တော်လှန်ရေးတပ်ဖွဲ့ဝင်တွေမြုပ်နှံထားရာ အုတ်ဂူတွေအပေါ် ​ခြေထောက်တင် ဖိနပ်ကြိုးစီးပြတဲ့ အကြမ်းဖက်စစ်တပ်လော်ဘီ ကျော်စိုးဦးဆိုသူရဲ့လုပ်ရပ်ဟာ အမတန်ရိုင်းစိုင်းအောက်တန်းကျကြောင်း တော်လှန်ရေးအင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေ​​က ပြင်းပြင်းထန်ထန် ပြောဆိုနေကြပါတယ်။

စစ်တပ်လော်ဘီဖြစ်တဲ့ ကျော်စိုးဦးနဲ့ မဘသအစွန်း​ရောက်သတင်းထောက် နောင်တော်လေးဆိုသူတို့က စဥ့်ကူးနဲ့ မတ္တရာမြို့နယ်တွေထဲက စစ်အုပ်စု ပြန်လည်ရရှိထားရာနယ်မြေတွေကို သွားရောက်ရင်း ကျဆုံးတော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မြုပ်နှံထားတဲ့ အုပ်ဂူတွေအပေါ်  ရိုင်းစိုင်းစော်ကားတဲ့လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တာလို့ သိရတာပါ။

ဇန်နဝါရီလ ၆ ရက်၊ မနေ့က ၎င်းတို့တင်ခဲ့တဲ့ ရုပ်သံဖိုင်အတွင်း အကြမ်းဖက်စစ်တပ်လော်ဘီ ကျော်စိုးဦးက နောင်တော်လေးဆိုသူကို မှတ်တမ်းတင်ခိုင်းရင်း အုတ်ဂူပေါ် ဖိနပ်ကြိုးဟန်လုပ်စီးပြကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်ပုံတွေပေါ်ကိုပါ ရည်ရွယ်ချက်ရှိရှိ ခြေထောက်နဲ့ နင်းပြခဲ့တာ ဖြစ်ပါတယ်။

ပါးစပ်ကလည်း “ဖိနပ်ကြိုးလျော့နေရင် မနေတတ်ဘူး။ ရှုးကြိုးကိုချည်တာတောင် ပဒတ်တွေရဲ့ အုပ်ဂူပေါ်ပဲ ချီချင်တာဗျ။ ဖိနပ်ကလည်း တရုတ်ပြည်က ဝယ်လာတာ။ အမှတ်တရအနေနဲ့ ရှမ်းမြောက်က ပလောင်တွေရဲ့နေရာကိုလည်း ဒီဖိနပ်နဲ့ သွားနင်းထားတာ၊ ဒီကိုလာတော့လည်း ဒီဖိနပ်ပဲ စီးလာတာ၊ မိုးကုတ်ကိုလည်း ဒီဖိနပ်ကိုပဲ စီးသွားဦးမှာ” ဆိုပြီး ပြောဆိုထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေထဲ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်တွေ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တွေကနေ ဆုတ်ခွာပေးလိုက်ရပြီးနောက်ပိုင်း ဆက်စပ်နေတဲ့ မန္တလေးတိုင်းအတွင်းက မတ္တရာနဲ့ စဥ့်ကူးမြို့တွေကို စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ ဆက်လက်ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေရာမှာ လေကြောင်းနဲ့ လက်နက်ကြီးအလွန်ကျွံသုံးတာ၊ မြေပြင်စစ်အင်အားအလုံးရင်းအသုံးချပြီး စစ်အုပ်စုက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားရာ နယ်မြေအများအပြားကို ပြန်လည်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒီအပေါ် အကြမ်းဖက်စစ်တပ်လော်ဘီ​ကျော်စိုးဦးက ရည်ညွန်းပြောဆို စော်ကားခဲ့တာဖြစ်ပြီး ဒီလုပ်ရပ်အပေါ် စစ်တပ်ထောက်ခံသူတွေက အောင်ပွဲခံပျော်ပါးနေကြတာလို့လည်းသိရပါတယ်။

ကျော်စိုးဦးရဲ့ လုပ်ရပ်အပေါ် တော်လှန်ရေးတပ်ဖွဲ့ဝင်ယောက်ကတော့ အင်မတန်ဆိုးဝါး အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်ကြောင်းနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ယုတ်မာရိုင်းစိုင်းတဲ့ဝါဒမှိုင်းတွေကို တွေ့ရတယ်လို့လည်း ထောက်ပြ ပြောဆိုထားပါတယ်။

” သူတို့အဆင့်က အုတ်ဂူအနီကို ထုံးသုတ်ပြီးတောင် ဖျက်ဆီးရတဲ့အဆင့်ပါ။ သူလုပ်ရပ်က အရမ်းအောက်တန်းကျလွန်းလို့ ပြည်သူတွေရဲ့ဒေါသကို ဒီကောင်ခံရတော့မယ်” လို့  တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက မောင်းကို ပြောပါတယ်။

ကျော်စိုးဦးဟာ ပြီးခဲ့တဲ့ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေထဲမှာ သတင်းပြောဆိုချက်တွေနဲ့ပတ်သက်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ​ခေါ်ယူဖမ်းဆီးမှုကို နှစ်ကြိမ်တိုင်တိုင်ခံခဲ့ထားရေပေမဲ့ ​ပြန်ထွက်လာချိန်ကစလို့ စစ်တပ်ရဲ့လုပ်ရက်တွေအပေါ်  အလွန်အကျွံ အမွှန်းတင်ပြီး ပြောင်ပြောင်တင်းတင်း လိမ်လည်ဝါဒဖြန့်လာတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရေမွန်ရဲ့ နှုတ်ဆက်ပွဲမှာ ပရိတ်သတ်တွေကို အပြီးတိုင် နှုတ်ဆက်သွားတဲ့ အဆိုတော် အဒီနို

တော်လှန်ရေးကာလအတွင်း တောတွင်းတနေရာမှာ အသက်ပေးလှူသွားတဲ့ Idiots အဖွဲ့ဝင် ရေမွန်အတွက် အမှတ်တရပွဲမှာ ပါဝင်သီဆိုခဲ့တဲ့ အဆိုတော်အဒီနိုဟာ စင်ပေါ်မှာ သီချင်းသီဆိုနေရင်းမှာပဲ နှလုံးဖောက်ပြီး ရုတ်တရက် သေဆုံးသွားတယ်လို့ သိရပါတယ်။ Idiots Farewell Tour - IDF ကို ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်နေ့၊ ညနေ ၅ နာရီ၊ Eastern Yangon Event Park မှာ ကျင်းပခဲ့တာဖြစ်ပြီး ပါဝင်သီဆိုနေတဲ့ Fever 109 ရဲ့ အဆိုရှင်ဖြစ်သူ အဒီနိုဟာ ရေမွန်ရဲ့ “မငိုပါနဲ့တော့” ဆိုတဲ့ သီချင်းကို သီဆိုဖျော်ဖြေနေစဉ်မှာပဲ စင်ပေါ်မှာ လဲကျသေဆုံးခဲ့တာဖြစ်ပါတယ်။
Read More

ပုသိမ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲအချင်းချင်း ဓားနဲ့ထိုးလို့သေတဲ့ ဒုရဲမှူးကို ခိုးချောင်ခိုးဝှက် မီးသဂြိုလ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်က SB ရုံးမှာ စက်တင်ဘာလ ၁၈ ရက်နေ့က ဓားထိုးခံရလို့သေဆုံးခဲ့တဲ့ အထူးစစ်ဆေးရေးအဖွဲ့ ဒုရဲမှူး အောင်ကိုမင်း ကို စက်တင်ဘာလ ၂၀ရက် ဒီနေ့မနက်ပိုင်းမှာ လူအသိမခံဘဲ ခိုးချောင်ခိုးဝှက် သဂြိုလ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ရှေ့တန်းတွင် ကျဆုံး

မကွေးတိုင်းအနောက်ခြမ်းရှိ အရှိုချင်းဒေသက အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တပ်ဖွဲ့ဝင် ရဲဘော် ၂ ယောက် ရှေ့တန်းတစ်နေရာမှာ ကျဆုံးသွားတယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရသူများကို MNDAA သူရဲကောင်းဘွဲ့ချီးမြှင့်… (ဓာတ်ပုံသတင်း)

ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ တော်လှန်ရေးတပ်တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ ၁ဝ၂၇ စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေအတွက် အောက်မေ့ဂုဏ်ပြုတဲ့ အခမ်းအနားကို ကိုးကန့်တပ်မတော် (MNDAA) ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ငါန်းဇွန်တွင် မိုင်းကွင်းထဲရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၁၅ယောက်သေဆုံး၊ အများအပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ အင်အား ၅၀ နီးပါးနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၅ယောက် သေဆုံးကာ အများအပြား ထိခိုက်သွားကြောင်းသိရပါတယ်။
Read More

စစ်တပ်နဲ့ PNO ပြည်သူ့စစ်က ဒရုန်းနဲ့ ဗုံးကြဲလို့ ပြောင်းဖူးချိုးနေတဲ့ မိခင်နဲ့ ၂နှစ်အရွယ် ကလေးငယ် သေဆုံး၊ ဖခင်ဖြစ်သူ ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် တောင်ယာခြံထဲ ပြောင်းဖူးချိုးနေတဲ့ သားအမိ ၂ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။