လန်ဒန်မြို့ တရုတ်သံရုံးရှေ့မှာ စစ်ကော်မရှင်က ပြုလုပ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို တရုတ်အစိုးရအနေနဲ့ အသိအမှတ်မပြုဖို့ လန်ဒန်ရောက် မြန်မာနိုင်ငံသားတွေကဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။ 

ဆန္ဒထုတ်ဖော်ပွဲမှာ တရုတ်အစိုးရနားလည်မယ့်တရုတ် ဘာသာစကားနဲ့ ပြောဆိုခဲ့ပြီး စစ်အုပ်စုဟာ တိုင်း ပြည်ကို အုပ်ချုပ်နိုင်စွမ်းမရှိတော့တဲ့အတွက် ဆက်လက်ထောက်ခံနေတာဟာ မြန်မာပြည်တည်ငြိမ်ရေးအတွက် မကူညီနိုင်တဲ့အပြင် နယ်စပ် မငြိမ်သက်မှုနဲ့ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ ကျားဖြန်လုပ်ငန်းကို ပိုမိုဆိုးရွားစေကြောင်း ထောက်ပြခဲ့တယ်လို့ သိရပါတယ်။ 

”တရုတ်အစိုးရကို ကျွန်တော်တို့ တောင်းဆိုပါတယ်။ ၂၀၂၅ အတုယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုပါနဲ့။ စစ်အုပ်စုထံ လေယာဉ်ဆီနဲ့ လက်နက်ထောက်ပံ့မှု ရပ်တန့်ပါ။ အနာဂတ် မြန်မာပြည်ပိုင်ရှင် ပြည်သူတွေဘက်က ရပ်တည်ပါ ” လို့ တရုတ်အစိုးရကို တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။

တရုတ်အစိုးရအနေနဲ့ “ရှုံးမယ့်မြင်းကို ဆက်လောင်းမနေပါနဲ့” လို့ လန်ဒန်ရောက် မြန်မာနိုင်ငံသားတွေက တောင်းဆိုခဲ့ကြပါတယ်။

Video – Myanmar Unity Movement

0 Shares:
You May Also Like
Read More

COBRA ONE တပ်ဖွဲ့က ထုတ်လုပ်ထားတဲ့ တော်လှန်ရေးအစပိုင်း လက်လုပ်သေနတ်ကို စမ်းသပ်ပြသ (ရုပ်/သံ)

တော်လှန်ရေးအစပိုင်းမှာ ထုတ်လုပ်အသုံးပြုခဲ့တဲ့ လက်လုပ်သေနတ်ကို COBRA ONE တပ်ဖွဲ့က စမ်းသပ်ပြသလိုက်ပါတယ်။
Read More

ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ၏ မောရအောင်သံ တော်လှန်သံချပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျောင်းသားများသမဂ္ဂက မောရအောင်သံအမည်နဲ့ တော်လှန်သံချပ်ထိုးခဲ့ပါတယ်။
Read More

ကနီမြို့အနီး တိုက်ပွဲတွင် အထိနာနေသည့် စစ်ကော်မရှင်တပ်သားများကို လက်နက်ချရန် ဖိတ်ခေါ်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့အနီး အင်အား ၁၀၀ ခန့်ရှိ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးပြီး အထိနာနေစဉ် လက်နက်ချဖို့ ဖိတ် ခေါ်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပကဖ အသံက ထုတ်ပြန်ထားပါတယ်။
Read More

KNDF တပ်ရင်း (၂) အရာရှိများက တပ်ခွဲမှူး၊ ရဲဘော်​များနှင့် တွေ့ဆုံဆွေးနွေးကာ လက်နက်၊ ဝတ်စုံများ ထောက်ပံ့ (ရုပ်/သံ)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၂) အရာရှိတွေဟာ တပ်ရင်းရှိ တပ်ခွဲတွေက တပ်ခွဲမှူးတွေ၊ ရဲဘော်တွေနဲ့အတူ ဖေဖော်ဝါရီလ ၁၅ ရက်မှာ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး လက် နက်၊ ဝတ်စုံ ထောက်ပံ့ခြင်းအခမ်းအနားလည်း ပါဝင်ခဲ့တယ်လို့ KNDF တပ်ရင်း (၂) က မတ်လ ၁၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကမ္မမြို့ပေါ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်ရှိ ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ RED GIANT တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့ အရပ်သားနေအိမ်တွေကို စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထား လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူ ၃ ယောက်သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို နိုဝင်ဘာ ၁၁ ရက် မနေ့က ညနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားနေအိမ်တွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးအများအပြားကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။