‎ပြီးခဲ့တဲ့ ၂၀၂၅၊ အောက်တိုဘာလ ၆ ရက်သီတင်းကျွတ် လပြည့်ည၊ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ကျေးရွာတရွာမှာ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ရိုးရာမပျက် ဆင်နွှဲရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက် လှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ပါတယ်။

ဒီလိုမွန်မြတ်တဲ့ အခါကြီးရက်ကြီးကိုတောင်မရှောင်ဘဲ ‎အကြမ်းဖက်စစ်ကောင်စီတပ်က ဘုံတိုရွာက လက်နက်မဲ့ပြည်သူလူထုရဲ့ ဆီမီးထွန်းလှုပ်ရှားမှုကို လေကြောင်းကနေ အကြမ်းဖက်ဗုံးကြဲ သတ်ဖြတ်ခဲ့ပါတယ်။

စစ်တပ်ရဲ့ လေကြောင်းအကြမ်းဖက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂၄ ယောက် သေဆုံးခဲ့ပြီး အဲဒီထဲက ၉ ယောက်ကတော့ ကလေးသူငယ်တွေပါ။ 

ဒဏ်ရာရသူအရေအတွက်ကလည်း ၆၁ ယောက်ထိရှိခဲ့ပြီး အဲဒီထဲက ထက်ဝက်နီးပါးကတော့ ကလေးသူငယ်တွေပဲဖြစ်ပါတယ်။

‎ဆီမီးထွန်းရင်း အမှောင်တိကျခဲ့ရတဲ့ ချောင်းဦးဖြစ်စဉ်ရဲ့ လပြည့်ညကတော့ ဗုံးသံ၊ အော်သံ၊ ငိုသံ၊ ဆူသံတွေနဲ့ ငရဲပျက်မတတ်ပါပဲ။ ကြေကွဲဖွယ်ရာတွေနဲ့။

မြန်မာတွေအထွတ်အမြတ်ထားတဲ့ သီတင်းကျွတ်ညဟာ မိစ္ဆာစစ်တပ်ကြောင့် သွေးစွန်းအကျည်းတန်ခဲ့ပါတယ်။

‎ဒီအဖြစ်အပျက်ဟာ အခုဆိုရင် သုံးလတင်းတင်းပြည့်ပါပြီ။ အဖြစ်အပျက်ကြီးကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သူတွေ၊ သေကွဲကွဲခဲ့ရတဲ့ မိသားစုဝင်တွေရဲ့ ခံစားချက်စကားသံတွေကို ဒီရုပ်သံမှာကြည့်ရှုနိုင်ပါတယ်။

Video – GSCB 

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်ကောင်စီတပ်သားနဲ့ ပျူခေါင်းဆောင်ရဲ့ တူမ မင်္ဂလာဆောင်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်မှာ အောက်တိုဘာ ၂၂ ရက်က ဆား‌တောင်မြို့ရဲစခန်းက ရဲတပ်သားနဲ့ ညောင်ငုတ်တိုပျူစခန်းက ပျူခေါင်းဆောင်ရဲ့ တူမ  မင်္ဂလာပွဲကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Royal Falcon Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ လိုင်ဇာမြိုထဲ ဝင်ရောက် (ရုပ်/သံ)

ကချင်ပြည်နယ် လိုင်ဇာမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ လိုင်ဇာမြို့ထဲ ဝင်ရောက်ပြီး ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။
Read More

အညာမြေတပ်ပေါင်းစု၏ စခန်းခွဲတစ်ခု လေကြောင်းတိုက်ခိုက်ခံရပြီး ရဲဘော် ၃ ဦး ကျဆုံး (ရုပ်/သံ)

အညာမြေတပ်ပေါင်းစုရဲ့ စခန်းခွဲတစ်ခုကို စစ်ကော်မရှင်က စက်တင်ဘာ ၂၈ရက် မနေ့က ညနေပိုင်းမှာ လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့အတွက် ရဲဘော် ၃ ယောက်ကျဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ်က လေကြောင်းကနေ ကျောက်မဲဆေးရုံကို ၂ ကြိမ်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ၂ ယောက်သေပြီး ၂၀ ကျော် ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း တအောင်းတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ယနေ့ ဇန်နဝါရီ ၂၅ ရက် နေ့လယ် ၁ နာရီ ၂၅ မိနစ်နဲ့ ၁ နာရီ ၂၉ မိနစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLAရဲ့ သတင်းရဲ့ ပြန်ကြားရေးထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူများ စိတ်ဓာတ်မကျဖို့ အားပေးစကား စာစောင်နှင့် ကဗျာတစ်ပုဒ် ဒရုန်းဖြင့် ကြဲချ ဝေငှ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်မှာ တော်လှန်ရေး ၄ နှစ်အတွင်း ပင်ပန်းနွမ်းလျ စိတ်ဓာတ်ကျနေခဲ့ရတဲ့ ပြည်သူတွေကို အားပေးစကားစာစောင်နဲ့ ကဗျာ ၁ ပုဒ် လိုက်လံဝေငှခဲ့တယ်လို့ Fight For Freedom တပ်ဖွဲ့ထံက သိရပါတယ်။
Read More

သေ့ဘောဘိုးစခန်းဆီ စစ်ကူလာသော အကြမ်းဖက်စစ်ကြောင်းအား တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အများအပြား ဖမ်းဆီးရမိ (ရုပ်/သံ)

ဝေါ်လေဗျူဟာစခန်းကနေ သေ့ဘောဘိုးစခန်းဆီ စစ်ကူလာတဲ့ အင်အား (၇၀)ပါ စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အပါအဝင် PDF ဗျူဟာ ၃၂ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။