ပွဲကြာချိန်ကတော့နာရီဝက်လောက်ထိ ထိတွေ့မှုဖစ်ပါတယ်၊ထိခိုက်သေဆုံးမှုကတော့ကျွန်တော်တို့မျက်မြင်၂ရောက်ဖစ်ပါတယ်အခြာကဆက်လက်စုံစမ်းနေတုန်းပါ ၊ သူတို့ရိက္ခာပျက်သောက်တာကခန့်မှန်းခြေအရ၅ရက်လောက်ရှိပြီး " လို့ RED GIANTတပ်ဖွဲ့ ရဲ့ တာဝန်ရှိသူ ဒေါင်းနီက မောင်းသတင်းဌာနကို ပြောပါတယ် ။
Read More

ပေါင်းတည်၊ သိမ်ကုန်းတာဝါတိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက် 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်က စစ်ကောင်စီရဲ့ သိမ်ကုန်းတာဝါတိုင်စခန်းကို ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုင်နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ (၂၁) ၊ ပြည်ခရိုင် ၃၆၀၂ တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။  
Read More

KNDF အမှတ် ၈ တပ်ရင်း ရဲဘော်များနှင့် မိသားစုဝင်များ ပါဝင်သည့် တပ်တွင်းတွေ့ဆုံပွဲ ပြုလုပ်ခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် (၈) တပ်ရင်းအနေနဲ့ တပ်ရင်းရှိ ရဲဘော်တွေ၊ ရဲဘော်တွေရဲ့ မိသားစုဝင်တွေ ပါဝင်တဲ့ တွေ့ဆုံပွဲတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လျှပ်စစ်မီးမမှန်တဲ့ ရန်ကုန်မှာ EV Bus ကားတွေပြေးဆွဲဖို့ ပြင်ဆင်နေ

ဆိုးရွားစွာ လျှပ်စစ်မီးပြတ်တောက်နေတဲ့ ရန်ကုန်က YBS ယာဉ်လိုင်းတွေမှာ EV Bus တွေပြေးဆွဲမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

တိုက်ပွဲ အခြေအနေတွေကြောင့် မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း လမ်းပိုင်းကို သွားလာခွင့်ပိတ်

မန္တလေးတိုင်းထဲက တိုက်ပွဲအခြေအနေတွေကြောင့် မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းလမ်းပိုင်း သွားလာခွင့်ကို ယာယီကန့်သတ်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ကနေ သတင်းထုတ်ပြန်လာပါတယ်။