ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရဲစခန်းမှာတာဝန်ကျနေတဲ့ လုပ်သက် ၇နှစ်ရှိ ဒုရဲအုပ်နဲ့ ဇနီးဖြစ်သူ ဒုတပ်ကြပ်တို့ ဟာပြီးခဲ့တဲ့စက်တင်ဘာလအတွင်း တော်လှန်ရေးအင်အားစုတွေ ဆီဘက်ပြောင်းခိုလှုံလာတယ်လို့ ထောက်ပို့တာဝန်ခံ မရွှေဂျူးက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတော့တဲ့ အမှုစစ် ဒုရဲအုပ် ကိုအောင်ကိုလင်းဟန် နဲ့ ဇနီးဖြစ်သူ ဒုရဲတပ်ကြပ် မငြိမ်းငြိမ်းထွေးတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က ဘက်ပြောင်းခိုလှုံလာတာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ကူညီပေးခဲ့ရတယ်လို့ မရွှေဂျူးကပြောပါတယ်။

” ဟုတ်တယ်။ သတင်းကအခုမှထုတ်ဖြစ်တာပါ။ ပထမသူတို့က ပက်ရှောင်နေရတာ၊ စိတ်ချရတဲ့နေရာကနေမှ ကျွန်ကိုဆက်သွယ်တော့ လွတ်မြောက်နေရာကိုပို့ပေးထားတာပါ ” လို့ မရွှေဂျူးက မောင်းကိုပြောပါတယ်။

ဘက်ပြောင်းခိုလှုံလာသည့် ဒုရဲအုပ်ကိုအောင်ကိုလင်းဟန်

ဒုရဲအုပ် ကိုအောင်ကိုလင်းဟန်ဟာ ရဲတပ်ဖွဲ့ထံ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် သြဂုတ် ၂ ရက်နေ့က စတင်ဝင်ရောက်ခဲ့ပြီး၊ မြောက်ဥက္ကလာ ရဲစခန်းမှာ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့ကမှ စတင် တာဝန်ထမ်းဆောင်ခဲ့တာလို့သိရပါတယ်။

ဒါ့အပြင် ဇနီးသည်ဖြစ်သူ ဒုရဲတပ်ကြပ် မငြိမ်းငြိမ်းထွေးဟာလည်း ၂၀၁၉ ခုနှစ် သြဂုတ် ၂၀ ရက်မှာ ရဲတပ်ဖွဲ့ဝင်စဖြစ်ခဲ့ပြီး၊ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှာ စတင်တာဝန်ထမ်းဆောင်ခဲ့တာလို့ မရွှေဂျူးက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့လူထုအပေါ် ဖိနှိပ်မှုတွေကြောင့် ဘက်​​ပြောင်းခိုလှုံခဲ့တဲ့ ကိုအောင်ကိုလင်းဟန်နဲ့ မ​ငြိမ်း​ငြိမ်းထွေးတို့ဟာ လက်ရှိ လွတ်မြောက်နယ်​မြေတစ်နေရာမှာနေထိုင်နေတယ်လို့သိရပါတယ်။

ဒုရဲအုပ်ကိုအောင်ကိုလင်းဟန်၏ ဇနီးသည် ဒုတပ်ကြပ် မ​ငြိမ်း​ငြိမ်းထွေး
0 Shares:
You May Also Like
Read More

တောကျွဲအင်းမြို့  အကြမ်းဖက်စစ်တပ် စခန်းများအား PDF သိမ်းပိုက်ထား

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း ဘေးမှာရှိတဲ့ တောကျွဲအင်းမြို့က အကြမ်းဖက်စစ်တပ်စခန်း အားလုံးကို သိမ်းပိုက်ထားတယ်လို့  တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တပ်ရင်းတစ်ခုက မောင်းကို အတည်ပြု ပြောဆိုပါတယ်။
Read More

ရေဘေးသင့်ပြည်သူတွေကို ကူညီနိုင်ဖို့ ရေတာရှည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အလှူရှင်တွေ လှူဒါန်းနေ

အမျိုးသားညီညတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊တပ်ရင်း ၃၅၀၁ ၊တပ်ခွဲ (၃) ဆီ ရေဘေးသင့်ပြည်သူတွေနဲ့ စစ်ဘေးသင့် ပြည်သူတွေကို ကူညီနိုင်ဖို့အတွက် အလှူရှင်တွေ ပေးပို့တဲ့ ငွေကြေးကို လက်ခံရရှိခဲ့တယ်လို့ People Defence Force-Yedashe က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘားအံလာမည့်အတွက် လုံခြုံရေးတိုးမြင့်ပြီး အစစ်ဆေးတင်းကြပ်နေဟုဆို

ကရင်ပြည်နယ်၊ ဘားအံမြို့ကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာမည်ဆိုသည့်အတွက် လုံခြုံရေးတိုးမြင့်ထားပြီး၊ အစစ်ဆေးလည်းတင်းကြပ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ လက်ရှိမှာတော့ စစ်ကော်မရှင်တပ်သားတွေဟာ ဘားအံမြို့နေရာတော်တော်များများမှာ ကင်းချထားပြီး စစ်ဆေးမှုများ တင်းကြပ်ထားသလို မြို့ဝင်၊ မြို့ထွက်အားလုံးမှာလည်း စစ်ဆေးမှုတွေ တိုးမြင့်လုပ်ဆောင်နေတယ် ဆိုပါတယ်။
Read More

ခင်ဦးမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက်(၁)နှစ်အောက် ကလေးငယ်တွေကို ထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ကျေးရွာ (၁၀) ရွာက ကိုယ်ဝန်ဆောင် မိခင်နဲ့ အသက် (၁) နှစ်အောက် ကလေးသူငယ် စုစုပေါင်း (၈၅) ယောက်ကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က Jet Fighter နဲ့ ပေါင် (၅၀၀) ဗုံး ၄ လုံး ကြဲချလို့ အရပ်သား (၃) ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter နဲ့ ပေါင် (၅၀၀) ဗုံး ၄ လုံး လာရောက်ကြဲချတိုက်ခိုက်ရာ အရပ်သား (၃) ယောက် ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ဖလမ်းမြို့ကို ချင်းညီနောင်နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိဟု ဆို

ချင်းပြည်နယ် ဖလမ်းမြို့က စစ်ကောင်စီ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ခလရ ၂၆၈ ကို ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။