ကရင်ပြည်နယ် ၊ မြဝတီမြို့ အမှတ် (၃)ရပ်ကွက်မှာ အမျိုးသမီးတစ်ဦး ကြိုးတုတ်ခံထားရပြီး ဒဏ်ရာတွေနဲ့သေဆုံးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၅ ရက် နေ့လည် ၃ နာရီလောက်မှာ မိချောင်းကုန်း ဘုန်းကြီးကျောင်းအနောက်ဘက် ဝေဘာဂီလမ်းမှာတစ်ယောက် တည်းနေထိုင်တဲ့ ဒေါ်မေဆန်းရဲ့ရုပ်အလောင်းကို သူနေထိုင်တဲ့နေအိမ်မှာတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

သူမကို လက်နောက်ပြန်ကြိုးတုတ်ပြီး ခြေ‌ ထောက်နဲ့ တွဲချည်ထားကာ ဦးခေါင်းမှာလည်း ဒဏ်ရာတွေနဲ့သေဆုံးနေတယ်လို့ သိရပါတယ်။

သေဆုံးသူ ဒါ်မေဆန်းဟာ ငွေလွဲလုပ်ငန်းနဲ့ အထည်ဆိုင် လုပ်ငန်းပိုင်ရှင် ရတနာပြည့်ဖြိုးထွန်းရွှေဆိုင် နဲ့ အမျိုးတော်စပ်သူဖြစ်တယ်လို့ သိရပါတယ်။

” သူကဈေးထဲမှာ ကုန်စုံဆိုင်ဖွင့်ထားတာ၊ မနက်သွားညနေပြန်လာ တစ်ယောက်တည်းနေတာကိုသိတဲ့လူကလာလုပ်သွားတာ။ သူ့သမီးက မော်လမြိုင်မှာကျောင်းတက်နေတာ။ ” လို့ မြဝတီမြို့ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

ဒေါ်မေဆန်းဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက အသတ်ခံထားရတာဖြစ်ပြီး အိမ်နီးနားချင်းတွေက အပုတ်နံ့မခံနိုင်လို့ စ်ကောင်စီလက်အောက်ခံ တပ်သားတွေကို အကြောင်းကြားခဲ့တဲ့ အတွက် လာရောက်ကြည့်ရှူချိန်မှာ သူမရဲ့ ရုပ်အလောင်းကို အခုလိုတွေ့ရှိခဲ့ကြတာပဲဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စဥ့်ကူးတွင် စစ်ဘေးရှောင်များနေထိုင်သည့် စာသင်ကျောင်းကို စစ်တပ်လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၅ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကောလင်းခရိုင်တပ်ရင်း ၂ ဆီ လက်နက်နဲ့ အလင်းဝင်လာသူတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့တွင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၂ ထံ လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကသာမြို့နယ် ညောင်ခြေထောက်ရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ၁၀ နှစ် ကလေးငယ်အပါ ၅ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်အပါအဝင် ၅ ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ခလရ (၂၅၂) တပ်ရင်းနှင့် ထောက်ပို့တပ်ဝန်းအတွင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲက တပ်မ (၁၀၁)လက်အောက်ခံ၊ ခလရ (၂၅၂)တပ်ရင်းနဲ့ ထောက်ပို့တပ်ရှိရာနေရာတွေကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ တပ်တွင်းထိခိုက်ပေါက်ကွဲမှုတွေ ရှိခဲ့ကြောင်း ပခုက္ကူမြို့နယ်ပကဖ၊ လက်နက်ကြီးတပ်ဖွဲ့-COBRA ONE တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒီဇင်ဘာလ ၂၆ ရက်၊ မနေ့မနက်ပိုင်းက ခလရ (၂၅၂)တပ်ရင်းနဲ့ ထောက်ပို့တပ်ဝန်းအတွင်းကို စက်တပ်လေထီးတွေ ပြန်လည်ဆင်းသက်ဖို့လုပ်ဆောင်နေချိန်မှာ COBRA ONE တပဖွဲ့ဝင်တွေက အဝေးပစ် ရှော့တိုက်ဒုံး၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရတာပါ။
Read More

စေတုတ္တရာတွင် စစ်အုပ်စုကို ၂ ရက်တာ ဒရုန်းဗုံးကြဲ၊ မိုင်းဆွဲတိုက်ခိုက်၊ စစ်အုပ်စုအဖွဲ့ဝင် ၂၀ ခန့် သေဆုံးကာ ဗိုလ်ကြီးအပါ အများအပြား ဒဏ်ရာရ

ကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ၂ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စေတုတ္တရာမြို့နယ် NUG ထံက သိရပါတယ်။
Read More

ဘူးသီးတောင်မြို့နယ်မှာ ဝါးခုတ်သွားရင်းပျောက်ဆုံးနေတဲ့ ဒေသခံ၂ ဦးကို ၄ရက်အကြာမှာပဲ အလောင်း ပြန်လည်တွေ့ရှိခဲ့…

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ရွာသစ်ကနေ ပျောက်ဆုံးနေတဲ့ ဒေသခံ ၂ ယောက်ကို ၄ ရက်အကြာမှာ ပြန်တွေရှိခဲ့ပြီး ၂ ယောက်စလုံးမှာ ဦးခေါင်းဖြတ်ပြီး အသတ်ခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။