အကြမ်းဖက်စစ်တပ်က ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ပြန်လည်စတင်ဖို့ ကြိုးစားတာဟာ အာဏာတည် မြဲရေး အတွက် နိုင်ငံရဲ့နှလုံးသားကို ထိုးကျွေးတာပဲဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဧရာဝတီမြစ်ကြီး ထာဝရ စီးဆင်းနိုင်ဖို့ တော်လှန်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ 

ဇန်နဝါရီလ ၆ ရက် ဒီကနေ့ပြုလုပ်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားတဲ့ အစီအစဉ်မှာ ဦး နေဘုန်းလတ်က အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ 

“ အခုလို အချိန်မှာ စစ်အုပ်စုက မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ ကြိုးစားတာဟာ ၎င်းတို့ရဲ့ အာဏာတည်မြဲရေးအတွက် နိုင်ငံရဲ့ နှလုံးသားကို ထိုးကျွေးလိုက်တာပဲ ဖြစ်ပါတယ်။ နုဂျီအနေနဲ့ ပြည်သူ့အသံကို နာခံပြီး ဧရာဝတီမြစ်ကြီး ထာ ဝရစီးဆင်းနိုင်ရေး တော်လှန်ရေးမဟာမိတ်များနဲ့ပူးပေါင်းပြီး အစွမ်းကုန်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ် ” လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။ 

ပြည်သူတွေကန့်ကွက်လို့ ဆယ်စုနှစ်တစ်ခုနီးပါး ရပ်နားထားတဲ့ မြစ်ဆုံစီမံကိန်းကို တမံဒီဇိုင်းနဲ့အမျိုးအစား ပြောင်းလဲပြီး မဂ္ဂါဝပ်လျှော့ချကာ ပြန်လည်စတင်ဖို့ တရုတ်အစိုးရနဲ့ ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ အကြမ်းဖက် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၆ ရက်က ထုတ်ဖော်ပြောဆိုထားခဲ့တာဖြစ်ပါတယ်။ 

အလားတူ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်း ဦးဆောင်အဖွဲ့ကို လူပုဂ္ဂိုလ် ၁၃ ယောက်နဲ့ ဖွဲ့စည်းထားပြီး အဲဒီထဲမှာ စစ်တပ်ရဲ့ လျှပ်စစ်စွမ်းအား ဒုဝန်ကြီးက အဖွဲ့ခေါင်းဆောင်၊ ကချင်ပြည်နယ် သယံဇာ တရေး ရာဝန်ကြီးက ဒုအဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ထားခဲ့တာဖြစ်ပါတယ်။ 

အဲဒီ ဦးဆောင်အဖွဲ့ဟာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ အစိုးရနှစ်ရပ်ကြား စီမံကိန်းကိစ္စတွေ ညှိနှိုင်းဖို့ အထောက် အကူ ပြုနိုင်ရေး ဆောင်ရွက်နေတာဖြစ်ပြီး မြစ်ဆုံတမံတည်ဆောက်မှု ဒီဇိုင်းကို မူလက ငလျင်ဒဏ် ၇.၁ မဂ္ဂနီကျုနဲ့ တွက်ချက် ထားပေမယ့် စစ်ကိုင်းငလျင်ပေါ် အခြေခံပြီး ငလျင်ဒဏ်ပိုခံနိုင်တဲ့ ဒီဇိုင်းနဲ့ ပြောင်းလဲတည်ဆောက်ဖို့ စီစဉ်နေ တာပဲဖြစ်ပါတယ်။ 

“ အာဏသိမ်းစစ်တပ်ဟာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့အတွက် နိုင်ငံပိုင်သံယံဇာတတွေကို ရောင်းချပိုင်ခွင့် စာချုပ်ချုပ်ဆို ပိုင်ခွင့်မရှိပါဘူး။ အကြမ်းဖက်စစ်အုပ်စုနဲ့ ချုပ်ဆိုတဲ့ ဘယ်လိုစာချုပ်မျိုးမဆို အတည်ဖြစ်မှာ မဟုတ်သလို ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှု၊ နစ်နာမှု မှန်သမျှဟာလည်း စစ်အုပ်စုနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ တာဝန်သာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ တရားဝင်ထုတ်ပြန်ထားပြီးဖြစ်ပါတယ် ” လို့ ဦးနေဘုန်းလတ်က ပြောပါ တယ်။ 

မြစ်ဆုံစီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝပတ်ဝန်းကျင်ဆိုးကျိုးတွေဟာ အစားထိုးမရနိုင်အောင် ကြီးမားပြီး  ဆည်ကြောင့် နှုန်းမြေစီးဆင်းမှုရပ်တန့်သွားရင် ဧရာဝတီတိုင်းက လယ်မြေတွေရဲ့ မြေဆီလွှာ ပျက်စီးသွားမှာ ဖြစ်သလို မြစ်ရေစီးအား မမှန်ကန်တော့တဲ့အတွက် ပင်လယ်ဆားငန်ရေတွေ ကုန်းတွင်းပိုင်းကို ဆန်တက်လာပြီး မြစ်ဝကျွန်းပေါ် ဒေသတစ်ခုလုံး စိုက်ပျိုးလို့ မရနိုင်အောင် ပျက်စီးသွားနိုင်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် စစ်ကိုင်းငလျင် ပြတ်ရွေ့နဲ့ နီးကပ်လွန်းတာကြောင့် ဆည်ကျိုးပေါက်ခဲ့ရင်လည်း ကချင်ပြည်နယ်က မြို့ ကြီးတွေဟာ မိနစ်ပိုင်းအတွင်း ရေအောက်ရောက်သွားနိုင်တဲ့ အန္တရာယ်ရှိနေတာဖြစ်ပါတယ်။ 

အလားတူ အကြမ်းဖက်စစ်တပ်ဟာ စီမံကိန်းကနေ ထွက်ရှိမယ့် လျှပ်စစ်ဓာတ်အားရဲ့ ၉၀ ရာခိုင်နှုန်းဟာ တရုတ် နိုင်ငံကို ရောင်းချ မှာဖြစ်တာကြောင့် မြန်မာပြည်သူတွေအတွက် လက်တွေ့ အကျိုးခံစားခွင့်မရှိလို့ ပညာရှင်တွေ အ ပါအဝင် အရပ်ဘက်အဖွဲ့တွေက စီမံကိန်းကို ကန့်ကွက်ထားကြတာ ဖြစ်ပါတယ်။

ဒီလို ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် အရပ်သားတစ်ပိုင်းအစိုးရဖြစ်တဲ့ ဦးသိန်းစိန် လက်ထက် ၂၀၁၂ ခုနှစ်မှာ မြစ်ဆုံစီမံကိန်းကို ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ မကွေးမြို့နယ်မှာ ပြည်သူတွေဆီက စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) ဆီက သိရပါတယ်။
Read More

မင်းလှမြို့မရဲစခန်းမှ ကင်းလှည့်ထွက်လာသည့် ရဲဆိုင်ကယ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ မင်းလှမြို့မရဲစခန်းကနေ ကင်းလှည့်ထွက်လာတဲ့ စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်သားတွေကို တော်လှန်ရေးတပ်တွေက စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မြေအောက်ပျောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ထံက သိရပါတယ်။
Read More

စလင်းမြို့နယ် တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း ပြည်သူတွေရှိရာ ကျေးရွာများတွင် စလင်း ပကဖ လှည့်လည်ဖျော်ဖြေခဲ့ (ဓာတ်ပုံသတင်း)

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

သဲကုန်းမှာ ပျူစောထီးအဖွဲ့ဝင် ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ နွယ်ကောက်ရွာမှာ နေထိုင်တဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းမြို့နယ်ပကဖထံက သိရပါတယ်။
Read More

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သား ၁ ဦး အလင်းဝင်၊ ပြည်သူ့စစ် ၁ ဦး အရှင်ဖမ်းမိ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာပြီး ပြည်သူ့စစ် ၁ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးပေါ် လမ်းပိုင်းလုံခြုံရေးကင်းလှည့်နေသာ့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်

မွန်ပြည်နယ်၊ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးပေါ်မှာ လမ်းပိုင်းလုံခြုံရေးကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရာမညမွန်တပ်တော် (NMSP-AD/RMA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။