ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲအား လုံခြုံရေးပေးထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေတာရှည်မြို့နယ် အခြေစိုက် – တပ်ရင်း ၃၅၀၄၊ တပ်ခွဲ ၂ က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းက ရေတာရှည်မြို့ အောင်ချမ်းသာကျေးရွာအတွင်း ပြုလုပ် မယ့် အတုအယောင်ရွေးကောက်ပွဲအား လုံခြုံရေးပေးထားတဲ့ အကြမ်းဖက်စစ်သားတွေကို တပ်ရင်း (၃၅၀၄)၊ ရေတာရှည်မြို့နယ်ပကဖနှင့် နေပြည်တော်တပ်ရင်း (၈၀၈) ရဲဘော်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ မိနစ် ၂၀ ကြာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အကြမ်းဖက်စစ်တပ်ရဲ့ တပ်ကူရောက်ရှိလာတဲ့ စစ်သားတွေကို တခွဲကြဲကျေးရွာအနီး စောင့်ကြိုပြီး ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဘက်မှ စက်လက်၊ လက်နက်ကြီးတွေနဲ့ မနားတမ်းပစ်ခတ်တိုက်ခိုက်ခဲ့သော် လည်း တော်လှန်ရေးရဲဘော်တွေရဲ့ ကြိုတင်ပြင်ဆင်တိုက်ခိုက်မှုကြောင့် စစ်သား ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသွားကာ အထိနာပြီး ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း RPG ပို့ယမ်း ၂ တောင့်၊ အမ်အေကျည်ဘောက် ၂ ဘောက်၊ 5.56 ကျည် ၄၂ နှင့် အီကွေ့မန့် ၁ စုံ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ၁၂၀ မမ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ အမျိုးသမီး ၂ ဦး သေဆုံးပြီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။   

အဲဒီတိုက်ခိုက်မှုကို တပ်ရင်း (၃၅၀၄)၊ ရေတာရှည်မြို့နယ်ပကဖ၊ နေပြည်တော်တပ်ရင်း (၈၀၈)၊(၈၀၆)၊ (၈၀၇) တို့ ပူးပေါင်းကူညီခဲ့ကြတယ်လို့ သိရပါတယ်။      

ရေတာရှည်မြို့နယ်အတွင်း စစ်ကော်မရှင်က ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲအား တားဆီးသွားမှာဖြစ်တဲ့အတွက် စစ်ဆင်ရေးနယ်မြေအတွင်းရှိ မဲရုံများနဲ့ စစ်ကော်မရှင်တပ်များရှိတဲ့ နေရာများတွင် ပြည်သူများ သွားလာခြင်းမပြုလုပ်ကြဖို့ ရေတာရှည်မြို့နယ် အခြေစိုက် – တပ်ရင်း ၃၅၀၄၊ တပ်ခွဲ ၂ က အသိပေးထားပါတယ်။

Video – ရေတာရှည်မြို့နယ် အခြေစိုက် – တပ်ရင်း ၃၅၀၄၊ တပ်ခွဲ ၂

0 Shares:
You May Also Like
Read More

မလှိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းကို ‌တော်လှန်ရေးတပ်များ ခုခံတိုက်ခိုက်၊ စစ်သား ၄ ဦး သေပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော် လှန်ရေးတပ်တွေ ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်-၈ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

လားရှိုးမြို့အဝင် အနီးနားက ရိုးရာဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အဝင် အနီးနားမှာရှိတဲ့ ရိုးရာဆန်အရက်ချက်စက်ရုံကို ဒီနေ့ အောက်တိုဘာ ၂၃ ရက် မနက် ၈ နာရီခွဲဝန်းကျင်ခန့်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံမြို့ပေါ်က ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကျော် ကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးအလုံး ၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၅ ရက်ကနေ အောက်တိုဘာ ၂၁ ရက်အထိ မြင်းခြံမြို့ပေါ်က ထွက်လာတဲ့ စစ်ကော် မရှင်စစ်ကြောင်းကို ကားလမ်းတစ်လျှောက် ဒရုန်းနဲ့ ဗုံးသီး ၅၇ လုံး ကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

သာစည်ရွာ ရဲစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်မှုကြောင့် ရဲနဲ့ စစ်သားများ ထိခိုက် သေဆုံးနိုင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သာစည်ရွာ ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ အညာစစ်ဒေသအတွက် တပ်သားများ ခေါ်ယူ (ရုပ်/သံ)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) က အမှတ် (၃၀၈) အညာစစ်ဒေသအတွက် တပ်သားသစ်များ စိစစ်ရွေးချယ်ခေါ်ယူသွားမယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတစ်ဆင့် ပြည်သူများထံ အသိပေးထားပါတယ်။
Read More

ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မှတ်တမ်းရုပ်သံ  

ကရင်နီပြည်နယ် ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။